Updated 14th Feb 2019
Xyznews, Shweproperty
ကျွန်တော်တို့နှစ်သက်သော ကော်ဖီၤ၊ချောကလက်၊ဝိုင်စတာတွေ အဝတ်အထည်များပေါ် ဖိတ်စင်ပါက အရောင်များစွန်းထင်းစေတာမို့ စိတ်ပျက်စရာကောင်းလှပါတယ်။ချွေးထွက်များသောသူများအနေနဲ့လည်း ချိူင်းအောက်မှာ အဝါကွက်များစွန်းပေတတ်တာမို့ လူကြားထဲအရှက်ရစရာကောင်းပါတယ်။ဒါပေမယ့် ဒီပြသနာကို ဖြေရှင်းပေးမယ့်နည်းလမ်းကောင်းလေးတွေကို တွေ့ရှိထားတာမို့ စိတ်မပူနဲ့နော်
(၁)ချိူင်းအောက်ကအဝါကွက်များအတွက်
-မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်ခန့်
-ဆား ဇွန်းသေး၁ဇွန်း
-ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ဇွန်းသေး၁ဇွန်း
-ရှပ်အကျီကို ဇလုံတစ်ခုတွင်ထည့်ပါ။ထိုဇလုံထဲတွင် ရေနွေး၂ခွက်နဲ့ ဗီနီဂါတစ်ခွက်ကို ထည့်ပြီး စိမ်ထားပါ။ နောက်ထပ်ဇလုံတစ်ခုမှာတော့ ဆား၊မုန့်ဖုတ်ဆိုဒါ၊ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တို့ကို အနှစ်ရအောင်ဖျော်ထားပါ။ထို့နောက် ဗီနီဂါစိမ်ထားသော ရှပ်ကိုယူကာ အစွန်းပေနေသောနေရာပေါ်တွင် ခုနကဖျော်ထားသောအရောကိုသုတ်ပေးပါ။၂၅မိနစ်ထားပါ။ထို့နောက်ရေဖြင့် ပုံမှန်အတိုင်း လျှော်ဖွပ်ပေးလို့ရပါပြီ။
(၂)ခေါင်းအုံးပေါ်က အဝါကွက်များအတွက်
-အဝတ်လျှော်ဆပ်ပြာမှုန့်တစ်ထုပ်
-အစွန်းချွတ်ဆေးတစ်ထုပ်
-ဆိုဒီယမ်ဘိုရစ်အက်ဆစ် အနည်းငယ်
-သင့်ခေါင်းအုံးကို ထိုအရည်ဖြင့်စိမ်ပြီးလျှော်ဖွပ်ပေးပါ။ရေကြက်သီးနွေးဖြင့်လျှော်ပါက ပိုအကျိူးရှိစေမှာဖြစ်ပါတယ်။
(၃)ဆီကွက်များအတွက်
-စက္ကူလိပ်
-ဘေဘီပေါင်ဒါ
-ပန်းကန်ဆေးဆပ်ပြာ
-ရေ
ပထမဆုံး အဆီကွက်များကို စကူဖြင့်သုတ်ပါ။ ဘေဘီပေါင်ဒါကို အစွန်းကွက်ပေါ်တွင်ဖြူးပေးပါ။အဆီစုတ်ယူစေဖို့တစ်နာရီလောက်စောင့်ပါ။ထို့နောက် ပေါင်ဒါများကိုဖယ်ပြီး ရေနဲ့ ပန်းကန်ဆေးဆပ်ပြာဖြင့် ပွတ်လျှော်ပါ။
(၄)ဝိုင်စွန်းပေခြင်းအတွက်
-ရေနွေးပူပူ
-ဆားအနည်းငယ်
-မုန့်ဖုတ်ဆိုဒါ
-အဝတ်စတစ်စ
ဝိုင်အစွန်းက အလွန်ချွတ်ရခက်တာအမှန်ပါ။ ပထမဆုံး စွန်းနေတဲ့ဝိုင်ကွက်က လက်ကျန်ဝိုင်များကို ညှစ်ပစ်ပါ။ပွတ်တိုက်ခြင်းအားဖြင့် အကွက်ကိုပိုကြီးစေတာမို့ မပြုလုပ်သင့်ဘူးနော်။ထို့နောက် အစွန်းကွက်ပေါ်သို့ရေနွေးပူကိုလောင်းချပါ။ရေနွေးက ဝိုင်မော်လီကျူးများကို ပြိုကွဲစေပါလိမ့်မယ်။ထို့နောက် မုန်ဖုတ်ဆိုဒါနဲ့ဆားအရောအနှောကို အစွန်းကွက်ပေါ်တွင်သုတ်ပြီး တစ်ညထားပါ။နောက်တနေ့တွင် ပုံမှန်အတိုင်း လျှော်ဖွပ်နိုင်ပါပြီ။အစွန်းကျန်သေးပါက အထက်ပါအတိုင်းနောက်တကြိမ်ပြုလုပ်ပါ။
(၅)နှုတ်ခမ်းနီစွန်းပေခြင်းအတွက်
-ဆံပင်ဖျန်းသောစပရေး
-ရေစိုဝတ်တစ်စ
-အစွန်းကွက်ပေါ်သို့ hair စပရေးကို နိုင်နိုင်ဖျန်းပေးပါ။ထို့နောက် ၁၀မိနစ်ထားပြီး ရေစိုဝတ်ဖြင့် ဖိပွတ်ပေးပါ။ပြီးရင်တော့ ပုံမှန်အဝတ်လျှော်သလို လျှော်ပေးနိုင်ပါပြီ။
(၆)ကော်ဖီစွန်းပေခြင်းအတွက်
-ရေခဲရေ
-ပန်းကန်ဆေးဆပ်ပြာရည်
-ကော်ဖီအစွန်းကွက်ပေါ်သို့ရေခဲရည်ဖြင့်လောင်းချပေးပါ။ အစွန်းကျန်သေးပါက ပန်းကန်ဆေးဆပ်ပြာနဲ့ရေခဲရည်ကိုရောစပ်ကာ အစွန်းကွက်ပေါ်တွင် ဖိပွတ်ပေးပါ။တစ်နာရီလောက်နားပြီး အစွန်းကုန်သည်အထိ ထပ်ခါပွတ်လျော်နိုင်ပါတယ်။
(၇)မှင်စွန်းပေခြင်းအတွက်
-ဆံပင်စပရေး
-အဝတ်စတစ်ခု
အိမ်မှာ hair စပရေးမရှိရင်တော့ အမြန်ဝယ်ထားသင့်တယ်နော်။ မှင်ကွက်ပေါ်သို့ ဆံပင်စပရေးကို နိုင်နိုင်ဖျန်းပါ။၁၀မိနစ်ထားပြီးနောက် အဝတ်စဖြင့်ပြန်လည်သုတ်ပြိး ဆပ်ပြာဖြင့်လျှော်ဖွပ်ပါ.
(၈)ချောကလက်စွန်းပေခြင်းအတွက်
-ဓားတစ်ချောင်း
-နို့
-ရေခဲရေ
-ဆပ်ပြာရည်
-ချောကလက်အနှစ်များကို ဓားဖြင့်ခြစ်ထုတ်လိုက်ပါ။ထို့နောက် အစွန်းကွက်ပေါ်သို့ နို့ကိုလောင်းပြီး ၅မိနစ်ထားပါ။အစွန်းကွက်ကိုရေခဲရေဖြင့်လောင်းပြီး လက်သည်းဖြင့်ခြစ်ပေးပါ။နောက်ဆုံးမှာတော့ ဆပ်ပြာရည်ဖြင့်လျှော်ဖွပ်ပါ။
(၉)မိတ်ကပ်ဖောင်ဒေးရှင်းများစွန်းခြင်းအတွက်
-ဂွမ်းစအနည်းငယ်
-အရက်ပြန်
-ဂွမ်းစများကို အရက်ပြန်တွင်နှစ်ပါ။ထို့နောက် အစွန်းကွက်ပျောက်သည်အထိ ဖိပွတ်ပေးပါ။
(၁၀)သွေးကွက်များအတွက်
-ရေခဲရေ
-ဆားအနည်းငယ်
-ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
-ဆားနဲ့ရေကို ဇလုံတစ်ခုတွင်ရောပါ။ထိုဇလုံတွင် သွေးစွန်းသောအဝတ်ကို ၁၀မိနစ်စိမ်ပါ။ထို့နောက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို အစွန်းကွက်ပေါ်တွင် ဖိပွတ်ပါ။၅မိနစ်ကြာမှ ဆပ်ပြာဖြင့်လျှော်ပါ။
Ref & Photo Credit : Xyznews
Posted By : Sint Sint (ShweProperty.com)
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
For Sale
For Rent
New Homes
other properties
![]() |
Thank you for contacting ShweProperty.com,
Sorry, our office is unavailable at this time.
Please send us your contact details below, and our Sales team will contact you as soon as possible.