တချို.သည် အိမ်ဝယ်၊ အိမ်ဆောက်၊ အိမ်ဌားရာတွင် အောက်ပါအိမ်များကို ရှောင်းရှားကြသည် ။ နေရမည်ဆိုပါက ဆောင်ရန်နည်းလမ်းများလည်း ရှိသည်.....

၁ ။ လမ်းဦးတိုက်အိမ် ။ ။ လမ်းနှင့်ထိပ်တိုက်တည့်တည့် ကျနေသော အိမ်ဖြစ်သည်။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ ဦးတိုက်သည့် လမ်းဘက်သို. ကျားရုပ်လုပ်၍ လှည့်ထားရမည်။ အိမ်ရှေ.တွင် အများသုံး သောက်ရေအိုးစင်ဆောက်ပါ ။ သံပန်းများတပ်ဆင်၍ အချွန်ကို အပြင်ဘက် လှည့်ပေးထားပါ။
၂ ။ လှည်းဦးတိုက် ။ ။ လှည်းများသွားလာသည် လမ်းကြောင်းနှင့် မလွတ်ကင်းသော နေရာရှိအိမ်။
ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။
၃ ။ လှေဦးတိုက် ။ ။ ရေလမ်းမှာသွားလာနေသော ရေယာဉ်များ ထိပ်တိုက်ဝင်ရောက် ဆိုက်ကပ်သောနေရာ။
ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။
၄ ။ ရေဦးတိုက် ။ ။ ရေကြောင်းနှင့် မိမိအိမ် ထိပ်တိုက်တွေ.ပြီးရေ စတင်စီးဆင်းသောနေရာ၊ ရေစီးဆုံသည့်နေရာတွင် ရှိသောအိမ်။
ဆောင်ရန်မှာ ကျားရုပ်ပြုလုပ်ရန်။



၅ ။ အိမ်တံစို. ။ ။ မိမိအိမ်ကို တခြားတစ်အိမ်က အလည်တည့်တည့် ကန်.လန်.ဆောက်ထားခြင်း။
ဆောင်ရန်မှာ မိမိအိမ်ဘက်မှ တံစို.ကိုထားသောအိမ်ဘက်သို. မှန်တစ်ချပ်ထောင်ထားရန်။
၆ ။ နို.ညုပ် ။ ။ မိမိအိမ်သည် ညီအစ်ကိုကြား ၊ သို.မဟုုတ် သားအဖကြား ရောက်ရှိနေသောအိမ်။
ဆောင်ရန်မှာ အိမ်တစ်ဖက်တစ်ချက်တွင် ထညပ်( ငါးကင်ရာတွင် သုံးသောဝါးညှပ်) ထားရမည်။
၇ ။ စေတီဦးတိုက် ။ ။ စေတီပုထိုး ဘုရားကျောင်းများကမိမိအိမ်ထက်နိမ့်ပြီး ကပ်လျက်တည်ရှိသောအိမ်ကို ဆိုလိုသည်။အဓိကအားဖြင့်ချွန်ထက်သည့်အရာများကမိမိနေအိမ်နှင့်မျက်နှာချင်းဆိုင်ဖြစ်နေခြင်းမျိုးဖြစ်သည်။ဆောင်ရန်မှာ အနီးရှိ ဘာသာရေးအဆောက်အဦး တစ်ခုခုတွင် ကော်ဇော်ခင်းခြင်း၊ ကျောက်ပြားခင်းခြင်း ၊ နဝကမ လှူဒါန်းခြင်း ၊တံမြက်လှည်းခြင်း စသည့်တို.ပြုပေးရန်။
၈ ။ ကြမ်းဦးတိုက် ။ ။ အဆင့်ပေါ်ဖြစ်စေ ၊ အထပ်ပေါ်ဖြစ်စေ တက်ရာတွင် ခြေဖဝါးချလျှင် ကြမ်းအလျားလိုက်အတိုင်း မိမိခြေချောင်းမှာ တည်နေခြင်းဖြစ်သည်။
ဆောင်ရန်မှာ ဖယောင်းပုဆိုး ၊ ကော်ဇောခင်းပေးပါ။

နေအိမ်အတွင်း ခြ ၊ တောင်ပို.ရှိနေလျှင်လည်း အရောင်းအဝယ်ပျက်သည်များ ရှိပါသည်။
မိမိနေအိမ်မျက်နှာစာသည် တခြားအိမ်၏ နောက်ဖေးဘက်ကျနေလျှင် ရောင်းလျှင် လူကြိုက်နည်းသည်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ပိုင်ရှင် အငှားထံမှ ဝယ်ယူမိခြင်း

မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုရမည့် အိမ်၊ တိုက်ခန်း အငှားစာချုပ်များ

အိမ်ခြံမြေတိုက်ခန်း အဝယ်မမှားစေဖို့ ၁

အိမ်၀ယ်ပြီး ငွေအကျေချေတော့မယ်ဆိုရင်

Credit By : Win Ning Land
Posted By : Aung Ko Oo (ShweProperty.com)