အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ခွင့် ရှိလား???


ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ထားပြီးသော လသာဆောင်၊စမုတ်ဆောင်၊ဆင်ဝင်၊နေကာ၊တံစက်မြိတ်၊လှေကားထစ်၊အုတ်ခုံ၊အုတ်မြစ်၊ဆင်ခြေလျှော၊မိလ္လာကန်၊ယာယီမဏ္ဍပ်များကို ကျူးကျော်ခွန်ကောက်ခံရယူပြီး ပါက စည်ပင်မှ ဆက်လက်တည်ရှိခွင့်၊တည်ဆောက်ခွင့်ပြုနိုင်ကြောင်းသိရသည်။


ကျူးကျော်အဆောက်အအုံတစ်ခုခုမှ ပြည်သူပိုင်လမ်းပေါ်သို့ကျော်လွန်ကာ တည်ဆောက်လိုသူသည် သတ်မှတ်ချက်များနှင့် အညီစည်ပင်သာယာရေးကော်မတီ သို့လျှောက်ထားရမည်။ကျူးကျော်ခွန်ကောက်ခံရာတွင် လမ်းပေါ်သို့ကျူးကျော် ဆောက်လုပ်ထားသည့်ထုထည်၊အတိုင်းအတာ၊ဧရိယာပေါ်မူတည်ကာ တွက်ချက်ကောက်ခံရကြောင်းသိရသည်။





အဆောက်အအုံဆောက်လုပ်ရာတွင်သုံးစွဲသည့် ပစ္စည်းများ လမ်းဘေးတွင်စုပုံထားသည်ကိုမူ ယာဉ်သွားယာဉ်လာ ထိခိုက်မှုရှိမရှိ၊လမ်းသွားလမ်းလာထိခိုက်မှုရှိမရှိ၊ပလက်ဖောင်း၊ရေမြောင်း၊လမ်းအကျယ်ကို တွက်ချက်ကာ သတ်မှတ်အတိုင်းအတာများအရ ခွင့်ပြုနိုင်သည်။


ခွင့်ပြုကာလကိုပါ သတ်မှတ်ပြီး အများပြည်သူမြင်နိုင်အောင်ချိတ်ဆွဲထားရသည်။ခွင့်ပြုကာလ အတွင်းမပြီးဆုံးသေးပါက စည်းကမ်းသတ်မှတ်ကာ ကာလ တိုးမြှင့်ပေးနိုင်သည်။အများပြည်သူပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံကျူးကျော်ခွင့်ကို ဧရိယာပေါ် အခြေခံကာ စည်းကြပ်ကောက်ခံနိုင်သည်။





စုပုံကျူးကျော်ထားသော အချိန်ကာလအပေါ်မူတည်ပြီးကျူးကျော်ခွန်ကို တိုးမြှင့်ကောက်ခံနိုင်ကြောင်းသိရသည်။လိုအပ်လျှင် ကျူးကျော်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြန်လည်ပယ်ဖျက်နိုင်ကြောင်းသိရသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်


အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ


တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ


အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ


Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)