သန့်ရှင်းသပ်ရပ်တဲ့နေရာဝန်းကျင်မှာနေထိုင်ရခြင်းဟာမိမိရဲ့စိတ်ကိုကြည်လင် စေရုံသာမကကျန်းမာရေးနဲ့လဲညီညွတ်တာကြောင့် အခန်းကိုသပ်ရပ်သန့်ရှင်းစွာ ထားဖို့အရေးကြီးပါတယ်။ အခန်းကလဲ ကျဉ်းနေမယ် ပစ္စည်းများလည်းနေရာမကျရှုပ်ပွနေမယ်ဆိုရင်ဖြင့် အခန်းကိုပိုကျဉ်းသယောင်ဖြစ်စေပြီး စိတ်တိုင်းမကျဖြစ်ရမှာပါ။ 
 
အခုဖော်ပြမဲ့ အချက်လေးတွေကို လေ့လာစမ်းသပ် ကြည့်ခြင်းအားဖြင့် မိမိနေထိုင်ရာ အိမ်၊တိုက်ခန်းဟာကျဉ်းနေပါသော်လည်းမိမိ၏ စိတ်ကျဉ်းကျပ်မှုတွေကို အနည်းငယ်တော့ လျော့နည်းသွားစေမှာပါ။ အဓိက အချက်ကတော့ ပစ္စည်းများကိုသေသေသပ်သပ်နှင့်စနစ်တကျ သပ်သပ်ရပ်ရပ် ထားတတ်ဖို့လဲလိုပါတယ်။ ကဲဘယ်အချက်တွေနဲ့ပြုပြင်နိုင်မလဲ လေ့လာရအောင်…
 

၁.အသေးစားပြခန်းပုံပြင်ဆင်ခြင်း
 
မိမိနှစ်သက်တဲ့ဓာတ်ပုံ ပိုစတာစတာတွေကို အခန်းနံရံမှာချိတ်တာ နံရံကပ်စင်လေးတွေပြုလုပ်ခြင်းဟာလဲ စာအုပ် ပန်းအိုး နဲ့အခြား accessories လေးတွေတင်လို့ရသလို သပ်သပ်ရပ်နဲ့ အမြင်ဆန်းသစ်စေပါတယ်။ အရုပ်လေးတွေ ချစ်တဲ့လူဆိုရင်လဲ အရုပ်လေးတွေထားလို့ရသေးတယ်နော်။
 
၂.ဆေးခြယ်ခြင်း
 
မိမိနေထိုင်ရာအခန်းတွင် မိမိနှစ်သက်ရာ အရောင်လေးတွေ ခြယ်သခြင်းဟာလဲ စိတ်ကျေနပ်စရာဖြစ်မှာပါ။ မိမိအခန်းနံရံသာမကပဲ မိမိအသုံးပြုနေတဲ့ စားပွဲ မှန်တင်ခုံ ဗီရို စတဲ့ပစ္စည်းတွေကိုဆေးရောင်လှလှချယ်ခြင်း ဖြင့်လဲ အလှဆင်နိုင်ပါတယ်။ မိမိပစ္စည်းတွေကိုသစ်လွင်စေပြီးအမြင်လဲဆန်းသစ်စေလို့ကောင်းမွန်တဲ့ idea လေးဖြစ်ပါတယ်။Graffiti တွေကိုကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့လည်း မိမိကြိုက်နှစ်သက်တဲ့ ပုံတွေဆွဲထားပြီးကြည့်နေရခြင်းကလဲ စိတ်ကျေနပ်မှုတစ်ခုကို ခံစားရရှိစေပါတယ်။



၃.မှန်ဖြင့်အလှဆင်ခြင်း
 
အခန်းနံရံမှာ မှန်တွေတပ်ထားခြင်းကလဲ အခန်းကိုပိုကြီးတယ်လိုခံစားရစေပြီး အလင်းရောင်လဲပိုရတဲ့အတွက် idea ကောင်းတခုပါပဲ။ စိ်တ်ခံစားချက်တစ်ခုခု ဖြစ်ပေါ်နေချိန်မှာလဲ မိမိကိုယ်ကိုပြန်ကြည့်လိုက်ရင် ဖြစ်ပေါ်နေတဲ့ အရာတစ်ခုပေါ့သွားသလိုခံစားမိစေပါတယ်။
 
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
တိုက်ခန်းနဲ့နေရခြင်းရဲ့အားသာချက်များ
 
အိမ်အလှဆင်ရာမှာ မှားယွင်းနေတဲ့အယူအဆများ
 
အဆောက်အအုံများဆေးသုတ်ခြင်းလုပ်ငန်း သတိထားသင့်သိများ
 
ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး
 
Credit By: Phoenix-Emperor
Posted By: Ra Wai, ShweProperty.com