အိမ်တိုင်းအိမ်တိုင်းဟာ လျှပ်စစ်မီးကို နေ့စဉ်နဲ့အမျှ အသုံးပြုနေကြပါတယ်။လျှပ်စစ်အသုံးပြုနေပေမယ့် လျှပ်စစ်အန္တရာယ်မဖြစ်အောင် လျှပ်စစ်မီး ခလုတ်နဲ့ ပလပ်ပေါက်တွေကို စနစ်တကျထားဖို့ ဗဟုတသု အာလုံးမှာရှိသင့်ပါတယ်။

အိမ်မှာ လျှပ်စစ်မီးပလပ်ပေါက်နဲ့ မီးခလုတ်တွေကို စနစ်တကျ မထားရင် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လျှပ်စစ် အန္တရာယ်တွေ ရှိနိုင်ပါတယ်။

ဒါ့ကြောင့် လျှပ်စစ်မီးအန္တရာယ် ကင်းဝေးဖို့ လျှပ်စစ်မီးခလုတ်နဲ့ ပလပ်ပေါက်တွေကို  စနစ်တကျ ဘယ်လိုထားရမလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

မီးဖိုချောင် Kitchen Countertop မှာ ပလပ်ပေါက်ကို ထားပါ

မီးဖိုချောင်ဟာ သင့်ရဲ့အိမ်အတွက် အရေးကြီးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ စိုထိုင်းမှုတွေရှိနေနိုင်တဲ့အတွက် မီးပလပ်ပေါက်ကို စနစ်တကျထားဖို့ အရမ်းအရေးကြီးပါတယ်။
ဒါ့ကြောင့် မီးဖိုချောင်ရှိ ပန်းကန်ဆေးတဲ့နေရာလိုမျိုး စိုထိုင်းမှုမရှိတဲ့ နေရာနဲ့ ဝေးတဲ့ Kitchen Counter Top နေရာမှာမီးပလပ်ပေါက်ကိုထားပါ။
အဲဒီနေရာမှာ သင်အသုံးပြုမယ့် လျှပ်စစ်ပစ္စည်းတွေကို စနစ်တကျစီစဉ်ပါ။ ပြီးရင် ဘယ်ပစ္စည်းကို ဘယ်ပလပ်ပေါက်မှာ သုံးမယ်ဆိုတာကို မှတ်သားထားပါ။



ရေချိုးခန်းရဲ့ အပြင်ဘက်မှာထားပါ

ရေချိုးခန်းအတွင်း စိုထိုင်းမှုရှိနိုင်တဲ့အတွက် ရေချိုးခန်းရဲ့ အပြင်ဘက်မှာ လျှပ်စစ်အသုံးပြုမယ့် မီးခလုတ်ကို ထားသင့်ပါတယ်။
ရေချိုးခန်းအတွင်း မီးအသုံးပြုဖို့ မလိုတဲ့အခါမှာလည်း အပြင်က အလွယ်တကူ ပိတ်လို့ရအောင်ဖြစ်ပါတယ်။

အိမ်ခန်း

အိပ်ယာ ၊ ကုတင်နဘေးမှာ မီးပလပ်ပေါက်ကို ထားမယ်ဆိုရင် သင်အလုပ်လုပ်ဖို့ ကွန်ပျူတာ အသုံးပြုတဲ့ အခါ (သို့) အွန်လိုင်းမှ အတန်းတက်တဲ့အခါ ကွန်ပျူတာကို အားသွင်းနိုင်မှာဖြစ်ပါတယ်။သင့်ရဲ့ဖုန်းကိုလည်း အလွယ်တကူ အားသွင်းနိုင်မှာပါ။
ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ အိပ်ခန်းက လက်တွေ့ကျကျ အသုံးဝင်နေမှာဖြစ်ပါတယ်။

ဧည့်ခန်း

အိမ်တစ်အိမ်မှာ ဧည့်ခန်းဟာ အရေးကြီးပါတယ်။ လျှပ်စစ်မီးအများဆုံး အသုံးပြုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဧည့်ခန်းအတွင်းမှာ ရှိတဲ့ တီဗွီ ၊ အဲကွန်း စသဖြင့် ပစ္စည်းအများစု အသုံးပြုတဲ့နေရာလည်းဖြစ်လို့ တစ်ခုခြင်းစီအတွက် မီးပလပ်ပေါက်တွေကို စနစ်တကျထားသင့်ပါတယ်။
လိုအပ်ရင် extension board အသုံးပြုသင့်ပါတယ်။

စာကြည့်ခန်း

စာကြည့်ခန်းဟာ သင့်အတွက် အရေးကြီးပါတယ်။ စာကြည့်ခန်းထဲမှာ သင့်အတွက် မီးအလင်းရောင်ကောင်းကောင်းရဖို့လိုပါတယ်။ မီးအိမ်ထားမယ့်နေရာ ၊ သင့်ရဲ့ ကွန်ပျူတာ နဲ့ အထောက်အကူပစ္စည်းတွေ အလွယ်တကူအသုံးပြုနိုင်ဖို့အတွက် မီးပလပ်ပေါက်ကို စနစ်တကျထားသင့်ပါတယ်။



ကားဂိုဒေါင်

တစ်အိမ်လုံးသုံးတဲ့ လျှပ်စစ်မီး မိန်းကို အားဂိုဒေါင်ထဲမှာထားသင့်ပါတယ်။ လျှပ်စစ်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေမယ့် အရာများကိုလည်းအဆင့်သင့်ထားပါတယ်။ ကားဂိုဒေါင်အတွက် လျှပ်စစ်တံခါးပြုလုပ်မယ်ဆိုရင်လည်း လျှပ်စစ်တံခါးအတွက် မီးခလုတ်ကို သီးခြားစီထားပါ။
ကားဂိုဒေါင်အတွက် အသုံးပြုတဲ့ မီးခလုတ်တွေကိုလည်း စနစ်တကျထားသင့်ပါတယ်။

စတိုခန်း

စတိုခန်းရဲ့ အပြင်မှာ မီးခလုတ်ကို ထားပါ။ စတိုခန်းဟာ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေများတဲ့အခါ မှောင်နေတတ်ပါတယ်။ မှောင်နေတဲ့အခါ အပြင်က မီးခလုတ်ကို အလွယ်တကူဖွင့်ပြီး ပစ္စည်းတွေကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဟောင်းနွမ်းနေတဲ့ လျှပ်စစ် ဝါယာကြိုးတွေကို ပြုပြင်ပါ။
လျှပ်စစ်အသုံးပြုတဲ့အခါ စိုစွတ်နေတဲ့ လက်နဲ့ မကိုင်ပါနဲ့။

ဟောင်းနွမ်းနေပြီး ၊ အကြာကြီး မသုံးဘဲ ပစ်ထားတဲ့ Extension Board တွေကို အသုံးပြုခြင်းမှရှောင်ပါ။ ဒီအချက်တွေကို လိုက်နာကျင့်သုံးရင် အိမ်တွင်းလျှပ်စစ်အန္တရယ် ဖြစ်စေနိုင်တဲ့ အခြေအနေက ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ 

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်တွင်းစိုက်ပျိုးတဲ့ အပင်များနဲ့ အလင်းရောင်လိုအပ်ချက်

အိပ်ခန်းနံရံတွေကို ဘာအရောင် သုတ်သင့်သလဲ

မှားယွင်းလေ့ရှိသည့်အိမ်အလှဆင်နည်းများ

သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
Written By: Shwe Kyaw, ShweProperty.com
Posted By : Ra Wai, ShweProperty.com