ဘက်တီးရီးယားပိုးတွေက မျက်စိနဲ့အလွယ်တကူမမြင်နိုင်တာကြောင့် ဘယ်နေရာတွေမှာ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်တယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုမဟုတ်ပေမယ့်လည်း ဒါတွေက ကျန်းမာရေး အန္တရာယ်ဖြစ်စေတဲ့ အလားအလာရှိနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်မှာ သန့်ရှင်းရေးလုပ်တဲ့အခါ ဘက်တီးရီးယားပိုးတွေ အမြဲတမ်းစုစည်းခိုအောင်းနိုင်တဲ့နေရာတွေကို စနစ်တကျသန့်ရှင်းရေးလုပ်ပေးဖို့ ဖြစ်ပါတယ်။
 
၁။ အိမ်သာ
 
အိမ်သာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားအများအပြားနှင့် အဆက်မပြတ် ထိတွေ့နေပါတယ်။ ဒါ့ကြောင့် အိမ်သာကို တစ်ပါတ်တစ်ကြိမ် သန့်ရှင်းဖို့ အကြံပြုပါတယ်။
 
၂။ ရေမြှုပ်
 
သတိပြုလေ့ မရှိပေမယ့် ရေမြှုပ်က ဘက်တီးရီးယားတွေ စုဆောင်းမှုအများဆုံးဖြစ်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရေမြှုပ်မှာ စိုထိုင်းဆနှင့်အတူ အစားအစာ အကြွင်းအကျန်တွေ ရောနေပါတယ်။ ဒါက အိမ်ထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဇီဝပိုးမွှားလေးတွေ ပြန့်ပွားဖို့အတွက် အကောင်းဆုံးပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။
 
ရေမြှုပ်ကို အပတ်တိုင်းပြောင်းလဲပစ်ဖို့ အကြံပြုထားပါတယ်။ နောက်ထပ်ရွေးချယ်စရာတစ်ခုက ရေ ၉၀%နှင့် bleach ၁၀% ရောပြီး သန့်ရှင်းဖို့ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ရေမြှုပ်ကို ပြန်သုံးမယ်ဆိုရင် ရေချိုးခန်း သို့မဟုတ် ဘေစင်တွေကို သန့်ရှင်းဖို့ သုံးတာကအကောင်းဆုံးဖြစ်ပါတယ်။
 


၃။ အိပ်ရာခင်းများ
 
အိပ်ရာခင်းမှာ ဘက်တီးရီးယားတွေ အမြဲတမ်းခိုအောင်းနေတာကြောင့် အိပ်ရာခင်းတွေကို အပတ်တိုင်း ပြောင်းလဲဖို့ အကြံပြုပါတယ်။အိပ်ရာခင်းတွေမှာ ကျွန်တော်တို့ ညတိုင်းအိပ်ရာကို ယူလာတဲ့ အမှိုက်တွေ၊ ဖုန်တွေ၊ လိမ်းထားတဲ့ လိုးရှင်းတွေ၊ အရေပြားဆဲလ်သေတွေ စုစည်းနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ရာမခင်းခင်မှာ ဖုန်ခါပြီးမှခင်းဖို့ အကြံပြုပါတယ်။ ဒါက ပိုးမွှားတွေ စုစည်းမနေဖို့ ကာကွယ်ပေးပါတယ်။
 
၄။ မီးဖိုချောင်နဲ ရေချိုးခန်း ဘေစင်များ
 
မီးဖိုချောင်ဘေစင်နဲ့ ရေချိုးခန်းဘေစင်များက ဘက်တီးရီးယားတွေ စုစည်းနေတတ်တဲ့ နေရာတွေဖြစ်ပါတယ်။ အစားအစာအကြွင်းအကျန်တွေ၊ စိုထိုင်းဆတွေကြောင့်မီးဖိုချောင်ဘေစင်က ဘက်တီးရီးယားတွေ စုဆောင်းဖို့ စုံလင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် တခါသုံးပြီးတိုင်း ဘေစင်တွေကို သန့်ရှင်းပေးဖို့ ဖြစ်ပါတယ်။
 
၅။ သွားတိုက်တံများ
 
သွားတိုက်တံဘရပ်တွေမှာ ဘက်တီးရီးယားတွေ စုဆောင်းလေ့ရှိပါတယ်။ Staphylococcal bacteria, E. coli form, Pseudomonas, နှင့် intestinal bacteria တွေ စုစည်းနေတတ်ပါတယ်။ ဒါက ထိန်းချုပ်မရလျှင် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်တဲ့ ပိုးမွှားတွေ ဖြစ်ပါတယ်။
 
တစ်ချိန်တည်းမှာပင် သွားတိုက်တံတွေ၊ သွားတိုက်ဆေးတွေ၊ ထည့်သိမ်းဆည်းတဲ့ ခွက်ကလည်း ဘက်တီးရီးယားသန်းပေါင်းများစွာ စုဆောင်းထားတဲ့ အရာဝတ္တုတစ်ခုစြဖစ်ပါတယ်။ ရေနှင့် စိုထိုင်းဆ စုစည်းမှုကို ရှောင်ကြဉ်ဖို့ နေ့စဉ်ခွက်ကို ဆေးကြောဖို့ အကြံပြုပါတယ်။
 
ဘက်တီးရီးယားသန်းပေါင်းများစွာ စုပြုံနေတတ်တဲ့ အိမ်ထဲက တခြားပစ္စည်းတွေလည်း ရှိပါသေးတယ်နော်။ ဥပမာ-
 


- ဆဲလ်ဖုန်း
- တီဗီနဲ့ အဝေးထိန်းရီမုဒ်
- တခါးပေါက်များ၊ ကားစတီယာရင်ဘီးနဲ့ တခြားကားအစိတ်အပိုင်းများ
- အိမ်ကြမ်းပြင်များ
- စားပွဲများ
- အိတ်နှင့် ကျောပိုးအိတ်များ
- လက်သုတ်ပုဝါ/လက်နှီးများ
- ကွန်ပြူတာမောက်စ်နဲ့ သော့များ
- တံခါးလက်ကိုင်များ
 
ကျွန်တော်တို့ဟာ ဘက်တီးရီးယား စုဆောင်းနေတတ်တဲ့ ပစ္စည်းများကို နေ့စဉ်ထိတွေ့နေရပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ဟာ ဒီရောဂါပိုးတွေကို ခုခံတွန်းလှန်ဖို့ခုခံကာကွယ်နိုင်စွမ်းရှိရပါမယ်။ ဒီလိုပါပဲ သင့်ရဲ့ပတ်ဝန်းကျင်ကို ကျန်းမာ သန့်ရှင်းနေစေဖို့ ကြိုတင်ကာကွယ်မှုများ ယူသင့်ပါတယ်။
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
 
မီးဖိုချောင်အတွက် အသုံးတည့်သောနည်းလမ်းများ
 
အိမ်အတွင်း သန့်ရှင်းသောလေ ဖန်တီးခြင်း နည်းလမ်းများ
 
သင့်အိမ်ကမီးဖိုချောင်အနံ့အသက်တွေကြောင့် စိတ်ညစ်နေပြီလား
 
Credit By: Lifestyle Myanmar
Posted By : Sint Sint (ShweProperty.com)