မိမိအိမ်တွင်းမှာလာဘ်တိတ်စေသောအချက်(၃၃)ချက်မိမိအိမ်တွင်းတွင်လာဘ်မတိတ်အောင်အောက်ပါအချက်များရှောင်ပါ

၁ မီးဖိုအားစလောင်းဖုံးအုပ်ခြင်း
၂ အိမ်ထောင်ဦးစီးလင်ယောင်္ကျားအားနိမ့်ကျသောနေရာတွင်ထားခြင်း
၃ မိမိဇနီးသည်အားညာဘက်တွင်အိပ်စေခြင်း
၄စားသောက်သောအိုးခွက်ပန်းကန်များအားလွှင့်ပြစ်ခြင်း
၅ ထမင်ဟင်းချက်ရင်းသီချင်းဆိုခြင်း(၆)နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း
၇ နေဝင်မိုးချုပ်လေချွန်ခြင်း
၈ နေမထွက်ခင်ကြွေးပေး ကြွေးယူ ကြွေတောင်းခံရခြင်း
၉ နေဝင်နေထွက်ချိန်သန်းရှာခြင်း၁၀နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း
၁၁ နေမွန်းတည့်ချိန်တိရိစ်ဆာန်များအားသတ်ဖြတ်ခြင်း
၁၂ နေဝင် နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း
၁၃ အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျှားဖြင့်အပြင်သို့သွားခြင်း
၁၄ အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများကိုအိမ်ဦးခန်း၌ထားခြင်းစွန့်ပစ်ြင်း
၁၅ မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုတ်ခြင်း၁၆အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း
၁၇ မျက်နှာမသစ်ပဲအစာစားခြင်း
၁၈ မိမိခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသောပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း
၁၉ သောက်ရေအိုးရေမလဲပဲခြောက်နခြင်း



၂၀ သောက်ရေအိုးမှ ရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း
၂၁ လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း
၂၂ သားသမီဇနီးကိုလင်သားက ငေသို့အစားအစာပစ်ပေးခြင်
၂၃ အဝတ်အစားများပြောင်းပြန်ဝတ်ခြင်း
၂၄ အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း
၂၅ ထမင်းစားရင်းအိပ်ငိုက်ခြင်း
၂၆ အိမ်၏မျက်နှာစာတွင် ကလေးငယ်အားအပေါ့အလေးစွန့်ခိုင်းခြင်း
၂၇ ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ချခြင်း
၂၈ မိမိအိမ်သို့လာသောတောင်းစားသူမျာအားဆဲဆိုလွှတ်ခြင်း
၂၉ အိမ်သာတက်ရင်းအစားစားခြင်း
၃၀ စားသောက်ပြီးအိုးခွက်ပန်းကန်များကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း
၃၁ အိုးခွက်ပန်းကန်များကိုတီး၍သီချင်ဆိုခြင်း
၃၂ အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ် များကိုလှန်းခြင်းချွတ်ထားခြင်း
၃၃ မိမိအိမ်တွင် မွေးမြူထားသောတိရိစ္ဆာန် များအားအစာမကျွေးပဲ လှောင်ထားခြင်းရိုက်နှက်ခြင်းတို့ကိုရှောင်ပါ

Credit By : Eainshinma
Posted By : Ra Wai (ShweProperty.com)