မိမိအိမ်တွင်အောက်ဖော်ပြပါအပင်လေးများကိုစိုက်ပျိုးခြင်းဖြင့်စီးပွားလာဘ်လာဘတိုးပွားစေကာကျန်းမာကြွယ်ဝခြင်းကိုအံဩလောက်အောင်ပေးနိုင်စွမ်းရှိပါသည်။

အိမ်တွင်စိုက်ပျိုးကြသည့်အပင်များထဲမှကံလည်းကောင်း၊လေလည်းသန့်စင်ပေးနိုင်တဲ့အောက်ဖော်ပြပါအပင်(3)ပင်အကြောင်းကိုဖော်ပြပေးပါမည်
  
ဝါးပင်ဖု ( Lucky Bamboo)

ဝါးပင်ဖု ( Lucky Bamboo) ပင်များသည်ပြည်စုံကြွယ်ခြင်း၊ကံကောင်းြခင်းတွေကိုဖိတ်​ခေါ်နိုင်စွမ်းရှိသဖြင့်အိမ်တွင်စိုက်ပျိုးသင့်​သောအပင်အဖြစ်သတ်မှတ်ခြင်းခံရသည်။

အိမ်၏အ​ရှေ့​တောင်ဘက်အရပ်တွင်စိုက်ပျိုး​ပေးခြင်းဖြင့်ထူးခြား​သောစွမ်းအင်များကို​ပေးစွမ်းနိုင်သည်ဟုပင်ယုံကြည်သက်ဝင်ကြမည်။( lucky Bamboo)ပင်၏ထူးခြားချက်မှာသူ၏ရိုးတံအ​ပေါ်မူတည်ပြီးအဓိပ္ပါယ်ကွာခြားသွား​ပေသည်။

ငွေပင် ( Money Tree Plant )

၄င်းအပင်ဖြစ်​ပေါ်လာပုံမှာယုံတမ်းပုံပြင်တစ်ပုဒ်အဖြစ်ထူးဆန်းလှပါသည်။

သူဆင်းရဲတစ်​ယောက်သည်ပိုက်ဆံရရန်အတွက်ဆု​တောင်းရာမှထူးဆန်း​သောအပင်ငယ်ကို​တွေ့ရှိသွားကာအိမ်သို့ယူ​ဆောင်စိုက်ပျိုးရင်းထိုအပင်ငယ်မှအ​စေ့များကို​ရောင်းချရာမှချမ်းသာကံ​ကောင်းသွား​လေသည်ဟုရိုးရာပုံပြင်ရှိဖူး​လေသည်။



ထို​ကြောင့်တရုတ်လူမျိုးများက( Money Tree Plant)သည်ဝင်​ငွေများတိုးပွားလာ​အောင်ပြုလုပ်​ပေးနိုင်စွမ်းရှိသည်ဟုသက်ဝင်ယုံကြည်​​နေကြခြင်းဖြစ်သည်။

​ကျောက်စိမ်းပင် (Jade Plant)

Japavese Cherry (or) Dollar Plantလို့လူသိများပြီးသူရဲ့သိပ္ပံအ​ခေါ်မှာ Crassula Ovataဖြစ်ပါသည်။
စားပွဲတင်အလှထားစိုက်ပျိုးနိုင်ပြီးလာဒ်ရွှင်​ငွေဝင်တိုးကာအလုပ်အကိုင်အဆင်​ပြေ​သော​ကြောင့်လည်းDollar Plantဟုတင်စား​ခေါ်​ဝေါ်ခြင်းဖြစ်သည်။

​​ကျောက်စိမ်းပင်သည်​အေးမြ​သော​ဆောင်းရာသီချိန်တွင်အပွင့်များပွင့်တက်ပြီးကြယ်ပုံစံအပွင့်အဖြူ  (သို့)ချယ်ရီပန်းကဲ့သို့ပန်း​ရောင်အဆင်ပွင့်​လေ့ရှိပါသည်။

အရွက်ဝိုင်းဝိုင်းအသွင်​ကြောင့်ပိုက်ဆံအ​ကြွေ​စေ့နဲ့ဆင်တူခြင်း​ကြောင့်လည်းကြွယ်ဝခြင်းနမိတ်​ဆောင်ခြင်းဟုဆိုပါသည်။ အပွင့်လည်းလှအပင်အရွယ်အစားအားဖြင့်လည်း​သေးငယ်​သော​ကြောင့်အလုပ်စားပွဲတွင်လည်းအလှစိုက်ပျိုးနိုင်ပါသည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ

အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း

ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ

Credit By: Real Residence
Posted By : Ra Wai (ShweProperty.com)