ပတ်ဝန်းကျင်သန့်ရှင်းရေးကိုသာမက လူ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး အိမ်ရှင်မတွေ သတိမထားမိတဲ့ မီးဖိုချောင်သုံးပစ္စည်း တချို့ရှိပါတယ်။
ဒီပစ္စည်းတွေကို လဲလှယ်မသုံးဘဲ ရေရှည် ဆက်လက်အသုံးပြုသွားမယ်ဆိုရင်တော့လူတွေအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၁) မီးဖိုချောင်သုံး ပလပ်စတစ်ခွက်များ

ပလပ်စတစ်ခွက်တွေဟာ Chemical များစွာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ပလပ်စတစ်ခွက် တစ်ခုနဲ့တစ်ခု Chemical ပါဝင်မှု အနဲအများသာ ကွာပါတယ်။ အိမ်ရှင်မတွေဟာ ဆား၊ သကြား၊ ဟင်းခတ်မှုန့် စတာတွေကို အချိန်ကြာရှည်စွာ ပလပ်စတစ်ခွက်နဲ့ သိမ်းဆည်းတက်ကြပါတယ်။ သိမ်းဆည်းတာအချိန်ကြာလာတဲ့အခါမှာ ရေငွေ့ပြန်ပြီး ဓာတ်ပြုလာကြပါတယ်။



Chemical နဲ့ ဓာတ်ပြုပြီးသားကို အပူပေးချက်ပြုတ်ပြီး စားသုံးမိတဲ့အခါ ခေါင်းမူးဝေခြင်း စတဲ့ ရောဂါတွေ ဖြစ်တက်ပြီး ဒါကိုမသိဘဲ ရေရှည် စားသုံးမိတဲ့အခါမှာတော့ ကင်ဆာရောဂါအထိတောင် ဖြစ်တက်ပါတယ်။ အပူခံထားတဲ့ အစားအသောက်တွေ ပလပ်စတစ်ခွက်ထဲ ထည့်တဲ့အခါမှာလည်း အထူးသတိပြုပါ။ အစားအစာတွေ သိမ်းဆည်းရာမှာ ပလပ်စတစ်ခွက်၊ အိတ်တွေအစား ဖန်ပုလင်း၊ သံခွက်များကို အစားထိုးအသုံးပြုပါ။ ပလပ်စတစ်ခွက်တွေဟာ ဘတ်တီးရီးယားတွေ အများဆုံးပေါက်ပွားနိုင်တဲ့နေရာလည်း ဖြစ်တာကြောင့် အသုံးမပြုမိအောင် ရှောင်ရှားပါ။

(၂) ပန်းကန်ခွက်ယောက်တွေ ဆေးကြောရာမှာသုံးတဲ့ ရေမြှပ်များ

ပန်းကန်ခွက်ယောက်တွေ ဆေးကြောရာမှာသုံးတဲ့ ရေမြှပ်တွေဟာ အမြဲတမ်းစိုစွတ်ပြီး အစာအကြွင်းအကျန်တွေ ကပ်ငြိနေတာကြောင့် ဘတ်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နိုင်ရန် အကောင်းဆုံးနေရာတစ်ခုပါ။

ဒီရေမြှပ်တွေမှာ ဘတ်တီးရီးယားတွေဟာ လျင်မြန်စွာ ပေါက်ရောက်နိုင်တာကြောင့် တစ်ပတ်ကို တစ်ခု လဲလှယ်ပြီး အသုံးပြုနိုင်ရင် အကောင်းဆုံးပါ။ အကယ်၍ သင့်ရဲ့မီးဖိုချောင်အသုံးစရိတ်ကို လျော့ချဖို့ လဲလှယ်ပြီးမသုံးချင်ဘူးဆိုရင်တော့ အကောင်းဆုံးနည်းလမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ မသန့်ရှင်းတော့တဲ့ ရေမြှပ်တွေကို ပိုးသေစေနိုင်တဲ့ဆပ်ပြာနဲ့ လျှော်ဖွတ်ပြီး အစိုအတိုင်း Microwaveမှာ အခြောက်ခံပြီး ပြန်သုံးနိုင်သလို Microwaveမရှိရင်လည်း နေလှန်းနိုင်ပါတယ်။ ဒါဆိုရင်တော့ ပိုးသတ်ပြီးသား ရေမြှပ်တွေကို စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။  



(၃) လက်နှီးစုပ်၊ လက်သုတ်ပုဝါများ

လက်နှီးစုပ်၊ လက်သုတ်ပုဝါတွေက သင့်ရဲ့မီးဖိုချောင်မှာ အညစ်ပတ်ဆုံးနဲ့ ဘတ်တီးရီးယားပေါက်ဖွားမှုအများဆုံးနေရာတစ်ခုပါ။ လက်နှီးစုပ်နဲ့ လက်သုပ်ပုဝါတွေကိုတော့ အနဲဆုံး တစ်ပတ်တစ်ခါ လျှော်ဖွပ်သုံးသင့်ပါတယ်။ အိမ်မှာ နားမကျန်းသူ၊ ကျန်းမာရေးမကောင်းသူတစ်ဦးရှိမယ်ဆိုရင်တော့ သန့်ရှင်းမှုအတွက် အစစအရာရာ ဂရုစိုက်သင့်တာကြောင့်  လက်သုပ်ပုဝါတွေကို လုံးဝမသုံးဘဲ တစ်ခါသုံး တစ်ရှုးများကိုသာ အသုံးပြုသင့်ပါတယ်။

 လေ့လာမှတ်သားစရာ အိမ်ခြံမြေ ဆောင်းပါများ
 
အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်
 
ဘက်တီးရီးယားပိုးတွေ စုစည်းနေတတ်တဲ့ သင့်အိမ်ထဲက ပစ္စည်း (၅)မျိုး

အိမ်မှာဆန်ကို ပိုးမတက်အောင်ဘယ်လိုထားကြမလဲ
 
ကျန်းမာရေးအတွက် ချက်ခြင်းလွှင့်ပစ်လိုက်ရမယ့်အရာ (၈) ခု

Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)