စည်ပင်တိုက်ခန်း (၂) မျိုးအနက် ပထမတစ်မျိုးက

စည်ပင်တိုက်ခန်းကို ဝယ်ယူသူအား ပိုင်ဆိုင်မှု အထောက်အထားအဖြစ် အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ် (သို့) သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၏ တိုက်ခန်းနေရာချထားခြင်း လက်မှတ်ထုတ်ပေးထားသည့် တိုက်ခန်းဖြစ်ပါသည်။

ထိုတိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် အထက်ပါ စာရွက်စာတမ်းကို ရောင်းသူထံမှ လွှဲပြောင်းယူရမှာဖြစ်ပါသည်။ ဝယ်ယူသူသည် အမည်ပြောင်းလျှောက်ထားရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ကန့်ကွက်ချက်မရှိပါက မူလအဆောက်အဦ နေထိုင်ခွင့်စာချုပ်အား ပယ်ဖျက်၍ အမည်ပြောင်း လျှောက်ထားသူ အမည်ဖြင့် စာချုပ်ကို ချုပ်ဆိုပေးမှာ ဖြစ်ပါသည့်အတွက် ပိုင်ဆိုင်မှု ခိုင်မာပါတယ်။




ဒုတိယတစ်မျိုးက စည်ပင်မြေပေါ်မှာတည်ဆောက်တဲ့ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ဝယ်ယူခွင့် ရရှိသူသည် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ငှားရမ်းခြင်း၊ တဆင့်လွှဲပြောင်းရောင်းချခြင်း ပြုလုပ်ခွင့်မရှိပါ။ ထိုသို့ပြုလုပ်ပါက တိုက်ခန်းအား ပြန်လည်သိမ်းယူပါသည်။ ဝယ်ယူသူအနေနဲ့လည်း ပိုင်ဆိုင်မှု မခိုင်မာတာ ဖြစ်လို့ မဝယ်ယူသင့်ပါဘူး။

စည်ပင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် တိုက်ခန်းကို ဝယ်ယူမည်ဆိုလျှင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ်ထုတ်ပေးသည့် တိုက်ခန်းမျိုးကိုသာ ဝယ်ယူသင့်ပါသည်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း

မြေချပါမစ်ရထားတဲ့ မြေကွက် အချိန်ကာလ ဘယ်လောက်ကြာရင် မြေငှားဂရန်လျှောက်လို့ရပါသလဲ ၊ ဘယ်လိုလျှောက်ထားရမလဲ

အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်

Credit By: ဥပဒေရေးရာ
Posted By: Ra Wai (ShweProperty.com)