သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက Houseplants လေးများကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ tips လေး 10 ခုကို ဝေမျှပေးလိုက်ပါတယ်ရှင်

1. မြေကြီးကို ထိတွေ့ကြည့်ပါ

အိမ်မှ အိုးထဲက အပင်လေးကို ရေလောင်းရမလား/ မလောင်းရသေးဘူးလား မသေချာရင် အပင်အများစုအတွက် အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးကတော့ မြေကြီးရဲ့ ပထမ တစ်လက်မလောက်ကို ထိတွေ့ကြည့်ပါ။ ခြောက်သွေ့နေရင်တော့ အပင်က ရေလိုနေပြီဆိုတာကို ညွှန်ပြနေပါတယ်။

အကယ်၍ အရွက်များပါ ခြောက်ပြီး အရောင်လွင့်နေပြီဆိုရင်တော့ ပုံမှန်ထက် အနည်းငယ်ရေပိုလောင်းပေးဖို့ လိုနေပါပြီ။

2. အိုးမှာ ရေဆင်းပေါက်ရှိပါစေ

အိုးမှာ ရေဆင်းပေါက်ရှိခြင်းက အပင်နှင့် မြေကြီးအတွက် အလွန်အရေးကြီးပါသည်။ သင့်တော်သော ရေစီးဆင်းခြင်းက အမြစ်ကို လေရရှိစေပြီး အမြစ်က ရေထဲတွင် ထိုင်နေကာပိတ်လှောင်နေခြင်းထက် ပိုကောင်းပါသည်။

3. အပင်၏ အကိုင်းအခက်များကို ညှပ်ပေးပါ (ချိုင်ပေးပါ)

ဟောင်းသွားသော အိုသွားသော အကိုင်းအခက်လေးများကို ဖြတ်ညှပ်ပေးခြင်းက အပင်ကြီးထွားဖို့ရန် ကူညီပေးပါလိမ့်မည်။ အထူးသဖြင့် ဆောင်းရာသီပြီးသွားလျှင် အပင်၏ ထိပ်ဖျားများနှင့် အရွက်များ ခြောက်နေခြင်းကို တွေ့ရသောအခါ အပင်ကို ညှပ်ပေးလိုက်ပါ။



4. အိမ်တွင်းအပင်များက တည်ငြိမ်သော အခြေအနေကို ကြိုက်နှစ်သက်သည်

သင့်အိမ်ကို အပင်တစ်ပင်ယူလာပြီဆိုရင် အပင်ဘယ်နေရာမှာ ထားမှာလဲဆိုတာ အရေးကြီးပါတယ်…လုံလောက်မှန်ကန်တဲ့ နေရောင်ခြည်ရရှိသော ပတ်ဝန်းကျင်နှင့် နေရာကို ရွေးချယ်ဖို့ လိုပါတတယ်..အပူချိန်အတက်အကျဖြစ်ခြင်း အပင်ကို မဖွံ့ဖြိုးစေဘဲ သေတောင်သေနိုင်သောကြောင့် အပူချိန်ကလည်း အရေးကြီးပါတယ်....အပင်အများစုက ကြိုက်နှစ်သက်သော အပူချိန်မှာ ၆၅ - ၇၅ ဒီဂရီဖာရင်ဟိုက် ဖြစ်ပါတယ်။

5. အိမ်တွင်းအပင်များကို မသေချာရင် မြေဩဇာ မကျွေးပါနဲ့

Houseplants များက အများအားဖြင့် ရှင်သန်ဖို့ရန် ရုန်းကန်စရာမလိုသောကြောင့် မြေဩဇာမလိုအပ်ပါ….အကယ်၍ ဘယ်လိုမြေဩဇာကို ဘယ်လောက်ကျွေးရမလဲ မသေချာရင် ကျော်သွားလိုက်တာက ပိုကောင်းပါတယ်..မြေဩဇာအလွန်များသွားရင် အပင်ကို ကူညီရာမရောက်ဘဲ သတ်ရာရောက်သွားပါလိမ့်မယ်။

6. ရေနည်းနည်းနှင့် မကြာခဏ လောင်းခြင်းထက် ရေရွှဲရွှဲ လောင်းပေးပါ

ရေနည်းနည်းနှင့် မကြာခဏရေလောင်းခြင်းက ထိပ်ဆုံးက အမြစ်များသာ ရေရရှိမည်ဖြစ်ပြီး အပင်က ရှင်သန်ဖို့ရန် မလုံလောက်နိုင်ပါ။ ရေများများရွှဲရွှဲလောင်းပေးခြင်းက အမြစ်အားလုံးရေရရှိနိုင်သည်။ ရေအလွန်အကျွံများသွားခြင်းကို ရှောင်ကြဉ်ရန် အပင်ကို ရေဖြေးဖြေးခြင်းလောင်းပေးပြီး မြေကြီးထဲ ရေစိမ့်ဝင်မှု ရှိ မရှိကို စောင့်ကြည့်ကာ ရေက မြေကြီးထဲ ထက်မစီးတော့ရင် ရေလောင်းခြင်းကို ရပ်လိုက်ပါ။

7. အပင်ကို ဆွဲနှုတ်ကာ အိုးသစ်ထဲသို့ မပြောင်းပါနဲ့

အပင်ကို ဆွဲနှုတ်ခြင်းက အပင်၏ ပင်စည်၊ အရွက်နှင့် ပန်းပွင့်များသာမက အမြစ်ကိုပါ ပျက်စီးစေပါတယ်..ထို့ကြောင့် မလိုအပ်ပဲ အပင်ကို ဆွဲနှုတ်ကာ အိုးအသစ်သို့ ပြောင်းခြင်းက ကောင်းမွန်တဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။

8. ပိုသေးတဲ့အပင်က အမြန်ဆုံးကြီးထွားတဲ့ အပင်ဖြစ်သည်

အပင်ဝယ်တဲ့အခါမှာ ကြီးတဲ့အပင် သို့မဟုတ် ကြီးပြီးသားအပင်ထက် ပိုမိုသေးသော အပင်ကို ရွေးဝယ်ပါ..အပင်ငယ်များက သင့်အိမ်မှာ ပိုမိုအနေကျနိုင်ပြီး အမြစ်များပိုမိုကြီးထွားရှင်သန်လာနိုင်ပါသည်။



9. အပင်ကို ဖုန်သုတ်ပေးပါ

အပင်၏ အရွက်မှာ ဖုန်များနေခြင်းက နေရောင်ခြည်မရရှိနိုင်ပါ။ အထူးသဖြင့် အပင်စိမ်းများနှင့် အရွက်ကြီးသော အပင်များ တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက်တော့ ရေစိုအဝတ်စနှင့် အရွက်၏ အပေါ်၊ အောက် နှစ်ဖက်စလုံးကို ညင်သာစွာ သုတ်ပေးဖို့ လိုအပ်ပါတယ်။

10. အပင်ကို အပေါ်မှ ရေလောင်းခြင်းထက် အောက်ခြေမှ ရေလောင်းခြင်းက ပိုကောင်းပါသည်

အပင်တစ်ပင် ပြန်လည်ရှင်သန်ဖို့ ရေလိုနေခြင်းက ရေပိုသွားခြင်းထက် ပိုမိုကုသရ မြန်ပါတယ်..

ရေများသွားတဲ့ အပင်ကို ပြန်ကောင်းစေဖို့ရန် အိုးပြောင်းပေးဖို့လိုအပ်ပါတယ်… အိုးအသစ်ထဲသို့ မပြောင်းရွှေ့ခင် မကျန်းမာသော မကောင်းသော အမြစ်များနှင့် ရေများနေသော မြေကြီးများကို ဖယ်ရှားပေးရန်လိုအပ်ပါသည်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့

သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင်

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Credit : FAME Organic Pharming Project
Posted By : Sint Sint (ShweProperty.com)