ကိုယ်တိုင်ကိုယ်ကျအိမ်တွင်းအလှဆင်မှုပြုလုပ်လိုပေမယ့် ကိုယ့်စိတ်ကူးအတိုင်း လက်တွေ့မှာအနီးစပ် ဆုံးပြင်ဆင်ပုံဖော်နိုင်ခြင်းမရှိတာတွေ၊ စိတ်တိုင်းကျဖြစ်ပေမယ့် မှန်းထားတာထက် ကုန်ကျစရိတ်ပိုများသွားတာ တွေ စသဖြင့် အိမ်အလှဆင်ခြင်းမှာ အခက်အခဲလေးတွေ၊ အမှားအယွင်းလေးတွေကြုံတွေ့ရတတ်ပါတယ်။ စိတ် ကူးအိပ်မက်ထဲကအတိုင်း ယုံကြည်ချက်ရှိရှိစတင်နိုင်ဖို့၊ ပထမဆုံးအကြိမ်ကြိုးစားလုပ်ဆောင်သူတွေအတွက် နည်းမှန်လမ်းမှန်ဖြစ်အောင်ကူညီပေးနိုင်ဖို့ အိမ်အလှဆင်ခြင်းမှာကြုံတွေ့ရလေ့ရှိတဲ့ အဓိကမှားယွင်းမှု(၇)ချက် ကိုဖော်ပြပေးသွားမှာဖြစ်ပြီး ဒီမှားယွင်းမှုတွေကို ဘယ်လိုပြန်ပြီးမှန်ကန်အောင် ဖြည့်ဆည်းပြင်ဆင်ပေးနိုင်မလဲ ဆိုတဲ့အချက်လေးတွေပါ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ ဆေးရောင်ကိုအဦးဆုံးရွေးချယ်ခြင်း 

အခန်းမှာဆေးသုတ်တာက အခန်းအလှဆင်ခြင်းရဲ့ အကြီးမားဆုံးကဏ္ဍတစ်ခုဖြစ်တယ်ဆိုရုံနဲ့ သုတ် မယ့်ဆေးနဲ့ဆေးအရောင်ကို အရင်ဦးဆုံးဦးစားပေးရွေးချယ်ဝယ်ယူရမယ်လို့ မဆိုလိုနိုင်ပါဘူး။

ဖြေရှင်းချက်- ကြမ်းခင်းကော်ဇောတွေ၊ ခေါင်းအုံးတွေ၊ ခန်းဆီးလိုက်ကာတွေ၊ ထိုင်ဖုံခင်းတွေလိုမျိုး အလှဆင်အ ထည် စတာတွေကို နေရာချဖို့ရွေးချယ်ပြီးပြီဆိုတာနဲ့ ဒါတွေနဲ့အလိုက်ဖက်ဆုံးဆေးအရောင်ကို အလွယ်တကူပဲ ရွေးချယ်ဝယ်ယူလိုက်ရုံပါပဲ။ ကိုယ်အသုံးပြုရမယ့်အထည်စအခင်းအကျင်းတွေနဲ့မှ ဆေးအရောင်ကို ကိုက်ညီ ရွေးချယ်တာမျိုးက ပိုမိုလွယ်ကူသလို ပိုပြီးလှပစွဲမက်ဖွယ်ဖြစ်စေပါတယ်။

၂။ တိုင်းထွာခြင်းမပြုဘဲပရိဘောဂများဝယ်ယူခြင်း

ကျယ်ဝန်းလှတဲ့အရောင်းပြခန်းထဲမှာခင်းကျင်းရောင်းချနေတဲ့ ပရိဘောဂတွေရဲ့အတိုင်းအထွာကို မှန်း ဆဆုံးဖြတ်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ အရောင်းပြခန်းထဲမှာ အရမ်းကိုလှပနေလို့ ဝယ်ချလာခဲ့တဲ့ကော်ဖီစားပွဲပု လေးက အိမ်လည်းရောက်ရော ဧည့်ခန်းရဲ့တစ်ခန်းလုံးနီးနီးလောက်နေရာယူသွားတာမျိုး လွဲမှားမှုတွေလည်း မ ကြာခဏကြုံတွေ့ရတတ်ပါတယ်။



ဖြေရှင်းချက်- ဝယ်ယူချင်တဲ့ပရိဘောဂကိုတွေ့ပြီဆိုတာနဲ့ အတိုင်းအထွာကိစ္စကိုအရင်ဦးဆုံးချင့်တွက်ကြည့်ပါ။ အိမ်ကထွက်မလာခင်ကတည်းက ကိုယ့်ဧည့်ခန်း သို့မဟုတ် အိပ်ခန်းတွင်းမှာ အကျယ်ဆုံးဝင်ဆံ့နိုင်မယ့်ပမာဏ ကို တိုင်းထွာမှတ်သားလာခဲ့ပါ။ ကိုယ်ကြိုက်လို့ဝယ်မယ့်ပရိဘောဂရဲ့အတိုင်းအထွာကို မေးမြန်းစုံစမ်းကြည့်ပြီး ကိုယ့်အခန်းမှာဝင်ဆံ့နိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ မျက်စိမှိတ်ဝယ်ချလာလို့ရပါပြီ။

၃။ တစ်ဆိုင်တည်းတွင်သာဝယ်ယူခြင်း

ဒီနေ့ခေတ်မှာ တစ်ဆိုင်တည်းမှာပဲအစအဆုံးအပြည့်အဝဝန်ဆောင်မှုပေးတဲ့ One-Stopတွေများလာခဲ့ ပြီး ဝယ်ယူသူတွေအနေနဲ့လည်း တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ဝယ်နေရတာမျိုးထက် တစ်ဆိုင်တည်းမှာပဲ အေးအေးလူလူဝယ်ယူရတာကို ပိုပြီးအကြိုက်တွေ့လာကြပါတယ်။ တစ်ဆိုင်တည်းကနေပဲဝယ်လာတဲ့အရာတွေ နဲ့ တစ်အိမ်လုံးကိုအလှဆင်တဲ့အခါ စိတ်ဝင်စားမှုလျော့ကျစေတဲ့ အပြင်အဆင်မျိုးဖြစ်သွားစေပါတယ်။

ဖြေရှင်းချက်- မတူကွဲပြားတဲ့ဒီဇိုင်းပစ္စည်းအမျိုးမျိုးကိုတင်ရောင်းနေတဲ့ဆိုင်နဲ့ အွန်လိုင်းစတိုးတွေမျိုးမှာ ကုန်အ မှတ်တံဆိပ်အမျိုးမျိုး၊ စက်ရုံအမျိုးမျိုးကနေထုတ်လုပ်တဲ့ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပါ။ အိမ်မှာ စတိုုင်လ်တစ်မျိုးတည်းနဲ့ ပြင်ဆင်မွမ်းမံသွားမယ်ဆိုရင်တောင် ပုံစံခွက်ထဲကနေထွက်လာတာမျိုး မဖြစ်စေတော့ ပါဘူး။

၄။ ပစ္စည်းအစုံလိုက်ဝယ်ယူခြင်း

တစ်ဆိုင်တည်းမှာ ဝယ်ယူတဲ့ One-Stop Shopping ပြီးတော့ နောက်ထပ်တစ်မျိုးက ပရိဘောဂတွေကို တစ်ခုနဲ့တစ်ခုလိုက်ဖက်အောင် ဘာမဆိုအစုံလိုက်ဝယ်ယူခြင်းကလည်း လွဲမှားမှုတစ်မျိုးပါပဲ။ အိပ်ခန်းပရိဘော ဂအစုံ၊ စားပွဲနဲ့ဆိုဖာခုံအစုံ စသဖြင့် အစုံလိုက်တွေရောင်းချတာမျိုးဘက်ကို ဝယ်သူတွေစိတ်ယိုင်တတ်ကြပါ တယ်။ တော်ရုံလေးပဲသပ်သပ်ရပ်ရပ်ဖြစ်ရင်ရပြီဆိုတဲ့သူတွေအတွက်ကတော့ ဒီလိုအစုံလိုက်ဝယ်ယူမှုမျိုးက များ များစားစားစဉ်းစားနေစရာမလိုဘဲ လွယ်ကူတဲ့နည်းလမ်းဖြစ်ပေမယ့် အစုံလိုက်မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုမတူကွဲ ပြားပေမယ့် လိုက်ဖက်နေတဲ့အပြင်အဆင်မျိုးလေးကို စိတ်ရှည်စွာနဲ့ တစ်မျိုးချင်းစီတွဲဖက်ရောယှက်ပြီးဆင်ယင် ပေးတဲ့အခါမှာတော့ ပိုပြီးစွဲလမ်းနှစ်သက်ဖွယ်အပြင်အဆင်မျိုးလေးကို ရရှိစေနိုင်ပါတယ်။

ဖြေရှင်းချက်- စိတ်ကြိုက်အဖြစ်ဆုံးအဓိကအစိတ်အပိုင်းတစ်ခုကို  အရင်ဆုံးနေရာချလိုက်ပြီး ကျန်တာတွေကို တော့ စက်ရုံမတူတာတွေ၊ အမှတ်တံဆိပ်မတူတာတွေမျိုးတွေနဲ့ ဝန်းရံနေရာချလိုက်ပါ။ ပုံမှာဆိုရင် ပုံစံမတူ၊ အ ရောင်မတူတဲ့စားပွဲခုံနှစ်မျိုးကိုတွဲဖက်ပြီး နေရာချလိုက်တဲ့အခါ Catalogထဲမှာရှာမတွေ့နိုင်တဲ့ အထူးခြားဆုံးကိုယ် ပိုင်ဟန်အပြင်အဆင်လေးဖြစ်သွားစေပါတယ်။

၅။ မထင်မရှား အရောင်များကိုသာ ရွေးချယ်ခြင်း

မှားယွင်းတဲ့အလှဆင်နည်းတွေမှာ ဒါကလည်းသတိချပ်ဖွယ်ရာပါပဲ။ အရောင်ထင်းတာကိုသုံးရင် တော ဆန်တယ်လို့ထင်နေကြတာပါ။ အမှန်က အရောင်ထင်းတာချည်းကိုပဲ တစ်ရောင်တည်းသုံးမှ အမြင်ဆိုးစေတာ ဖြစ်ပါတယ်။ အရောင်ထင်းတာပဲဖြစ်ဖြစ်၊ အရောင်ဖျော့တာပဲဖြစ်ဖြစ်၊ တစ်ရောင်တည်းကိုတစ်မျိုးတည်းသုံးတာ မျိုးမလုပ်သင့်ပါဘူး။ ဆွဲဆောင်မှုအားနည်းသွားစေနိုင်တာကြောင့် တစ်ရောင်တည်းသုံးတာထက် အရောင်အနု အရင့်ကို တွဲဖက်ပြင်ဆင်ပေးသင့်ပါတယ်။

ဖြေရှင်းချက်- နံရံမှာ အရောင်အနုအရင့်နှစ်မျိုးကို ထင်ရှားစေမယ့်ဒီဇိုင်းပုံစံမျိုးနဲ့ အလှဆင်သင့်ပါတယ်။ နံရံကို တစ်ရောင်တည်းသုံးပြီးသားဖြစ်နေခဲ့ရင်တောင် နံရံအရောင်ကရင့်နေခဲ့ရင် အဖြူရောင် သို့မဟုတ် နုတဲ့အရောင်

ပါတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ရောစပ်အလှဆင်ပေးနိုင်ပါတယ်။ နံရံအရောင်က အဖြူ သို့မဟုတ် အနုဖြစ် နေခဲ့ရင်တော့ အလှဆင်ပစ္စည်းတွေကို အရောင်ရင့်တာမျိုးတွေနဲ့ တွဲစပ်ပေးနိုင်ပါတယ်။

၆။ ထင်ရှားလွန်းသည့်ပစ္စည်းများကိုသာရွေးချယ်အသုံးပြုခြင်း

ခုနကအချက်နဲ့ဆန့်ကျင်ဘက်အနေနဲ့ ဒီတစ်ခါမှာတော့ ထင်ရှားလွန်းတဲ့ပစ္စည်းတွေချည်းသာ အသုံးပြု မိနေတဲ့ လွဲမှားချက်ပဲဖြစ်ပါတယ်။ ကဗျာဆန်ဆန်လှပတဲ့အပြင်အဆင်မျိုးမှာ အရာအားလုံးက ထင်ရှားတောက် ပလွန်းနေတာမျိုးမဖြစ်စေသင့်ပါဘူး။ အားလုံးက ထင်ရှားလွန်းနေတဲ့အခါ ဘယ်အရာကိုအဓိကဦးစားပေးခံစား မြင်တွေ့စေလိုတယ်ဆိုတာတောင် မသိတော့ပဲဖြစ်သွားတတ်ပါတယ်။ ကိုယ်ကထင်ရှားစေလိုတဲ့အရာကိုအသား ပေးပြီး ကျန်တဲ့အလှဆင်ပစ္စည်းတွေကို အမြင်ငြိမ်တာမျိုးလေးတွေပဲရွေးသုံးပေးသင့်ပါတယ်။

ဖြေရှင်းချက်- သင့်မှာ ထင်ရှားပေါ်လွင်တဲ့အနုပညာပစ္စည်း၊ လှပတဲ့ခန်းဆီးလိုက်ကာစ၊ အရောင်သက်ဝင်လှပ တဲ့အထည်စတွေရှိတယ်ဆိုရင် အခြားအရာတွေ (ဥပမာ-ထိုင်ဖုံခင်း၊ ကော်ဇောစသည်)တို့ကို ရိုးရှင်းလှပတာမျိုး လေးပဲရွေးပေးပါ။



ပစ္စည်းအမျိုးအစားသစ်တွေရွေးချယ်တဲ့အခါမှာ သူ့မှာရှိနေတဲ့အမြင်ပိုင်းဆိုင်ရာတန်ဖိုးထက် ထည့်သွင်း အသုံးပြုမယ့်နေရာမှာ အံဝင်ခွင်ကျဖြစ်မဖြစ်စဉ်းစားပေးရမှာဖြစ်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါမှာ အရောင်ပိတ် ခေါင်းအုံးတွေ၊ မီးခိုးရောင်စောင်ခင်းတွေက ထင်ရှားပေါ်လွင်နေမှာမဟုတ်ပေမယ့် တကယ်တမ်းကိုယ့်နေရာ လေးမှာအံဝင်ခွင်ကျလှပတဲ့ရွေးချယ်မှုမျိုးလေး ဖြစ်သွားနိုင်ပါတယ်။

၇။ အတိတ်ဟောင်းအပြင်အဆင်များကိုမစွန့်လွှတ်နိုင်ခြင်း

ရက်တွေလတွေကြာညောင်းလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာတဲ့အစုအပုံလိုက်တွေကို စွန့်လွှတ်ရ ခက်ခဲလာတတ်စေပါတယ်။ အရင်ကအသုံးပြုခဲ့တဲ့ ဒီဇိုင်းပြင်ဆင်မှုအဟောင်းကို အလုံးစုံမပြင်ဆင်နိုင်ရင်တောင် ခေတ်မီတဲ့အပြင်အဆင်တချို့ပေါင်းစပ်ပေးရုံနဲ့ ဟောင်းနွမ်းတဲ့အပြင်အဆင်ကို ပြောင်းလဲပစ်လိုက်နိုင်စွမ်းရှိပါ တယ်။ ဥပမာ- လွန်ခဲ့တဲ့နှစ်တွေမှာ ရွှေရောင်တောက်တောက်အသုံးအဆောင်တွေအသုံးများခဲ့ပေမယ့် ယနေ့ ခေတ်စားနေတာကတော့ မှုန်ညက်နေတဲ့ရွှေရောင်အပြင်အဆင်တွေပဲဖြစ်ပါတယ်။

ဖြေရှင်းချက်- လိမ္မော်ရောင်ထနေအောင်စုတ်နေတဲ့အိမ်နံရံတွေ၊ နံရံကပ်စက္ကူတွေကြောင့် အိမ်ခန်းအပြင်အဆင် ဟောင်းနွမ်းသွားပြီဆိုလို့ လှပခေတ်မီတဲ့အပြင်အဆင်နဲ့ ဘယ်တော့မှမနေရတော့ဘူးလို့မတွေးလိုက်ပါနဲ့။ ယနေ့ ခေတ်တိုးတက်လာတဲ့နည်းပညာတွေအရ ဟောင်းနွမ်းမှုတွေကနေအကောင်းဆုံးပြန်လည်ပြောင်းလဲနိုင်စေဖို့ အ ကြံဉာဏ်ကောင်းတွေရယူနိုင်ပါတယ်။ မှားယွင်းနေတဲ့အိမ်ခန်းအလှဆင်နည်းတွေကို နားလည်သိရှိပြီးတဲ့နောက် ဘယ်လိုရှောင်ကြဉ်လုပ်ဆောင်ရမလဲဆိုတဲ့အကြံပြုချက်တွေကနေ ကိုယ်နဲ့အလျဉ်းသင့်ဆုံးအပြင်အဆင်အ  တွက် ဂရုတစိုက်လိုက်နာဆောင်ရွက်ရုံနဲ့ သင့်စိတ်တိုင်းကျလှပတဲ့အပြင်အဆင်လေးကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါ တယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ


Credit By : Myanmar Home & Decor Magazine
Posted By : Ra Wai, ShweProperty.com