အရောင်းစာချုပ်အရ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို လွှဲပြောင်းရောင်းချပြီး ယင်း အရောင်းစာချုပ်တွင်ပင် ရောင်းသူက ပြန်ဝယ်လိုက ဝယ်ယူသည် ရောင်းသူအား ပြန်ရောင်းမည်ဟု ကတိပြုချက်ရှိလျှင် ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်အရ ထိုစာချုပ်သည် အပေါင်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်သော ကြောင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရာတွင် ရောင်းသောပစ္စည်းကို ရောင်းသူက ပြန်ဝယ်လိုက ဝယ်ယူသည် ရောင်းသူအား ပြန်ရောင်းမည်ဟူသော အချက်များ ထည့်သွင်းချုပ် ဆိုမည်ဆိုက ယင်းအချက်ကို သတိ ပြုရန် လိုပါသည်။

အဆိုပါ အဖြစ်အပျက်မျိုးနှင့် ဆင်ဆင်တူသော်လည်း လုပ်နည်းလုပ်ဟန် ကွဲပြားသော အဖြစ်အပျက်တစ်ခုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်တစ်ဦးက ဥပဒေအရ မည်သို့ရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ယင်းအဖြစ်အပျက်တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို အရောင်းစာချုပ်ဖြင့် ရောင်းပါသည်။ 
ထို့နောက် အခြားစာချုပ်တစ်ခုဖြင့် ရောင်းသူက ပြန်ဝယ်မည်ဆိုပါက ပြန်ရောင်းမည်ဟု သီးခြားစာချုပ်တစ်ရပ် ပြုလုပ် ထားပါသည်။ ထိုကဲ့သို့ ပြုလုပ်ချုပ်ဆိုထားပါက ယင်းသီးခြားစာချုပ် သည် အပေါင်စာချုပ်ဟူ၍ မှတ်ယူနိုင်ပါ သလား မေးမြန်းခြင်းဖြစ်ပါ သည်။



ယင်းမေးမြန်းချက်နှင့် ပတ်သက်၍ ၁၉၈၇ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၅၉ ချက်တွင် ထုံးဖွဲ့လမ်း ညွှန်းထားသည့်အချက်ကို အောက်ပါ အတိုင်း ကိုးကားတင်ပြ ဖြေကြားလိုက်ရပါသည်။

( ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ပါ ပြဋ္ဌာန်းချက်၌ အရောင်းစာချုပ်အရ မရွှေ့ ပြောင်းနိုင်သည့် ပစ္စည်းကို လွှဲပြောင်းရောင်းချပြီး ယင်းအရောင်းစာချုပ်တွင်ပင် ရောင်းသူက ပြန်ဝယ်လိုက ဝယ်သူသည် ရောင်းသူအား ပြန်ရောင်းမည်ဟု ကတိပြုချက်ရှိလျှင် အပေါင်ဖြစ်သည်ဟု ပြဋ္ဌာန်းထား သည်။ ဤအမှုတွင် သက်သေခံအမှတ် ( ၃ ) အရ အချင်းဖြစ်အိမ်ကို ဦးနုရမြားတို့က ဦးမြင့်ဆွေအား ငွေကျပ် ၁၁၀၀၀ိ/ - နှင့် အပြီးအပိုင် ရောင်းချလွှဲပြောင်းခဲ့သည်။ ( ၂ ) နှစ် နှင့် ( ၆ ) လအတွင်း ဦးနုရမြားတို့က ပြန်ဝယ် လျှင် ရောင်းမည်ဟု ဦးမြင့်ဆွေ၏ ကတိပြုချက်သည် သက်သေခံအမှတ် ( ၃ ) စာချုပ်တွင် မပါရှိချေ။ သီးခြား စာချုပ်ဖြစ်သည့် သက်သေခံအမှတ် ( ၄ ) ဖြင့် ရောင်းမည်ဟု ကတိပြုထားကြောင်း တွေ့ရသည်။ ထို့ကြောင့် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၅၈ ( ဂ ) ၏ ခြွင်းချက်ကြောင့် ဦးနုရမြားတို့က ဦးမြင့်ဆွေထံမှ ငွေချေးပြီး အပေါင်အဖြစ်ဖြင့် အိမ်ကိုလွှဲပြောင်းပေးခြင်းသာဖြစ်ပါသည်ဟူသော ထုချေချက်ကို လက်ခံနိုင်မည်မဟုတ်ပေ။ )

ဦးနုရမြားပါ - ၂ နှင့် ဦးမြင့်ဆွေ ပါ - ၅။ ၁၉၈၂ ၊ မတစ ၊ စာ -၅၉ ။
(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၁၉၉ ) ။ 

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း

မြေချပါမစ်ရထားတဲ့ မြေကွက် အချိန်ကာလ ဘယ်လောက်ကြာရင် မြေငှားဂရန်လျှောက်လို့ရပါသလဲ ၊ ဘယ်လိုလျှောက်ထားရမလဲ

အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်

Credit By: DVB LawLab
Posted By: Ra Wai (ShweProperty.com)