လူတိုင်းကျန်းမာရေးအတွက် တစ်နှစ်တစ်ခါဆေးစစ်သင့်ပေမယ့် တချို့လူတွေဟာ ဆေးရုံသွားဖို့ အချိန်မရှိလို့၊ ဆရာဝန်နဲ့တွေ့ရမှာကြောက်လို့ဆိုပြီး ကျန်းမာရေးဆေးစစ်မှုတွေကိုရှောင်ရှားတတ်ပါတယ်။ အဲ့ဒီလိုလူတွေအတွက် ဆေးရုံဆေးခန်းသွားစရာမလိုုဘဲ အိမ်မှာကိုယ်တိုင်ကျန်းမာရေးစစ်ဆေးမှုလုပ်လို့ရမယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
 
(၁) အသည်း
 
သင့်တစ်ကိုယ်လုံးကိုမှန်ထဲမှာကြည့်လိုက်တဲ့အခါ ခါးအထက်နေရာမှာ အဆီပြင်တွေဖြစ်နေတာတွေ့ရတယ်ဆိုရင် အသည်းနားတဝိုက်ကိုယ်တွင်းအင်္ဂါတွေမှာအဆီတွေစုနေပါပြီ။ ပြီးတော့မျက်လုံးထဲက မျက်သားအဖြူနေရာက ဝါနေရင်၊ လျှာကသဘာဝအရောင်မဟုတ်ဘဲ အရောင်ပြောင်းနေရင်အသည်းကျန်းမာရေးမကောင်းတာကြောင့်ပါ။ အသည်းကိုဒုက္ခပေးနိုင်တဲ့ဆိုးဆေးပါတာတွေလျှော့စားသင့်ပြီး အိပ်ရေး၀၀အိပ်သင့်ပါတယ်။
 
(၂) နား
 
တိတ်ဆိတ်နေတဲ့အိမ်ထဲမှာနေပြီး သင်နဲ့ ဆယ်ပေအကွာလောက်ကအသံကို သဲသဲကွဲကွဲမကြားတော့ဘူးဆိုရင် သင့်အကြားအာရုံတွေက ပုံမှန်မဟုတ်တော့ပါဘူး။
 
(၃) မျက်လုံး
 
ပြတင်းပေါက်ဘောင်နေရာကိုစက္ကန့် ၃၀ လောက်စိုက်ကြည့်ပြီး မျက်လုံးကိုမှိတ်လိုက်ပါ။ ပြီးရင် ဘယ်ဘက်မျက်လုံးကိုဖွင့်ပြီးပြန်ပိတ်လိုက်ပါ။ ပြီးရင် ညာဘက်မျက်လုံးကိုဖွင့်လိုက်ပါ။ အဲ့ဒီအချိန်မှာမြင်ရတဲ့မြင်ကွင်းကဝါးနေရင်၊ ပြတင်းပေါက် ဘောင်တွေက မျဉ်းပြိုင်ဖြစ်မနေဘူးဆိုရင် မျက်စိဆရာဝန်နဲ့ပြသင့်နေပါပြီ။
 
(၄) အရိုး
 
လက်သည်းတွေမှာ အဖြူစက်တွေဖြစ်နေရင်၊ ကျွပ်ဆတ်ပြီး ကျိုးပဲ့လွယ်နေတယ်ဆိုရင် အရိုးကျန်းမာရေးကြောင့်ဖြစ်တာပါ။ ဒီလိုတွေဖြစ်နေရင် ဗီတာမင် ဘီအုပ်စုနဲ့ သံဓာတ်ချို့တဲ့နေတာဖြစ်ပြီး အသက်ကြီးလာရင် အရိုးပါး၊ အရိုးပွရောဂါဖြစ်နိုင်ချေရှိနေပါပြီ။
 


(၅) အသက်ရှူလမ်းကြောင်း
 
ဒါကိုလုပ်ဖို့ stop watch တစ်ခုတော့လိုပါလိမ့်မယ်။ မတ်တပ်ရပ်ပြီး နှလုံးခုန်နှုန်းကို စက္ကန့်သုံးဆယ်မှတ်ပြီးရေတွက်ပါ။ ပြီးရင်ထိုင်လိုက်ပြီး လေကို သုံးခါဆက်တိုက်ရှူသွင်းလိုက်ပါ။ နောက်ဆုံးတစ်ကြိမ်ရှူသွင်းလိုက်တဲ့အခါ ကြာနိုင်သမျှကြာအောင်နေပြီး အချိန်မှတ်ထားလိုက်ပါ။ ပြီးတော့ အသက်ရှူထုတ်တဲ့အချိန်မှာ စက္ကန့်သုံးဆယ်အတွင်းနှလုံးခုန်နှုန်းဘယ်လောက်ရှိလဲဆိုတာကိုမှတ်ထားပါ။
 
တကယ်လို့ အသက်ရှူသွင်းလိုက်တဲ့အချျိန်က ၄၀ စက္ကန့်ထက်နည်းနေရင် အသက်ရှူစနစ်က သိပ်မကောင်းဘူးလို့ပြောလို့ရပါတယ်။ပုံမှန်က ၄၀ စက္ကန့်ကနေ ၄၉ စက္ကန့်အတွင်းရှိသင့်တာပါ။ ၅၀စက္ကန့်နဲ့အထက်ရှိနေရင်တော့ အသက်ရှူစနစ်ကျန်းမာရေးအရမ်းကိုကောင်းနေပါတယ်။ ပြီးတော့ အသက်မရှူသွင်းခင် စက္ကန့် ၃၀ အတွင်းရှိတဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူထုတ်လိုက်တဲ့ စက္ကန့် ၃၀ အတွင်းရှိတဲ့သွေးခုန်နှုန်းက အနီးစပ်ဆုံးတူနေရမှာပါ။ အရမ်းကွာဟလွန်းနေရင်တော့ နှလုံးသွေးကြောစနစ်မှာ အောက်စီဂျင်လိုအပ်မှုများနေလို့ပါ။
 
(၆) ကျောရိုး
 
သင့်ရဲ့ကျောရိုးအနေအထားမှန်ကန်မှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ကျောရိုးအနေအထားမမှန်ရင် သွားလာလှုပ်ရှားမှုနဲ့နေ့စဉ်ဘဝမှာ အဆင်မပြေမှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။ ကျောရိုးအနေအထားမှန်မမှန်စစ်ဆေးဖို့အတွက်ဆိုရင်တော့ ပေါင်ချိန်စက်နှစ်ခုရှိဖို့လိုပါတယ်။ ပေါင်ချိန်စက်နှစ်ခုကိုယှဉ်ချပြီး ခြေထောက်တစ်ဖက်စီတင်ပြီးရပ်လိုက်ပါ။ ခေါင်းကိုအလယ်တည့်တည့်မှာထားဖို့တော့လိုပါတယ်။ ကျောရိုးအနေအထားမှန်တယ်ဆိုရင်တော့ ပေါင်ချိန်စက်နှစ်ခုမှာပေါ်လာတဲ့ ဂဏန်းတွေကတူနေရမှာဖြစ်ပြီး အရမ်းကွာဟနေပြီဆိုရင်တော့ ကျောရိုးနဲ့တင်ပါးဆုံရိုးတို့မှာ မှားယွင်းမှုဖြစ်နေပါပြီ။
 
(၇) ဦးနှောက်
 
ဒီစမ်းသပ်မှုကိုလုပ်ဖို့ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီလိုပါတယ်။ စာရွက်အလွတ်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းကိုယူပါ။ သူငယ်ချင်းကို နာရီနဲ့မိနစ်တစ်ခုပြောခိုင်းပြီး သူပြောတဲ့ အချိန်ကို သင်က စာရွက်ပေါ်မှာ နာရီပုံလေးဆွဲရမှာပါ။ သူပြောတဲ့အချိန်ကို တစ်ခါတည်းနဲ့မှန်အောင်ဆွဲနိုင်တယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကောင်းပါသေးတယ်။ တကယ်လို့မဆွဲနိင်ဘူးဆိုရင်တော့ သတိမေ့ရောဂါအစပျိုးနေပြီလို့ ပြောလို့ရပါတယ်။
 
(၈) အင်ဒိုခရိုင်းစနစ်
 
ကျန်းမာရေးစနစ်နဲ့ပတ်သက်လို့ အသိသာဆုံးနေရာက သင့်ရဲ့ခါးနေရာပါ။ ကျန်းမာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ခါးက ၃၄ လက်မ ထက်မပိုသင့်ဘဲ ၊ အမျိုးသားဆိုရင်တော့ ၄၀ လက်မထက်မပိုသင့်ပါဘူး။အင်ဒိုခရိုင်းစနစ်ဆိုတာ ခန္ဓာကိုယ်ထဲက  Gland တွေအလုပ်လုပ်တဲ့စနစ်ပါ။ အဲ့ဒီစနစ် ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ ခါးနားတဝိုက်အဆီတွေစုလာပြီး တခြားသူတွေထက် ဆီးချိုရောဂါဖြစ်နိုင်ချေပိုများပါတယ်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
 

ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
အိမ်မှာသောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ဘယ်လိုနှင်မလဲ
 
အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ
 
အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ
 
Credit By: Aunty May
Posted By : Sint Sint (ShweProperty.com)