ဒီစာက Solar ဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။ ဒီနိုင်ငံကို တင်သွင်းရောင်းချနေတဲ့ Solar ၃ မျိုးရှိပါတယ်။

(၁) ပထမတန်းစား Solarဆဲလ်ကွက်တွေက လေးထောင့်ကျကျ မဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါတယ်။
(၂) ဒုတိယတန်းစား (အလတ်စား) Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ ပါ။ ထောင့်ချိုးတွေ ကွေးမထားပါဘူး။
(၃) တတိယတန်းစား (အညံ့စား) ဆဲလ်ကွက်ရှိချင်မှရှိတယ်။ ပြောင်တွေ၊ အစင်းတွေနဲ့။မှတ်ချက် ဒီနိုင်ငံမှာ Solarရဲ့Output Wattကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မ‌တွေ့မိသေးပါ။

Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။ (၁)ဘက်ထရီအိုး ဝယ်ရမယ် (၂)အင်ဗာတာ ဝယ်ရပါမယ်။
Solarရဲ့သဘောက နေရောင်ခြည် အသုံးပြုပြီး ဘက်ထရီအိုး ကို အားသွင်း‌ပေးရုံ သက်သက်ပါ။ အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။



ဘက်ထရီအိုး ရွေးပါ။

ဘက်ထရီအိုးကို သူရဲ့ Ah ( Ampere hour ) ကိုကြည့်ပြီး 100Ah(၁၀၀အိုး)၊ 200Ah (၂၀၀အိုး) စသဖြင့် ခေါ်ပါတယ်။
ဘယ် ဘက်ထရီအိုးဖြစ်ဖြစ် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။ ၈၀%လောက်ပဲ သုံးစွဲပါ။ လုံးဝ အားကုန်သွားသည် အထိ မသုံးပါနဲ့။
နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီ အသုံးပြုမယ် ဆိုတာကို သတ်မှတ်ပါ။ ၃နာရီလား? ၄နာရီလား?
ဘက်ထရီအိုး ရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt ၊ TV ရဲ့Watt ၊ ကွန်ပြူတာရဲ့Watt အားလုံးကို ပေါင်းပါ။
ဥပမာ မီးလုံး 18W+18W ၊ TV 90W ၊ ကွန်ပြူတာ 45W အဲ့ဒါတွေအားလုံးပေါင်း (18+90+45+18) 171W။
စုစုပေါင်း 171W ကို Ampere ပြန်ပြောင်းတော့ 171/12 = 14.25A ၊ စု‌စုပေါင်း အသုံးပြုချိန်က ၄နာရီဆိုပါစို့
14.25A x4h=57Ah အနီးစပ်ဆုံး 60Ah လောက်စဉ်းစားထား။ Lossesတွေ အတွက်က 25% လောက် ထပ်ဆောင်းပါ။ အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့် ဘက်ထရီအိုး Size က= 60+15Ah=75Ah အနီးစပ်ဆုံး 80Ah ဝယ်ပါ။ (171W ကို ၄နာရီကြာအောင် သုံးမယ်ဆိုရင် 80Ah အိုးက ကောင်းကောင်း နိုင်ပါတယ်။)

အင်ဗာတာ ရွေးပါ။

ဘယ်အင်ဗာတာက မှလည်း ရာနှုန်းပြည့် ယူသုံးလို့ မရပါဘူး။ ပျှမ်းမျှ၇၀%ပါပဲ။ အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Load ကို ပျှမ်းမျှ၇၀%နဲ့ စားပါ။
ဥပမာ 171W/0.7 = 244.3W အနီးစပ်ဆုံး 300W inverterသုံးပါ။

Solar ရွေးပါ

Solar က ဘက်ထရီ အားသွင်းဖို့ပါ။ အချိန် ဘယ်လောက်နဲ့ ပြည့်ချင်လဲ ဆိုတာကို ကြည့်ပြီး Solar ဆိုဒ်ကို ဝယ်ရ မှာပါ။
ဥပမာ မိမိရဲ့ 80Ah အိုးကို ၄နာရီလောက်နဲ့ ပြည့်ချင်တယ် ဆိုရင် 80Ah/4h=20A x 12V= 240W အနီးစပ်ဆုံး 300W Solar ဝယ်ပါ။
အချုပ်ပြောရရင် စုစုပေါင်း 171W ကို ၄နာရီကြာ အသုံးပြုဖို့ အတွက် Solar-300W ၊ Battery-80Ah ၊ Inverter-300W လိုပါမယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

လျှပ်စစ်မီးချွေတာဖို့ နည်းလမ်းများ

ဧည့်ခန်းကျဉ်းထဲ ဝိုင်းဖွဲ့ထိုင်စရာ နေရာကျယ်ကျယ်ရစေမည့်နည်းလမ်းများ

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

အိမ်ခြံတွင်းစိုက်ထားပါက ခိုက်တတ်တယ်ဆိုတဲ့ အပင်များ

Credit By : dailyposts
Posted By :Chan Myae (ShweProperty.com)