ဖုန်းရွှေပညာအရပြောရင် တြိဂံပုံမြေကွက်ပေါ်မှာ ဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာ စိတ်ဖိစီးမှုကိုခံရမယ်။အိမ်သူအိမ်သားတွေစည်းလုံးမှုမရှိဘဲ မသင့်မြတ်မှုတွေသာဖြစ်မယ်။စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင်ဆုံးရှုံးမယ်။အိမ်ထောင်ရှင်တွေရှိရင်လည်း အိမ်ထောင်ဘက်တစ်ဦးဦးသစ္စာဖောက်လိမ့်မယ်။
 
တြိဂံမြေကွက်ပေါ်မှာ အိမ်ဆောက်ရင် အိမ်ရှေ့ဘက်ကျတဲ့ ထောင့်စွန်းမှာဓာတ်မီးတိုင်ထားရ မယ်။ ဒါမှမဟုတ်ရင် အလံတိုင်တစ်ခုထားရမယ်။ အလံတိုင်ကိုအလံလွှင့်ထားရင်ပိုကောင်းမယ်။
 

 
တြိဂံပုံမြေကွက်ထဲမှာပဲ ကြက်လျှာစွန်းလို မြေကွက်မျိုးမှာ ချွန်မြတဲ့ထောင့်စွန်းတစ်ခုပါစမြဲပဲ။ အဲသည်ထောင့်စွန်းကို စည်းရိုးပင်တွေထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။မြန်မာပြည်မှာ အများဆုံးအစိုက်များတာက ပုဏ္ဏရိပ်ပင်တွေများတယ်။ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံးခြံစည်းရိုးပင် ပါ။ထောင့်ချိုး မညီတဲ့မြေကွက်တွေ၊တြာပီဇီယံပုံ မြေကွက်တွေ၊ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ဖုန်းရွှေ ကောင်းလာအောင်ယင်၊ယန်ညှိပေးဖို့သိပ်ခက်ပါတယ်။
 

ထောင့်မှန်မကျတဲ့ဘက်မှာ ပုဏ္ဏရိပ်ပင်တွေစိုက်ပြီး ယင်၊ယန်ကိုညှိပေးရတယ်။အုတ်တံတိုင်း ကာထားရင်လည်း အုတ်တံတိုင်းတစ်လျှောက်မှာ ပန်းအိုးလေးတွေစီပြီး အလှစိုက်ထားပါ။ အနားမညီ၊ပုံစံမမှန်တဲ့ မြေကွက်တွေကတော့ မြို့ပြအိမ်ရာကွက်တွေမှာတွေ့ခဲပါတယ်။

 

အနားမညီ၊ ထောင့်မညီ၊ပုံစံမမှန်တဲ့ မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီးနောက်ရှူးသွားတဲ့မြေကွက်ရယ်၊ရှေ့ရှူးပြီး နောက်ကိုကားသွားတဲ့ ဇလားပုံလို့ခေါ်တဲ့တြာပီဇီယံပုံစံမြေကွက်တွေအတွေ့များတတ်ပါတယ်။အထူးသဖြင့် အဲသည်မြေကွက်မျိုးတွေက လမ်းထောင့်တွေမှာရှိတာများတယ်။အဲသည်လို ဇလားပုံအမှောက်မြေကွက်၊ဇလားပုံအလှန်မြေကွက်တွေမှာ လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးသွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။
 
လျှပ်စစ်ဓာတ်တိုင်တွေစိုက်ပေးရတယ်။အုန်းပင်၊ကွမ်းသီးပင်တွေစိုက်ရင်လည်းရပါတယ်။  အလံတိုင်စိုက်ရင်လည်းရပါတယ်။ဒါပေမဲ့ လျှပ်စစ်မီးတိုင်ကတော့ အကောင်းဆုံးပါပဲ။
 

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ဝယ်ယူရာတွင် ဝယ်ယူသူအနေဖြင့် အလေးအနက် ဂရုပြုသင့်သော အချက်များ
 
သဘာဝဘေးအန္တရာယ်နှင့် အိမ်ငှားတို့၏ အခွင့်အရေး
 
အိမ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ဖုန်းရွှေ ပညာရပ်ဆိုင်ရာ အယူအဆများ
 
ပါမစ်မြေနဲ့ ဂရန်မြေ ဝယ်မယ်ဆိုရင် အလိမ်မခံရအောင် သိထားဖို့
 
Credit By: Kumudra 
Posted By : Sint Sint (ShweProperty.com)