အိမ်မှာမိသားစုပုံတွေချိတ်တာကောင်းပါသလား။မိသားစုဝင်တွေ စုပေါင်းရိုက်ထားတဲ့ ဓာတ်ပုံခပ်ကြီးကြီးကို ဧည့်ခန်းမှာချိတ်ရပါမည်
မိသားစုဝင်တွေအကုန်ပါပြီး လူတိုင်းမျက်နှာကပြုံးနေ ပါမယ်အိမ်မှာတစ်ဦးချင်းစီရဲ့ပုံတွေကို သီးသန့်စီ ခွဲပြီးချိတ်တာထက် မိသားစုလိုက်ပုံကိုပဲ ချိတ်သင့်ပါ တယ်ဧည့်ခန်းကလွဲလို့ တခြားနေရာတွေမှာတော့ ကိုယ့်ပုံကိုယ်ချိတ်လို့ရပါတယ်

အိမ်မှာ အလှထားတဲ့ အရုပ်တွေကို တစ်စုံစီထားရမလားတစ်ရုပ်တည်းထားရမလား။တစ်စုံစီ ထားရပါမယ်ဥပမာ-ဇီးကွက် ရုပ်ဆိုရင် အဖိုအမစုံတွဲပေါ့။ ငါးဆိုလည်း နှစ်ကောင်၊ ဟင်္သာဆိုလည်း နှစ်ကောင်။စုံတွဲတွေ ဆိုပေမယ့်



လိပ်ပြာစုံတွဲတော့မကောင်းပါဘူးလိပ်ပြာနှစ်ကောင်တော့ နိမိတ်မ ကောင်းလို့ အိမ်မှာမထားသင့်ပါဘူး။ အဲဒါတစ်ခုတော့ ရှောင်ပါ။

အိမ်မှာ ဓာတ်ပုံချိတ်တာကောင်းတယ်ဆို။ဒါပေမဲ့ဓာတ်ပုံမှာလူသုံးယောက်ပဲပါတယ်ဆိုရင်တော့မကောင်းဘူးဆိုတာဟုတ်ပါသလားသူငယ်ချင်းသုံးယောက်၊ သူစိမ်း သုံး ယောက်ပုံတွေသာ မကောင်းတာပါ။

မိသားစုသုံးယောက်ပုံဆိုရင်တော့ ကောင်းပါတယ်မိသားစုသုံး ယောက်ဆိုရင်တော့အလယ်ကလူကအိမ်ထောင်ဦးစီး၊ဒါမှမဟုတ်အဖေ၊အမေပေါ့။ ရှောင်သင့်တဲ့အ ချက်ငါးချက်ကတော့အောက်ပါအတိုင်းပါ

၁။မိသားစုဝင်တွေရဲ့ ဓာတ်ပုံကို အိမ်သာနဲ့ မျက်နှာချင်း ဆိုင်မှာ မချိတ်ရ။
၂။ ကိုယ့်ပုံကို မင်္ဂလာမရှိတဲ့နေရာကိုမျက်နှာမူပြီးမချိတ်ရ။
၃မိသားစုပုံကိုအိမ်ရှေ့တံခါးမကြီးရဲ့ မျက် နှာချင်းဆိုင်မှာ မချိတ်ရ။
၄။မိသားစုပုံကို လှေကားနဲ့မျက်နှာချင်းဆိုင် မှာမချိတ်ရ။၅။ မိသားစုပုံကို မြေအောက်ခန်းမှာမချိတ်ရ။ကတ်ကြေးတို့၊ ဓားတို့ကို စားပွဲပေါ် မတင်ရဘူးဆို။

အလုပ်စားပွဲပေါ်မှာ ကတ်ကြေးတို့ ဓားတို့ရဲ့အချွန်ကို ကိုယ့်ဘက် လှည့်မထားရဘူး။ ဒါဆိုရင် အဆိပ်မြားတွေကကိုယ့်ဘက်ကိုဦးလှည့်သ လိုဖြစ်နေမယ်။

ဒါမှမဟုတ် ဓားဦး၊ ကတ်ကြေး ထိပ်ဖျားတွေကို မိတ်ဆွေထိုင်တဲ့ဘက် လှည့်ထားရင် လည်း မိတ်ဆွေချင်း ပဋိပက္ခဖြစ်တတ်တယ်။ နောက် ပြီး ကပ်ကြေးတို့၊ ဓားတို့ကို မိတ်ဆွေ အချင်းချင်း လက်ဆောင်မပေးရပါဘူး။

မိတ်ဆွေကိုထားတော့။ရန်သူကို ဓားတွေ၊ ကတ်ကြေးတွေ ပေးမိရင်တော့ပဋိပက္ခက ပိုဆိုး လာလိမ့်မယ်။ လူတစ်ယောက်ယောက်နဲ့ စကားပြောရင်လည်း ကတ်ကြေးကိုင်ထားရင်း ကတ်ကြေး ဦးနဲ့ ထိုးထိုးပြီး စကားမပြောပါနဲ့။ဒါလည်း ရှောင်သင့်တဲ့အချက်ပဲ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အဲကွန်း မသုံးပဲ မိမိအိမ်ကို အပူဒဏ်သက်သာအောင် ပြုလုပ်နည်း(၄) မျိုး

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

ကံကောင်းစေဖို့ အိမ်တွင်းမှာထားသင့်တဲ့ အရာ(၇)မျိုး

အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက် လာစေတဲ့ ပစ္စည်း (၇)မျိုး


Credit By :မြန်မာ့မြင်ကွင်းစုံ
Posted By :Chan Myae (ShweProperty.com)