လူသားတွေရဲ့ မိတ်ဆွေစစ် ဖြစ်တဲ့ သစ်ပင်တွေက ကျန်းမာရေး အတွက် အထောက်အကူပြုတဲ့ အောက်စီဂျင်ကို ထုတ်လွှတ်ပေးပြီး၊ အန္တရာယ် ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပါတယ်။ သင့် ဝန်းကျင်နဲ့ သင့် နေအိမ် အတွင်းမှာ သစ်ပင်လေးတွေ စိုက်ပျိုးထားခြင်းဖြင့် အိမ်တွင်းလေထုကို သန့်ရှင်းစေနိုင်တာကြောင့် အိမ်တွင်းလေထုကို အကောင်းဆုံး သန့်ရှင်းစေတဲ့ စိုက်ပျိုးပင် ၉ မျိုးကို ဖော်ပြပေးပါ့မယ်။ ဒီ အပင်တွေရဲ့ အကျိုးသက်ရောက်မှုကို NASA က ၁၉၈၉ ခုနှစ်မှာ သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးပန်းလီလီ

ပထမဆုံး တင်ပြပေးချင်တာက ရုက္ခဗေဒ အမည် Spathiphyllum လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး လီလီပန်း (Peace Lily)ပါ။

အလင်းရောင်နည်းနည်း ရေနည်းနည်းပဲ ရရင်တောင် ရှင်သန်နိုင်တဲ့ ဒီအပင်လေးက အမြဲစိမ်းစိုနေပြီး အဖြူရောင် ပွင့်ဖတ်ထဲမှာ အဝါရောင် ဝတ်ဆံတိုင်လေးနဲ့ လှပပါတယ်။ သင့်အိမ်ခန်းထဲ အရိပ်အောက်မှာ ထားရှိစိုက်ပျိုးနိုင် ပါတယ်။ ရေကိုလည်း တပတ်မှ တခါ နှစ်ခါလောက်သာ လောင်းပေးရပါတယ်။ ပြီးတော့ သင့် အစိမ်းရွှင်ရွင် အရွက်တွေကို မြင်တွေ့နိုင်တာကြောင့် မျက်စေ့ကို အေးစေသလို အိမ်တွင်းလေထုထဲက မသန့်ရှင်းတဲ့ ဓာတ်တွေကိုလည်း အမြန်ဆုံး သန့်ရှင်းစေ တယ်၊ အဆိပ်အတောက် ဖြစ်စေမယ့် အငွေ့အသက်တွေကို ပြယ်စေတယ်လို့ နာဆာရဲ့ သုတေသနမှာ ဖော်ပြထား ပါတယ်။

ဂန္ဓမာပန်း

ဒုတိယ တင်ပြပေးမှာကတော့ ရုက္ခအမည် Chrysanthemum morifolium လို့ ခေါ်တဲ့ ဂန္ဓမာပန်း (Florist’s Chrysanthemum) ပါ။

အဖြူ၊ အနီ၊ အဝါ၊ ခရမ်း စသဖြင့် ရောင်စုံပွင့်ပြီး အိမ်တိုင်းလိုလို မြင်တွေ့နိုင်တဲ့ ဂန္ဓမာပန်းပင်တွေကလည်း သင့် အိမ်တွင်း လေထု သန့်ရှင်းစေပါတယ်။ ဂန္ဓမာပင်လေးတွေကတော့ အထက်က ငြိမ်းချမ်းရေးပန်းလီလီနဲ့ မတူတဲ့ အချက်က မြေသြဇာ၊ ရေနဲ့ နေရောင်ခြည် လုံလုံလောက်လောက် ရဖို့ လိုပါတယ်။ ပွင့်လာတဲ့ ရောင်စုံ ဂန္ဓမာပန်း တွေက သင့်အခန်းထဲမှာ ရှိတတ်တဲ့ ဓာတ်ပြု အဆိပ်အတောက် ဖြစ်နိုင်တာတွေ၊ ဥပမာ.. ဖော်မလင်၊ ဘင်ဇိုင်း၊ အမိုးနီးယား စတဲ့ ဓာတ်ငွေ့တွေ ပါဝင်နေတာကို သန့်စင်ပေးပါတယ်။



နတ်ဆိုးရဲ့ ပန်းနွယ်

နတ်ဆိုးရဲ့ ပန်းနွယ်လို့ အမည်ရတဲ့ (Devil’s Ivy) တိုက်ကပ်နွယ်ပင် ကလည်း အခန်းတွင်းက လေတွေကို သန့်စေပါ တယ်။ ဒီအပင်ရဲ့ ရုက္ခအမည်က Epipremnum aureum ဖြစ်ပါတယ်။ အုတ်နံရံတွေ သံတန်းစည်းရိုးတွေမှ အလင်းရောင် နည်းနည်း ရေနည်းနည်း ရရင်ပဲ ရှင်သန် ကြီးထွားနိုင်တဲ့ ဒီအပင်က စိမ်းလန်းတဲ့ သင့် အိမ်ခန်း ဝန်းကျင်ကို ဖန်တီးပေးနိုင်ပြီး လေကို ဘယ်လောက် သန့်စင်စေသလဲဆိုရင် အခန်းတွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ လေထုညစ်ညမ်းမှု၊ ဓာတ်ပြုပြီး ဖြစ်ပေါ်လာမယ့် အဆိပ်အတောက်ကိုလည်း ပြယ်စေပါတယ်။

ရှင်မလက်ဝါး

ဖော်ပြထားတဲ့ ပုံထဲက အိမ်တွင်းစိုက်ပျိုးပင်ကို ရှင်မလက်ဝါးပင် (Lady Palm) လို့ ခေါ်ပါတယ်။ ရုက္ခအမည်က Rhapis excelsa ဖြစ်ပါတယ်။ အလင်းနည်းနည်း ရေနည်းနည်းရရင် ရှင်သန်နိုင်တဲ့ ဒီအိမ်တွင်းပင်ဟာ အမြင့် ၆ ပေလောက် အထိပဲ မြင့်တာကြောင့် အိမ်တွင်းမှာ စိုက်ဖို့ အဆင်ပြေပါတယ်။ ပြီးတော့ အခန်းတွင်းက လေထုကို သန့်ရှင်းစေရာမှာ လည်း မြင့်မားတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒီအပင်က အာရှ အရင်းမြစ် ဖြစ်ပါတာကြောင့် အာရှ ရာသီဥတုနဲ့ အဆင်ပြေတဲ့ အပြင် အိမ်တွင်းရော အိမ်ပြင်တွေမှာပါ စိုက်ပျိုးနိုင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
 
ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ

အိမ်တွင်းအပင်လေးတွေ စိုက်ပျိုးပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ

အိမ်မှာစိုက်ထားလိုက်ရုံနဲ့ ခြင်၊ ယင်၊ ပိုးဟပ်တွေ လုံးဝမလာတော့မယ့် အပင်


Credit By: burma.irrawaddy
Posted By : Ra Wai (ShweProperty.com)