မိုးတွင်းဆို စိတ်အညစ်ရဆုံးအချိန်က အဝတ်တွေ မှိုစော်နံတာ၊ အောက်သက်သက် အနံ့ထွက်တာ၊ ဖားဥစွဲတဲ့ စတဲ့ အချိန်တွေပါပဲ။ မိုးရေစိုလာတာနဲ့ အဝတ်တွေကို ချက်ချင်းလျှော်၊ လျှော်ပြီး လှမ်းဖို့ ကျပြန်တော့လည်း ဆက်တိုက် မိုးရွာတဲ့နေတွေဆို ၂ ရက်၊ ၃ ရက်နဲ့ မခြောက်လို့ အခက်တွေ့နေပြီလား။

မှန်ပါတယ်။ မိုးရေစိုလာတဲ့ အဝတ်တွေကို အတတ်နိုင်ဆုံး မြန်မြန်ပြန်လျှော်ပေးရပါမယ်။ နေပူတဲ့အချိန် အတတ်နိုင်ဆုံး ခြောက်သွေ့အောင် ထုတ်လှမ်းပါ။ မိုးတွင်းဆို ရုတ်တရက် မိုးရွာချတတ်လို့ အမြန်ပြန် ရုတ်နိုင်အောင် ပြင်ဆင်ထားပါ။

လုံးဝ မခြောက်သွေ့သေးတဲ့ အဝတ်တွေကို ဝတ်မိရင် ပြင်ပက ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ကပ်ညှိ နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအပူချိန်နဲ့ထိပြီး အနံ့သက်ဆိုးတွေ ထွက်လာတတ်လို့ အဝတ်လျှော်တဲ့အခါ ဆပ်ပြာမှုန့်အပြင် အနံ့မွှေးဆီကိုပါ ထပ်သုံးသင့်ပါတယ်။

မိုးရေထဲ စိုရွှဲပြီး ညစ်ပတ်လာတဲ့အဝတ်တွေဆို သေချာ လျှော်ဖွတ်ထားပြီး အခြောက်ခံထားတာတောင် အနံ့ဆိုး စွဲနေပြီ ဆိုရင် ပြေလည်စေမယ့် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။



(၁) လျှော်ပြီးသား ရေစိုဝတ်တွေကို အဝတ်လျှော်စက်ထဲ အကြာကြီး မထားပါနဲ့။ လျှော်ပြီးတာနဲ့ ချက်ချင်းအခြောက်ခံပါ။

(၂) လျှော်မယ့် ဆပ်ပြာမှုန့်အနံ့ကိုလည်း နှင်းဆီတို့၊ သံပုရာအနံ့လိုမျိုး လန်းလန်းဆန်းဆန်း ဖြစ်စေမယ့် အနံ့မျိုးသုံးပါ။

(၃) လက်နဲ့လျှော်တဲ့သူဖြစ်ဖြစ်၊ အဝတ်လျှော်စက်ပဲသုံးသုံး အဝတ်အထည်မှာ အနံ့ဆိုးကပ်ညှိတာတွေ သက်သာချင်ရင် လျှော်တဲ့အခါ ရှာလကာရည်တခွက်ဖြစ်ဖြစ်၊ မုန့်ဖုတ်ဆော်ဒါဖြစ်ဖြစ် ထည့်လျှော်ပေးရင် အနံ့ဆိုး ကင်းစင်စေပါတယ်။

(၄) မိုးတွင်းဆို တနေကုန် နေပူတဲ့အချိန် နည်းတယ်ဆိုပေမယ့် ရတဲ့အချိန်လေးမှာ လျှော်ထားတဲ့အဝတ်တွေ ထုတ်လှမ်းပါ။ နေရောင်က အနံ့ဆိုးတွေသက်သာဖို့ အကောင်းဆုံးပါပဲ။ အပြင်မှာ အဝတ်တွေထုတ်လှမ်းဖို့ အဆင်မပြေရင် အိမ်ရဲ့ လေဝင်လေထွက် ကောင်းတဲ့နေရာ၊ အဲကွန်းဖွင့်ထားပြီး အပူချိန် ညှိထားတဲ့အခန်းမှာ အခြောက်ခံပေးပါ။

တခါတလေ အဝတ်တွေကို အပေါ်ယံကိုင်ကြည့်ရုံနဲ့ ခြောက်သွေ့သွားပြီလို့ထင်ပြီး ခေါက်သိမ်းလိုက်တာမျိုးတွေ ရှိပါတယ်။ တကယ်တော့ အဝတ်က လုံးဝအကုန် မခြောက်သွေ့သေးတာမို့ ပြန်ဝတ်တဲ့အခါ အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

ဒါကြောင့် နေပူထဲမှာ အချိန်အတော်ကြာ အခြောက်ခံထားတာ မဟုတ်ရင် အဝတ်တွေကို လေမှုတ်စက် (ဒါမှမဟုတ်) မီးပူတိုက်ပြီးမှ သိမ်းပါ။ သိမ်းမယ့် ဗီရိုထဲမှာလဲ အနံ့ဆိုး စုပ်တဲ့ အမွှေးခဲလေးတွေပါ ထည့်ထားလိုက်ရင် မိုးတွင်း အဝတ်အထည်တွေမှာ အနံ့ဆိုးထွက်မှာ ပူစရာ မလိုတော့ဘူး။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ

လူသိနည်းတဲ့ အိမ်ဆောက်ရာတွင် လှေကားအကြောင်း သိကောင်းစရာ

နာမည်ကျော် CELEBRITYတွေရဲ့ အမိုက်စား အိမ်ကြီးများ

အိမ်ခြံမြေ တိုက်ခန်း ဝယ်ယူသူတို့၏ ဥပဒေပါ အခွင့်အရေး

Credit By : burma.irrawaddy
Posted By : Ra Wai (ShweProperty.com)