မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ ၁ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေး အားနည်းတတ်သည်။မကြာခဏ ပြောင်းရွှေ့နေထိုင်ရသောသူများ ဖြစ်တတ်သည်။တစ်နေရာတည်း၌အခြေချရန်ခက်ခဲတတ်သည်။အိမ်၌စွဲမြဲစွာနေလျှင်လည်း ကျန်းမာရေးညံ့လာတတ်ပေသည်။


၂ ကြွင်းသော် တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင် မနေနိုင်သော အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။ခမ်းနားထည်ဝါသော အိမ်ကြီးများ၌ နေထိုင်ရတတ်သည်။ ယခု အခြေအနေ၌ ဆင်းရဲနေလျှင်ပင် အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်ချမ်းသာလာနိုင်ပေသည်။


၃ ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရတတ်ပေသည်။အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေ စီးပွားတက်လေလေ။အိမ်ကိုအကြောင်းပြု၍ စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည်။





၄ကြွင်းသော် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့် ကံပါသူဖြစ်သည်။ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့် စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း လက်ဆောင်ရခြင်းကြီးကဲသူတို့က ချီးမြှင့်ခြင်းကြောင့်လည်းကောင်း အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်။


၅ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံနည်းပါးသည်။ မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။အိမ်မှာနေလျှင် အလုပ်များ အဆင်မပြေခြင်း ပူပင်များရခြင်းများကြုံရတတ်ပေသည်။ အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည်။


၆ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံပါလာသူများဖြစ်သည်ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းရှိသည့်အိမ်များ၌နေထိုင်ရမည်။ အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီး စီးပွားတက်မည်။ ဤသူများနေထိုင်ရာအိမ်တွင် အများစိတ်ဝင်စားဖွယ်ရာ ထူးထူးခြားခြားရှိနေတတ်သည်။



 

ဝကြွင်းသော် အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်းပါးတတ်သည်။အိမ်ကြီးအိမ်ကောင်းကိုပိုင်ဆိုင်ထားပြီး အခြားတစ်ပါးတွင် နေထိုင်ရတတ်သည်။မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏ အိမ်တွင်နေရတတ်သည်။မကြာခဏ ပြောင်းရွှေ့နေထိုင်ရန် ဇာတာပါလာသူများဖြစ်သည်။ (ဆရာ ဇင်ယော်နီ၏ရွှေအိမ်တော် အဖွင့်ကျမ်းမှ မျှဝေပါသည်)


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


စီးပွားတက်မည့် အိမ်ဆောက်နည်း


ဗေဒင်ကျမ်းအရ အိမ်ဆောက်ရက် ၊အိမ်ဆောက်လ ရွေးနည်း


အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ


လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာနေရင် ဘာဖြစ်တက်လဲ


Credit : Mingalarbar
Posted By : Sint Sint (ShweProperty.com)