ရွာမှာပဲဖြစ်ဖြစ်၊ ကိုယ့် ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် မြေလွတ်၊ မြေရိုင်းတွေမှာ အိမ်ဆောက်နေထိုင်တော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန်၊ လူပမ်း မဖြစ်ရအောင် ဒီအချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ 

"မြေလွတ်၊ မြေရိုင်း" ဆိုတာဟာ "မြေလွတ်၊ မြေရိုင်းတွေရဲ့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဗဟိုကော်မတီ" က နိုင်ငံအတွင်းရှိ မြေလွတ်၊ မြေရိုင်းတွေကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ဓာတ်သတ္တု ထုတ်လုပ်ရေး လုပ်ငန်းနဲ့ အစိုးရကခွင့်ပြုပေးထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ တခြားလုပ်ငန်းတွေအတွက်သာ အသုံးပြုနိုင်ပါတယ်။ 

အဆိုပါ မြေနဲ့ ပတ်သက်ပြီး အသုံးပြုမယ်ဆိုရင် လျှောက်ထားသူဟာ 

(၁) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၊
(၂) အစိုးရ ဌာန၊ အစိုးရ အဖွဲ့အစည်း နဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊
(၃)၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ ဥပဒေပုဒ်မ ၁၄ နဲ့အညီ ကင်းလွတ်ခွင့်ပြုထားသူများ၊
(၄) အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းအရပ်ရပ်နဲ့ အကျိုးတူ ကိစ္စတွေအတွက် ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူများ
(၅) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူ ကိစ္စရပ်တွေအတွက် ဆောင်ရွက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံသူစတဲ့ အချက်တစ်ခုခုနဲ့ သင့်လျော်မှု ရှိရပါမယ်။ 

" မြေလွတ်၊ မြေလပ်"အဖြစ် သတ်မှတ်ထားတဲ့ မြေတွေဟာ အရင်က သီးစားခံလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်လိုက်ရတဲ့ သီးစားခံယူ လုပ်ကိုင်သူမရှိတဲ့ စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေး လုပ်ကိုင်နိုင်တဲ့မြေနဲ့ နိုင်ငံတော်က သီးသန့် သတ်မှတ်ပေးထားတဲ့ မြေတွေပဲ ဖြစ်ပါတယ်။

" မြေရိုင်း" ကတော့ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့တာမရှိတဲ့ မြေသစ်၊ တောရိုင်းမြေတို့ဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်တာတွေကို အစိုးရက ခွင့်ပြုထားတဲ့ တခြားလုပ်ငန်းလုပ်ဖို့ တရားဝင် ပယ်ဖျက်ထားတဲ့ ကြိုးဝိုင်းသစ်တော စားကျက်မြေနဲ့ အင်းအိုင် မြေများ ပါဝင်ပါတယ်။



မြေလွတ်၊မြေလပ်နဲ့ မြေရိုင်းမှာ လုပ်ပိုင်ခွင့်နဲ့ နေထိုင်ခွင့် ရရှိသူ လိုက်နာရမယ့် စည်းကမ်းတွေကတော့
- အစိုးရ ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ၎င်းနဲ့ ဆက်နွှယ်လျက်ရှိတဲ့ စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမယ်။
- ခွင့်ပြု ထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ တခြားနည်းနဲ့ လွှဲပြောင်းခြင်း၊ ခွဲစိတ်ခြင်းတို့ ပြုလုပ်လို့ မရပါဘူး။

မြေလွတ်၊ မြေရိုင်းတွေမှာ လုပ်ငန်းလုပ်ကိုင်ဖို့ လျှောက်မယ်ဆိုရင်  

- ကျူးကျော်ပြဿနာတွေ၊
- လက်လွှဲ ရောင်းချတာတွေ၊
- လုပ်ငန်းမလုပ်ဘဲမြေလွတ် အတိုင်းထားတဲ့သူတွေစတဲ့ ပြဿနာတွေ ရှိတာကြောင့် မြေလွတ်မြေရိုင်းတွေကို အသုံးပြုဖို့ လျှောက်ထားမယ်ဆိုရင် အမှန်တကယ် အသုံးလိုတဲ့သူကိုသာ သေချာ စိစစ်ပြီး ချထားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ ဒီလိုသာ မတင်းကျပ်ဘူးဆိုရင် မြေကွက်၊ မြေရိုင်းတွေမှာ ကျူးကျော်တွေ လာရောက်နေထိုင်နေမယ်၊ ကိုယ်ကလည်း စီပွားရေးလုပ်ဖို့ လျှောက်ထားပေမယ့် မလုပ်ဖြစ်လို့ ကြာနေရာက ကျူးကျော်တွေ လာနေမယ်ဆိုရင် ရှင်းရခက်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ချို့ကလည်း စီးပွားရေးလုပ်ဖို့ လျှောက်ထားပေမယ့် တဆင့်ပြန်ရောင်းကြသူတွေလည်း ရှိပြီး ဒါဟာ တချိန်မှာ တရားဥပဒေဆိုင်ရာ အမှုအခင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုမြေတွေမှာ အိမ်ဆောက်တော့မယ်ဆိုရင် သေချာလေ့လာထားဖို့ လိုအပ်သလို ဒီဆောင်းပါးလေးဟာလည်း ဗဟုသုတ တစ်ခုဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်ခြံမြေအမျိုးအစား (၃) မျိုးထဲက ကိုယ်နဲ့အကိုက်ညီဆုံးက ဘယ်တစ်ခုဖြစ်မလဲ

သိထားသင့်တဲ့ အိမ်ရှင်၊ အိမ်ငှားပြဿနာများ

ဗေဒင်ကိန်းခန်းနည်းအရ အိမ်ဝယ်မယ်ဆို သတိထားသင့်တဲ့အချက်များ

တရစ်ရစ် ကျဆင်းလာတဲ့ မြန်မာ့ငွေဈေးကြားမှာ အဖက်တင်အောင် ရွှေဝယ်မလား၊ အိမ်ခြံမြေ ဝယ်ထားမလား

Posted By : Ra Wai (ShweProperty.com)