Updated 13th Jul 2016
7daydaily, Shweproperty
လျှာပဲသူဘာသာပါးစပ်ထဲနေတာ ဘာဖြစ်မှာလဲလို့ တွေးကောင်း တွေးမိကြပါလိမ့်မယ်။ လျှာအရောင်ဖြူဖြူကြီးဆိုရင် လျှာမှာမက္ခရု ဖြစ်နေတာလား၊ တခြားရောဂါတစ်ခုခုရဲ့ အကျိုးဆက်လားဆိုတာ သတိထားဖို့လိုသလို ရေဓာတ်ကုန်ခန်းတဲ့အခါ၊ ခံတွင်းခြောက်တဲ့အခါ၊ ဖျားနေတဲ့အခါ မျိုးတွေမှာလည်း ဖြစ်တတ်တာမို့ လျှာရဲ့ ပုံမှန်အရောင် ပန်း ရောင်လေးဖြစ်ပြီး ကျန်းမာသန့်ရှင်းနေစေဖို့ လုပ်နိုင်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်......
မုန့်ဖုတ်ဆော်ဒါ - အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းက တော့ မုန့်ဖုတ်ဆော်ဒါအနည်းငယ် ခပ်ပျစ်ပျစ်လေးလုပ်ထားတဲ့ အနှစ်ကို သွားပွတ်တံမှာသုတ်ပြီး လျှာကို ပွတ်တိုက်ဆေးကြောပေး ရင် အဖြူအနှစ်ဖတ်တွေကို သန့် စင်ပြီးသား ဖြစ်စေပါတယ်။
ဟင်းသီးဟင်းရွက်အလှဆီ၊ အုန်း ဆီ - သွားပွတ်တံကို ဟင်းသီး ဟင်းရွက်အလှဆီ(ဒါမှမဟုတ်)အုန်းဆီထဲကို နှစ်ပြီး လျှာကိုဆေး ကြော၊ ပြီးရင် ရေခပ်နွေးနွေးလေး နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။
ပင်လယ်ဆား - သဘာဝပိုးသတ် ဆေးလို့ဆိုနိုင်တဲ့ ပင်လယ်ဆားကို သွားပွတ်တံလေးရေစွတ်ပြီး လျှာ ကို ပွတ်တိုက်ဆေးပေးမယ်ဆိုရင် လျှာသာမက ခံတွင်းတစ်ခုလုံးသန့် စင်စေကာ ခံတွင်းအနံ့ဆိုးတွေကို ပါ ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။နောက်ပြီး ရေခပ်နွေးနွေးလေးထဲ ကို ပင်လယ်ဆားခတ်ပြီးတော့ လည်း သဘာဝခံတွင်းသန့်ဆေး ရေဖန်တီးနိုင်ပါသေးတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် - ခံတွင်းအနံ့ဆိုးသန့်စင်ဖို့အတွက် နဲ့ လျှာကိုသန့်စင်ဖို့အတွက် ဟိုက် ဒရိုဂျင်ပါအောက်ဆိုက်ကို သုံးနိုင် ပါတယ်။
ရှားစောင်းလက်ပပ် - လျှာက ဆဲလ်သေတွေနဲ့ ဗက်တီးရီးယားတွေ ကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
နနွင်း - နနွင်းမှုန့်အနည်းငယ်ထဲကို သံပရာရည်ညှစ်ထည့်ပြီး အနှစ် လုပ်ပြီးတဲ့အခါ သွားပွတ်တံနဲ့ ပွတ်တိုက်ပြီး ဆေးကြောပေးနိုင်ပါ တယ်။ ရေတစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းဝက်ထည့် ဖျော်ပြီး ခံတွင်းသန့်ဆေးအဖြစ် သုံးနိုင်ပါတယ်။
Posted By : Wai Phyoe
Ref : 7daydaily
Photo Credit : fotolia
Recommended
Get daily fresh news delivered to your inbox
By subscibing you agree to our privacy policy
Renovate & Furnish
Living Style and Home Services
Top Videos
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ
![]() |
ဖုန်းခေါ်ဆိုခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယခုရုံးချိန်ပြင်ပ/ ရုံးပိတ်ရက်များဖြစ်နေပါသဖြင့် လူကြီးမင်း၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံသို့
ပေးပို့ထားနိုင်ပါသည်။
သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များမှ လူကြီးမင်းတို့ထံ ပြန်လည်ဆက်သွယ်ပါမည်။