(၁) အုပ်ကြွပ်မိုးပါ

အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည် ရှိပါတယ်။အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပီး နေ ဒဏ်ကိုလည်း ခံနိုင်ရည် ရှိပါတယ်
 
(၂) အပူခံဂွမ်း Radiant Barrier သုံးပါ။

အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက္သာသြားမွာ ဖြစ်ပါတယ် ။Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ်


ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ်။အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ်။ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်
 
(၃) ရှားစောင်းလက်ပပ် စိုက်ပါ

မိမိအိမ်ခန်းထဲမှာ ရှားစောင်းလက်ပပ် ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ်။ဒါ့အပြင် ရှားစောင်းလက်ပပ်ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေးတဲ့အတွက်ကြောင့် အိမ်တွင်းလေထု
အရည်အသွေးကိုပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ်။အထက်ပါ သုံးခ်က္ကေတာ့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ်
 
(၄) နံပါတ်လေး အခ်က္က ခြံကျယ်ကျယ်သမားတွေအတွက်
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ။မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

စီးပွားတက်မည့် အိမ်ဆောက်နည်း

အိမ်တွင်း အလှဆင် နည်းလမ်းများ

ဆေးသုတ်ရာတွင်မှားလေ့မှားထရှိတ့အချက်(7)ချက်


Credit By : မြန်မာ့မြင်ကွင်းစုံစုံ
Posted By : Chan Myae (ShweProperty.com)