By Ra Wai, Shweproperty.com
Updated at 10 June 2022
မိမိအိမ်တွင်းမှာလာဘ်တိတ်စေသောအချက်(၃၃)ချက်မိမိအိမ်တွင်းတွင်လာဘ်မတိတ်အောင်အောက်ပါအချက်များရှောင်ပါ ၁ မီးဖိုအားစလောင်းဖုံးအုပ်ခြင်း ၂ အိမ်ထောင်ဦးစီးလင်ယောင်္ကျားအားနိမ့်ကျသောနေရာတွင်ထားခြင်း ၃ မိမိဇနီးသည်အားညာဘက်တွင်အိပ်စေခြင်း ၄စားသောက်သောအိုးခွက်ပန်းကန်များအားလွှင့်ပြစ်ခြင်း ၅ ထမင်ဟင်းချက်ရင်းသီချင်းဆိုခြင်း(၆)နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း ၇ နေဝင်မိုးချုပ်လေချွန်ခြင်း ၈ နေမထွက်ခင်ကြွေးပေး ကြွေးယူ ကြွေတောင်းခံရခြင်း ၉ နေဝင်နေထွက်ချိန်သန်းရှာခြင်း၁၀နေဝင်နေထွက်ချိန်ကလေးများအားရိုက်ခြင်း ၁၁ နေမွန်းတည့်ချိန်တိရိစ်ဆာန်များအားသတ်ဖြတ်ခြင်း ၁၂ နေဝင် နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း ၁၃ အမျိုးသမီးများမိုးချုပ်ချိန်ဆံပင်ဖားလျှားဖြင့်အပြင်သို့သွားခြင်း ၁၄ အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများကိုအိမ်ဦးခန်း၌ထားခြင်းစွန့်ပစ်ြင်း ၁၅ မိမိဝတ်သောပုဆိုး ထမိန်ဖြင့်မျက်နှာသုတ်ခြင်း၁၆အိမ်အပေါက်အားနောက်ပြန်ဝင်ခြင်း ၁၇ မျက်နှာမသစ်ပဲအစာစားခြင်း ၁၈ မိမိခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသောပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း ၁၉ သောက်ရေအိုးရေမလဲပဲခြောက်နခြင်း ၂၀ သောက်ရေအိုးမှ ရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း ၂၁ လင်သားအားစိတ်ဆိုး၍ကျောခိုင်းအိပ်ခြင်း ၂၂ သားသမီဇနီးကိုလင်သားက ငေသို့အစားအစာပစ်ပေးခြင် ၂၃ အဝတ်အစားများပြောင်းပြန်ဝတ်ခြင်း ၂၄ အိမ်အပေါက်အားကျောခိုင်းထိုင်ခြင်း ၂၅ ထမင်းစားရင်းအိပ်ငိုက်ခြင်း ၂၆ အိမ်၏မျက်နှာစာတွင် ကလေးငယ်အားအပေါ့အလေးစွန့်ခိုင်းခြင်း ၂၇ ထမင်းရည်ပူအားမြေကြီးပေါ်သို့တိုက်ရိုက်ငှဲ့ချခြင်း ၂၈ မိမိအိမ်သို့လာသောတောင်းစားသူမျာအားဆဲဆိုလွှတ်ခြင်း ၂၉ အိမ်သာတက်ရင်းအစားစားခြင်း ၃၀ စားသောက်ပြီးအိုးခွက်ပန်းကန်များကိုအချိန်ကြာမြင့်စွာမဆေးပဲထားခြင်း ၃၁ အိုးခွက်ပန်းကန်များကိုတီး၍သီချင်ဆိုခြင်း ၃၂ အိမ်ရှေ့တည့်တည့်တွင်ထမိန်စကတ် များကိုလှန်းခြင်းချွတ်ထားခြင်း ၃၃ မိမိအိမ်တွင် မွေးမြူထားသောတိရိစ္ဆာန် များအားအစာမကျွေးပဲ လှောင်ထားခြင်းရိုက်နှက်ခြင်းတို့ကိုရှောင်ပါ Credit By : Eainshinma Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties