အလုပ်ရှုပ်လှသောခေတ်သစ်လူနေမှုဘဝမှာကျွန်တော်တို့ဟာအလုပ်ရဲ့စိတ်ဖိအားတွေကိုလျော့နည်းစေဖို့အချိန်နည်းနည်းပဲပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာထင်ထားတာထက်ကျန်းမာရေးကိုပိုမိုသက်ရောက်နေတဲ့အိမ်သန့်ရှင်းခြင်းကိုလစ်လျူရှုနေကြပါတယ်။ ကလေးတွေအိမ်မွေးတိရိစ္ဆာန်လေးတွေရှိတဲ့အိမ်တွေကအိမ်သန့်ရှင်းဖို့၊ရောဂါပိုးရှင်းနေဖို့ပိုတောင်လိုပါသေးတယ်။ အောက်ပါဆောင်းပါးကအိမ်ကိုမိနစ်၂၀အတွင်းသန့်ရှင်းသပ်ရပ်နေအာင်ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။

နေရာ(၁) ရေချိုးခန်း

ရေပန်း၊ဘေစင်၊မှန်တင်ခုံနဲ့ရေစည်တို့ကိုSprayဖျန်းသန့်စင်ကာနေရာတကျထားပါ။

တစ်ခါတစ်ရံကိုအိမ်သာကိုပြောင်အောင်ဆေးဖို့ဆိုတာခက်ပါတယ်။ မုန့်ဖုတ်ဆော်ဒါဖြင့်ကြွေခွက်ကိုဖြူးကာbrushဖြင့်တိုက်ပေးပါ။ ပြီးနောက်ရေဆွဲချပါ။ အိမ်သာကြွေခွက်လုံးဝသန့်ရှင်းသွားပါလိမ့်မယ်။ ထို့နောက်ကြွေခွက်အပြင်ကိုSpray ဖြန်းထားသောအဝတ်ဖြင့်တိုက်ပေးပါ။

မှန်တင်ခုံကိုမှန်သန့်ဆေးဖြင့်အပေါ်ထောင့်မှစကာဝိုက်ပြီးတိုက်ပေးပါ။

ရေစိုအစဝတ်ဖြင့်ကြမ်းတိုက်ပေးပါ။(အနံ့ပျောက်ဆေးထည့်တိုက်သင့်သည်)။ အခန်းထောင့်မှစပြီး တံခါးဝထိအမြန်တိုက်ပေးပါ။



နေရာ(၂) မီးဖိုချောင်

ပထမဆုံးပေနေတဲ့ပန်းကန်တွေကိုစဆေးပါ။ ဘေစင်ထဲမှာ တစ်ရက်ထက်ပိုပြီးမထားပါနဲ့။ အနံ့ဆိုးတွေထွက်ပြီး ယင်ကောင်၊ပိုးကောင်နဲ့ပိုးဟပ်တွေရောက်လာပါလိမ့်မယ်။
စားပွဲပေါ်က အရှုပ်ထုပ်တွေကိုရှင်းပါ။ ကြောင်အိမ်နဲ့ အံဆွဲထဲဟာတွေကိုလည်း စနစ်တကျပြန်စီပါ။ မီးဖိုချောင်က သေသပ်လေလေ သန့်ရှင်းလေလေဖြစ်သည်။
Sprayဖြန်းကာ ရေစွတ်ထားသော အဝတ်ဖြင့်စားပွဲကိုသန့်ရှင်းပေးပါ။

အဝတ်စိုဖြင့် ပန်ကန်ဆေးစက်၊မီးဖို၊microwaveနဲ့ရေခဲသေတ္တာတို့ကို အတွင်းအပြင်သန့်ရှင်းပေးပါ။ အခန်းထောင့်မှ တံခါးဝအထိ တံမြက်စည်းအမြန်လှဲပါ။ ပြီးနောက်ကြမ်းတိုက်ပါ။ အနံ့ကောင်းပြီးသန့်ရှင်းစေရန် အနံ့ပျောက်ဆေးထည့်သုံးပါ။



နေရာ(၃)ဧည့်ခန်း

အခန်းထဲရှိ နေရာမမှန်တဲ့အရာတွေကိုရှာပါ။ နေရာတကျပြန်ထားပါ။ ဒါမှ စနစ်တကျဖြင့် သပ်သပ်ရပ်ရပ်ဖြစ်နေလိမ့်မည်။ ပစ္စည်းတွေ မပြန့်ကျဲနေမှနောက်ထပ်အဆင့်တွေ ထပ်လုပ်ဖို့လွယ်ပါလိမ့်မယ်။
အခန်းနှင့်ပရိဘောဂတို့ကို ဖုန်ပြောင်အောင်သုပ်ပါ။ သုတ်ထားသောနေရာများကို ဖုန်များပြန်မပေအောင် အစွန်းထိရောက်အောင်သုတ်ပေးပါ။

မှန်သန့်ဆေးဖြင့် မှန်များကိုဝိုက်၍တိုက်ပေးပါ။

နောက်ဆုံးဖုန်စုတ်စက်ဖြင့် ပရိဘောဂနှင့်ကြမ်းပြင်တို့မှ ဖုန်စဖုန်နနှင့် အမှိုက်များမကျန်ရှိစေရန်ရှင်းလင်းပေးပါ။
သင့်ကလေးဒါမှမဟုတ် အိမ်မွေးတိရိစ္ဆာန်တို့ကဖျားနာလွယ်နေခြင်းကနေ အိမ်မသန့်ရှင်းခြင်းကြောင့်သူတို့ကစားတဲ့နေရာတွေအိပ်တဲ့နေရာတွေမှာဖုန်မှုန့်တွေပိုးမွှားတွေရှိလို့ပဲဖြစ်တယ်။ မိမိနေတဲ့ပတ်ဝန်းကျင်ဟာမိမိရဲ့ကိုယ်ရောစိတ်ပါကျန်းမာခြင်းကိုသက်ရောက်မှုရှိတယ်ဆိုတာသိထားရပါလိမ့်မယ်။ ဒါကြောင့်လူတိုင်းမိမိနေအိမ်သန့်ရှင်းရေးကိုလျစ်လျူမရှုသင့်ပါဘူး။
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
 
မီးဖိုချောင်အတွက် အသုံးတည့်သောနည်းလမ်းများ
 
အိမ်အတွင်း သန့်ရှင်းသောလေ ဖန်တီးခြင်း နည်းလမ်းများ

သင့်အိမ်ကမီးဖိုချောင်အနံ့အသက်တွေကြောင့် စိတ်ညစ်နေပြီလား
 
Credit By: hellosayarwon
Posted By : Ra Wai, ShweProperty.com