သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများသန့်ရှင်းရေး လုပ်သင့်ပါတယ်။
လူတွေကို နေမကောင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုအပြောင်းအလဲ၊ အစားအသောက်နဲ့ ရောဂါပိုးမွှားတွေကြောင့်လို့သိကြပေမယ့် အိမ်ထဲမှာလည်း ကိုယ်တိုင်သတိမထားမိတဲ့ အရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပုံမှန် သန့်ရှင်းရေးမလုပ်မိတဲ့အခါ သင့်ကျန်းမာရေးထိခိုက်စေတဲ့ အိမ် သုံးပစ္စည်းတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
 
အိပ်ရာခင်း
 
တနေကုန်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်အောင် ညတိုင်းအိပ်စက်ကြပေမယ့် အိပ်ရာခင်းတွေကိုတော့ ပုံမှန်လဲ ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အိပ်ရာခင်းတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေအရေအတွက် တပတ် ကို တအောင်စခွဲလောက် ရှိနေတတ်ပါတယ်။ ဆဲလ်အသေတွေက မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့အစာဖြစ် လာပြီး ပေါက်ဖွားလာတာပါ။ ဒီပိုးမွှားတွေကြောင့် အရေပြားဓာတ်မတည့်တာ၊ နီရဲယားယံတာတွေ ဖြစ်နိုင် ပါတယ်။

လေစုပ်စက်
 

လေစုပ်စက်ဆိုတာ အိမ်ထဲက အမှိုက်တွေကို သန့်စင်ပေးတာဆိုပေမယ့်လည်း သူ့ကြောင့် နာမကျန်းဖြစ်စေနိုင် တဲ့အကြောင်းရင်းတွေရှိပါတယ်။ ကျန်းမာရေးစာစောင်တွေမှာ ဖော်ပြချက်အရ လေစုပ်စက်တွေဟာ လေထဲကို အမှုန်တွေနဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ပြန်ထုတ်လွှတ်ပါတယ်။
 
ဒါကြောင့်လည်း ဓာတ်မတည့်တာမျိုး၊ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်စေတာပါ။ လေစုပ်စက်အသစ်တွေထက် အဟောင်းတွေမှာ လေစစ်မကောင်းတော့တဲ့ အခါ လူကိုဒုက္ခပေးတဲ့ပိုးမွှားတွေ ပိုထွက်စေသလို အိမ်အနီးအနားဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံတွေရှိတာ၊ လေ ထုညစ်ညမ်းတာမျိုးရှိရင် ပိုဆိုးပါတယ်။
 
တိရစ္ဆာန်အမွှေး
 
များသောအားဖြင့် တရိစ္ဆာန်ချစ်သူတွေဟာ သူတို့ရဲ့အကောင်လေးတွေကို အိမ်ပေါ်မှာ သူတို့နဲ့တူတူလက်ပွန်းတ တီးထားတတ်ကြပါတယ်။ တချို့ဆို အိပ်ရာတူတူအိပ်တာမျိုးတွေတောင် ရှိပါတယ်။ သူတို့လေးတွေကို သန့်ရှင်း အောင်ထားပေမယ့် အမွှေးတွေကြောင့် ဓာတ်မတည့်သူတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။
 
အမေရိကန်အဆုတ်အဖွဲ့အစည်းကြီးရဲ့ ထုတ်ပြန်ချက်အရ အိမ်မွှေးတိရစ္ဆာန်တွေရဲ့ အမွှေးတွေ ကို ပရိဘောဂ၊ အင်္ကျီတွေနဲ့ ကောဇောတွေမှာ ပိုကပ်ငြိတတ်ကြတာမို့ သန့်ရှင်းရေးလုပ်တဲ့အခါ ဒီနေရာတွေကို အဓိကထားလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

အိမ်သန့်ရှင်းရေးပစ္စည်း
 
 
အိမ်သန့်ရှင်းရေးလုပ်တဲ့ဆေးရည်တော်တော်များများမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ တချို့အစွန်းချွတ်ဆေးတွေမှာဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogens ပါဝင်လို့ ဒီလိုဓာတုပစ္စည်းတွေအစား သဘာဝပစ္စည်းတွေဖြစ်တဲ့ သံပုရာ၊ ဟင်းချက်ဆီ၊ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကို အစားထိုးသုံးစွဲကြည့်သင့်ပါတယ်။
 
မှို
 
အိမ်ထဲက အလင်းရောင်အားနည်းပြီး ရေငွေ့ပြန်တတ်တဲ့နေရာတွေမှာ မှိုတွေပေါက်ဖွားတတ်ပါတယ်။ အထူးသဖြင့် တံခါးဘောင်ဘေးကြား၊ ရေချိုခန်းနဲ့ စတိုခန်းတွေဟာ ပေါက်ဖွားလွယ်တဲ့နေရာတွေပါ။ မမြင်ရတဲ့မှိုအဆိပ် တွေကြောင့် မကြာခဏ နှာစေးတာ၊ ခေါင်းကိုက်ခြင်းနဲ့ တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ် ပွားစေပါတယ်။ ဒါကြောင့် မှိုပေါက်ဖွားလွယ်တဲ့ အတွင်းပိုင်းနေရာတွေကို ဆပ်ပြာမှုန့်နဲ့သေချာသန့်စင်ပေးဖို့လို ပါတယ်။
 
ခြေသုတ်ခုံ
 
နောက်ထပ်ကျန်းမာရေးထိခိုက်စေတဲ့ အိမ်သုံးပစ္စည်းက ခြေသုတ်ခုံပါ။ ခြေသုတ်ခုံတွေကို တံခါးပေါက်ဝ၊ မီဖိုးချောင်နဲ့ ရေချိုးခန်းရှေ့တွေမှာ ထားတတ်ကြပေမယ့် ပုံမှန်သန့်စင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အထူး သဖြင့် ရေချိုးခန့်ရှေ့ ခြေသုတ်ခုံမှာ ရေတွေ၊ ဖုန်မှုန့်တွေကြောင့် မှိုတွေပေါက်ဖွားလာပြီး လူကိုဒုက္ခပေးနိုင်လို့ မကြာခဏ ရေနွေးပူနဲ့ တိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင့်အိမ်လေးကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ဖို့ အသုံးပြုနိုင်သော အိမ်သုံးပစ္စည်းများ

ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
အစွန်းဟူသမျှ ချွတ်ပေးနိုင်မည့် အိမ်တွင်းနည်းလမ်းများ
 
အစွန်းအထင်းတွေကို ဖယ်ရှားနိုင်ဖို့ အိမ်တွင်းနည်းလမ်း ၇ သွယ်
 
Credit By: burma.irrawaddy
Posted By: Ra Wai, ShweProperty.com