About Shwe Property.com

Shwe Property သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့်လူသိအများဆုံးနာမည်တစ်ခုဖြစ်သည်။ နိုင်ငံရဲ့အကြီးမားဆုံးအိမ်ခြံမြေစီမံကိန်းရောင်းချသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲများကိုလည်းလက်ခံကျင်းပပေးနေပြီး ပြပွဲများတွင် နိုင်ငံတစ်ဝှမ်းနှင့် အရှေ့တောင်အာရှဒေသတွင်း အအောင်မြင်ဆုံး ရောင်းချနိုင်မှုရလဒ်များဖြင့် ဦးဆောင်နိုင်နေတာလည်းဖြစ်သည်။

အရည်အသွေးမြင့် အရောင်းဝန်ထမ်းပေါင်း ၁၀၀ ကျော်က Shwe Property ၏ အရောင်းဌာနအသစ်အောက် တွင် တိုးတက်နေသောအိမ်ခြံမြေဈေးကွက်နှင့် ၅၀၀၀ကျော်ခန့်ရှိသော အိမ်ရာစီမံကိန်းများအတွက် တက်ကြွစွာတာဝန်ထမ်းဆောင်နေကြသည်။ ထို့အပြင် အိမ်ခြံမြေအကျိုးဆောင်များကလည်း Shwe Property ၏ Database အတွက် အချက်အလက်များကို အချိန်နှင့်တပြေးညီပံ့ပိုးပေးနေကြသည်။ Shwe Property ၏ တိုးတက်ဖြစ်ထွန်းမှုများသည် ပထမဆုံးအိမ်ဝယ်ယူသူများနှင့် ထွန်းသစ်စအလယ်အလတ် လူတမ်းစားများအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။

Shwe Property တွင် အိမ်ခြံမြေအချက်အလက်ပေါင်း ၂၀၀,၀၀၀ ကျော်ကိုစုဆောင်းထားရှိပြီး မြန်မာနိုင်ငံနှင့်ရန်ကုန်မြို့တစ်ဝှမ်း အသစ်လွင်ဆုံး အိမ်ခြံမြေ သတင်းများကိုတင်ဆက်ပေးနေသည်။

အိမ်ရာစီမံကိန်းအသစ်များအတွက် ရောင်းချမှုများကို ရန်ကုန်မြို့တော်တစ်ခွင်ရှိ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများမှ အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းများအထိ ဆောင်ရွက်ပေးနေသည်။

Shwe Property.com တွင် လစဉ်ဝင်ရောက်ဖတ်ရှုသူ ၆၀၀၀၀၀ ကျော်ရှိနေပြီး ကျွှန်တော်တို့ရဲ့ အကျိုးဆောင် Partners များအတွက်လစဉ် အိမ်ရာဝယ်ယူခြင်းအတွက် စုံစမ်းမှုပေါင်း ၄၅၀၀၀ ကျော်ရရှိနေတာလည်းဖြစ်သည်။

Shwe Property တွင် လက်ရှိအားဖြင့် အသစ်လွင်ဆုံး နှင့် အတိကျဆုံး အိမ်ခြံမြေသတင်းအချက်အလက်များစုဆောင်းထားရှိပြီး မြန်မာနိုင်ငံတစ်ဝှမ်း ယုံကြည်စိတ်အချရဆုံးသော အိမ်ခြံမြေအချက်အလက်များ၊ သတင်းများ၊ နှင့် အရည်အသွေးအပြည့်ဝဆုံးသော အိမ်ခြံမြေရောင်းချမှုအဖွဲအစည်းဖြစ်နေသည်။

Shwe Property သည် အတိုးတက်ဆုံးနှင့် အသိမှတ်ပြုအခံရဆုံးသော မြန်မာနိုင်ငံ၏အိမ်ခြံမြေကဏ္ဍဦးဆောင်သူတစ်ဦးဖြစ်နေပြီး အနာဂတ်ရဲ့ Download ပြုလုပ်မှုအများဆုံး အိမ်ခြံမြေ Application တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။ Shwe Property တွင် အနာဂတ် အိမ်ခြံမြေရောင်းချမှု၊ ငှားရမ်းမှု၊ ပြန်လည်ငှားရမ်းမှု နှင့် ရုံးခန်းများ စတဲ့ အချက်အလက်များဖြင့်ပြည့်စုံနေမည်ဖြစ်သည်။

Shwe Property သည် အိမ်ခြံမြေ၀ယ်ယူသူ ရှာဖွေနေသူများအတွက် အကောင်းဆုံး One Stop Service ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ သတင်းအချက်အလက်များပိုမို ရရှိစေဖို့ နဲ့ အိမ်ခြံမြေ၀ယ်ယူခြင်း ၊ အိမ်ရာချေးငွေလျောက်ထားခြင်းကဲ့သို့သောကိစ္စများအတွက်၊ အကြံညဏ်များတောင်းခံနိုင်ဖို့ အရည်အသွေးပြည့်ဝသော အရောင်းဝန်ထမ်းများကိုဆက်သွယ်နိုင်ပါသည်။

Shwe Property သည် မြန်မာနိုင်ငံအိမ်ခြံမြေကဏ္ဍ၏ အကောင်းဆုံး ယုံကြည်စိတ်ချရဆုံးနှင့် အရည်အသွေးအပြည့်ဝဆုံး Online အိမ်ခြံမြေအဖွဲအစည်းတစ်ခုဖြစ်သည်။

Read MoreHide