တိုက်ခန်း အရောင်းအဝယ်လုပ်တဲ့အခါ ဝယ်ယူသူတွေအနေနဲ့ ပိုပြီးခိုင်မာမှုရှိအောင် တောင်းယူရမယ့် စာရွက်စာတမ်းတချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ်။ 

ဒါတွေရှိမှပြန်လည်ရောင်းချတဲ့အခါ လွယ်ကူလျှင်မြန်မှာပါ 
အရောင်းအဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ပွဲစားတွေရဲ့ ပြောစကားတွေကိုသာ ဝယ်သူတွေက ယုံကြည်ကြရပါတယ်။ 
ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ပိုပြီးစိတ်ချနိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ်။ 
-  စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူတောင်းပါ။ 
-  ဝယ်ယူသူတွေအနေနဲ့ တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာမသိကြဘူး။ 

ဈေးတန်ရင် ဈေးဆစ်ဝယ်ကြတာပါပဲ။ 

ကိုယ်ဝယ်မယ့်တိုက်ခန်းစာရွက် စာတမ်းတွေကလည်း စရန်ပေး စာချုပ်ချုပ်တော့မှ ထုတ်ပြကြတာပါ။ 



တစ်ခါတစ်ရံရောင်းသူတွေက ကျန်ငွေချေတဲ့အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ်ကြပြီး ဒါတွေကို သတိထားသင့်ပါတယ်။ စာရွက်စာတမ်းကျွမ်းကျင်သူ ဝယ်သူတော်တော်များများက စရန်ပေး စာချုပ်ချုပ်တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်တွေ တိုက်ခန်းအရောင်းအဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး ပြီးစလွယ်လုပ်တတ်ကြပါတယ်။ 

ဒါကြောင့်ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့်ပါတယ်။ 
 
ရောင်းသူထံက တောင်းယူမယ့် စာရွက်စာတမ်း 

- ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက်ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ 
အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ်  (မိတ္တူ)   ခေါ်
"(မြေရှင်ကန်ထရိုက်စာချုပ်)"
 - ရောင်းသူနဲ့ ကန်ထရိုက်တာနှစ်ဦးနှစ်ဖက် အခန်းခွဲဝေတဲ့ သဘောတူစာချုပ်(မူရင်း)၊
 - BCC လူနေထိုင်ခွင့် လက်မှတ် (မိတ္တူ)တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ်။
 -  ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူသင့်ပါတယ်။ 
- မြေရှင်လက်မှတ်ယူပါ။ 
တိုက်ခန်းအရောင်းအဝယ် စာချုပ် ချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့တိုက်ခန်းရဲ့မြေရှင်လက်မှတ်ယူသင့်ပါတယ်။ မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာထပ်မံ ပြုလုပ်နိုင်ပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

Credit By: ဥပဒေရေးရာ
Posted By : Ra Wai (ShweProperty.com)