ကောင်မွန်တဲ့ခံစားမှုရစေဖို့ အိမ်တစ်အိမ်မှာရှိတဲ့ အခန်းတွေကို ဆေးချယ်တဲ့အခါ ဘယ်အရောင်းကို ရွေးချယ်သင့်လဲ?
 
နေအိမ်တိုက်တာ အဆောက်အအုံ ဆောက်လုပ်သူတွေအနေနဲ့ မိမိဆောက်လုပ်ထားတဲ့ အိမ်ကို ဝယ်ယူူသူတွေ စိတ်ချမ်းမြေ့စေဖို့အတွက် အခန်းတိုင်းကို ဆေးချယ်တဲ့အခါ သင့်တော်ကောင်းမွန်တဲ့ အရောင်ကို ရွေးချယ်ဖို့ လိုပါတယ်။
 
အရောင်းတွေက လူတွေရဲ့ စိတ်ခံစာမှုကိုအကျိုးသက်ရောက်စေပါတယ်။ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိမှသာ ဝယ်ယူသူတွေ စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။

ဧည့်ခန်းကို ဆေးချယ်တဲ့အခါ ဘယ်အရောင်သုံးသင့်လဲ?
 
အိမ်တစ်အိမ်မှာ ဧည့်ခန်းဟာ အရေးကြီးဆုံးနေရာဖြစ်ပါတယ်။ ဧည့်ခန်းဟာ မိမိအိမ်ရဲ့ ဂုဏ်ကိုလည်းမြှင့်ပေးပါတယ်။ မိမိအိမ်ကို ဧည့်သည်တွေလာနိုင်တဲ့အတွက် ဧည့်ခန်းမှာ ဆေးချယ်ဖို့ အရောင်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါတယ်။
 


ဧည့်ခန်းမှာ ဆေးချယ်တဲ့အခါ မီးခိုးရောင်အနု ၊ အဖြူရောင်တို့ကို ဆေးချယ်ပြီး အစိမ်းရောင်အပင်တွေကို ပန်းအိုးနဲ့ စနစ်တကျထားသင့်ပါတယ်။
 
အိပ်ခန်းကို ဘယ်အရောင် ဆေးချယ်သင့်သလဲ?
 
အိပ်ခန်းကို ဆေးချယ်တဲ့အခါ အမောပြေစေတဲ့အရောင် ၊ ငြိမ်းချမ်းတဲ့အရောင် တွေကိုရွေးချယ်ပြီး ဆေးချယ်ဖို့လိုပါတယ်။
 
ဒါ့ကြောင့် အစိမ်းနုအရောင် ၊ မီးခိုးရောင်အနု ၊ အဝါအနု အရောင်တွေကို သုံးသင့်ပါတယ်။
 
မီးဖိုချောင်မှာ ဘယ်အရောင်ကို ဆေးချယ်ရမလဲ?
 
အကောင်းမြင်ခြင်းနဲ့ စိတ်ကူးစိတ်သန်းကောင်းတွေကို ဖော်ဆောင်ပေးတဲ့ အဝါရောင်ကို မိမိရဲ့ မီးဖိုချောင်မှာ ဆေးချယ်သင့်ပါတယ်။
 
စာကြည့်ခန်းကို ဘယ်အရောင်ချယ်မှာလဲ?
 
ကလေးတေရဲ့ ပညာရေးအတွက် စာကြည့်ခန်းက အရေးကြီးပါတယ်။
 


ဒါ့ကြောင့် စာကြည့်ခန်းမှာ ဆေးချယ်တဲ့အခါ အကောင်းဆုံးသော လှုှံ့ဆော်မှု ၊ တီထွင်ဖန်တီးမှု နှင့် လေ့လာသင်ယူမှုကို အကျိုးသက်ရောက်စေတဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ကို အသုံးပြုသင့်ပါတယ်။

အိမ်မှာ အားကစားလုပ်တဲ့အခန်းကို ဘယ်အရောင်သုံးရမလဲ?
 
မိမိရဲ့အိမ်မှာ အားကစား ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ့်နေရာရှိတယ်ဆိုရင် အဲဒီနေရာကို ဆေးချယ်ဖို့အတွက် သင့်တော်တဲ့ အရောင်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။
 
အားကစားအခန်းကို ဆေးချယ်မယ်ဆိုရင် အနီရောင်နဲ့ လိမ္မော်ရောင်ကို သုံးသင့်ပါတယ်။ အနီရောင်နဲ့ လိမ္မော်ရောင်တွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို မြှင့်တင်ပေးနိုင်ပြီး ၊ လှုပ်ရှားမှုကို အရှိန်မြှင့်စေတယ်လို့  ကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။
 
သားသားမီမီးတွေအတွက် အခန်းကို ဘယ်အရောင်ချယ်ရမှာလဲ?
 
သားသမီးတွေရဲ့ အိမ်ခန်းကို ဆေးအရောင်ချယ်မယ်ဆိုရင် အေးဆေးတည်ငြိမ်မှုကိုဖော်ဆောင်တဲ့ အပြောရောင် ၊ စိတ်ကူးစိတ်သန်းကောင်းမွန်မှုကို သက်ရောက်စေတဲ့ လိမ္မော်ရောင်တို့ကို အသုံးပြုရမှာဖြစ်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
 
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)