အိမ်ရှင်မတွေအတွက် မီးဖိုချောင် သန့်ရှင်းရေးဟာ နေ့စဉ်လုပ်ဆောင်နေရတဲ့ အရာတစ်ခုဖြစ်ပြီး အချို့ပစ္စည်းတွေက သန့်ရှင်းဖို့ လွယ်ကူသလို တချို့ပစ္စည်းတွေက အနည်းငယ်ခက်ခဲပါတယ်။ ဒါကြောင့် သန့်ရှင်းဖို့ ခက်ခဲတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို အလွယ်တကူဖြစ်စေဖို့ သန့်ရှင်းနည်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
Oven တွေ သန့်ရှင်းနည်း
 
မီးဖိုချောင်ထဲက Oven တွေမှာ ညစ်ပတ်နေရင် စိတ်တိုင်းကျ ဆပ်ပြာရည်နဲ့ လောင်းပြီး ဆေးမရတာကြောင့် သန့်ရှင်းရ ခက်ခဲပါတယ်။ ဒါကြောင့် မုန့်ဖုတ်ဆိုဒါမှုန့်ကို ညစ်ပတ်နေတဲ့ Oven အောက်ခြေကိုဖြူးကာ ရေအနည်းငယ်ဖျန်းပြီး နောက်နေ့မနက်မှာ အဝတ်နဲ့သုတ်ပေးရင် ပြောင် လက်နေတဲ့ Ovenကို ရရှိမှာ ဖြစ်ပါတယ်။

 

Bathtub တွေ သန့်ရှင်းနည်း
 
လိုအပ်တဲ့ ပစ္စည်းတွေက ရေမြှုပ်တစ်ခုနဲ့ လက်သည်းဖျက်ဆေးဖြစ်ပါတယ်။ ရေမြှုပ်ပေါ်မှာ လက်သည်းဖျက်ဆေး တင်ပြီး Bathtub ရဲ့ မျက်နှာပြင်ကို ပွတ်တိုက်ပေးမယ်ဆိုရင် အရောင်ညစ်တာတွေနဲ့ အခြားပေနေတဲ့ အရာတွေပါ ကင်းစင်သွားတာ တွေ့ရမှာပါ။
 
မီးဖိုတွေ သန့်ရှင်းနည်း
 
မီးဖိုချောင်ထဲက ဂက်စ်မီးဖိုတွေ ဒါမှမဟုတ် ဒစ်ဂျစ်တယ်မီးဖိုတွေက ဟင်းချက်ပြုတ်ပြီးတဲ့အခါမှာ ပေနေတဲ့ဟင်းတွေကြောင့် ညစ်ပတ်ပြီး ကြည့်ရဆိုးတဲ့အပြင် ပိုးမွှားတွေကိုပါ ဖြစ်ပေါ်စေတာကြောင့် ပထမဦးဆုံး ရေမြှုပ်တစ်ခုကို ဗီနီဂါဆွတ်ပြီး ညစ်ပတ်နေတဲ့ မီးဖိုတွေရဲ့ အပေါ်ဘက် မျက်နှာပြင်ကို ပွတ်တိုက်ပါ။ ဒါ့အပြင် မီးဖိုချောင်သုံးအဝတ်ကို ရေနွေးစိမ်ပြီး မီးဖိုပေါ်ကို မိနစ်(၃၀)လောက်အုပ်ကာ မီးဖိုကို အဝတ်နဲ့သုတ်ပေးပါက မီးဖိုမျက်နှာပြင် သန့်ရှင်းသွားတာကို တွေ့ရမှာပါ။
 
Cabinet သန့်ရှင်းနည်း
 
ရေလုံးဝမလိုဘဲ သန့်ရှင်းနေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ မိမိသန့်ရှင်းမယ့် Cabinet တွေကို မီးဖိုချောင်သုံး ဟင်းသီး၊ဟင်းရွက်ဆီကို သုတ်ပေးပါ။ သုတ်ပြီးရင် ဆပ်ပြာဆီကို ထပ်သုတ်ကာ နောက်ဆုံး အဆင့်အနေနဲ့ ခြောက်သွေ့အောင် သုတ်ပေးလိုက်မယ်ဆိုရင် မီးဖိုချောင်က Cabinet လေး သန့်ရှင်းသွားမှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေ ဆောင်းပါများ
 
အံအားသင့်စရာကောင်းတဲ့ အိမ်တွင်း သန့်ရှင်းရေးနည်းများ
 
သန့်ရှင်းရေးလုပ်ဖို့ သတိမထားမိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေရဲ့ အန္တရာယ်
 
သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ
 
သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်လေးကပေးတဲ့ အကျိုးကျေးဇူး
 
Credit By: Hein Decoration
Posted By: Ra Wai, ShweProperty.com