Property Titles
Search Filters
Property Titles
Bedroom

လျှာကိုသန့်စင်စေတဲ့ နည်းလမ်း

Updated 13th Jul 2016

Written by

7daydaily, Shweproperty

 

လျှာပဲသူဘာသာပါးစပ်ထဲနေတာ ဘာဖြစ်မှာလဲလို့ တွေးကောင်း တွေးမိကြပါလိမ့်မယ်။ လျှာအရောင်ဖြူဖြူကြီးဆိုရင် လျှာမှာမက္ခရု ဖြစ်နေတာလား၊ တခြားရောဂါတစ်ခုခုရဲ့ အကျိုးဆက်လားဆိုတာ သတိထားဖို့လိုသလို ရေဓာတ်ကုန်ခန်းတဲ့အခါ၊ ခံတွင်းခြောက်တဲ့အခါ၊ ဖျားနေတဲ့အခါ မျိုးတွေမှာလည်း ဖြစ်တတ်တာမို့ လျှာရဲ့ ပုံမှန်အရောင် ပန်း ရောင်လေးဖြစ်ပြီး ကျန်းမာသန့်ရှင်းနေစေဖို့ လုပ်နိုင်တာလေးတွေကို   ဖော်ပြပေးလိုက်ပါတယ်......



မုန့်ဖုတ်ဆော်ဒါ - အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းက တော့ မုန့်ဖုတ်ဆော်ဒါအနည်းငယ် ခပ်ပျစ်ပျစ်လေးလုပ်ထားတဲ့ အနှစ်ကို    သွားပွတ်တံမှာသုတ်ပြီး လျှာကို ပွတ်တိုက်ဆေးကြောပေး ရင် အဖြူအနှစ်ဖတ်တွေကို သန့် စင်ပြီးသား ဖြစ်စေပါတယ်။



ဟင်းသီးဟင်းရွက်အလှဆီ၊ အုန်း ဆီ - သွားပွတ်တံကို ဟင်းသီး ဟင်းရွက်အလှဆီ(ဒါမှမဟုတ်)အုန်းဆီထဲကို နှစ်ပြီး လျှာကိုဆေး ကြော၊ ပြီးရင် ရေခပ်နွေးနွေးလေး နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။



ပင်လယ်ဆား - သဘာဝပိုးသတ် ဆေးလို့ဆိုနိုင်တဲ့ ပင်လယ်ဆားကို သွားပွတ်တံလေးရေစွတ်ပြီး လျှာ ကို ပွတ်တိုက်ဆေးပေးမယ်ဆိုရင် လျှာသာမက ခံတွင်းတစ်ခုလုံးသန့် စင်စေကာ ခံတွင်းအနံ့ဆိုးတွေကို ပါ ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။နောက်ပြီး ရေခပ်နွေးနွေးလေးထဲ ကို ပင်လယ်ဆားခတ်ပြီးတော့ လည်း သဘာဝခံတွင်းသန့်ဆေး ရေဖန်တီးနိုင်ပါသေးတယ်။



ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် - ခံတွင်းအနံ့ဆိုးသန့်စင်ဖို့အတွက် နဲ့ လျှာကိုသန့်စင်ဖို့အတွက် ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်ကို သုံးနိုင်  ပါတယ်။



ရှားစောင်းလက်ပပ် - လျှာက ဆဲလ်သေတွေနဲ့ ဗက်တီးရီးယားတွေ ကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။



နနွင်း - နနွင်းမှုန့်အနည်းငယ်ထဲကို သံပရာရည်ညှစ်ထည့်ပြီး အနှစ် လုပ်ပြီးတဲ့အခါ သွားပွတ်တံနဲ့ ပွတ်တိုက်ပြီး ဆေးကြောပေးနိုင်ပါ တယ်။ ရေတစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းဝက်ထည့် ဖျော်ပြီး ခံတွင်းသန့်ဆေးအဖြစ် သုံးနိုင်ပါတယ်။

 

Posted By : Wai Phyoe

Ref : 7daydaily

Photo Credit : fotolia

Get daily fresh news delivered to your inbox

By subscibing you agree to our privacy policy