ယနေ့ခေတ်မှာ နေအိမ်ဧည့်ခန်းနဲ့ ရုံးခန်းအတွင်း အပင်လေးတွေ စိုက်တဲ့ ဓလေ့ ခေတ်စားလာပါတယ်။ သင့်ရုံးခန်းနဲ့ အိမ်ခန်းကို တခြားပစ္စည်းတွေနဲ့အလှဆင်တာထက် ပန်းပင်လေးတွေနဲ့ အလှဆင်ထားတာက ဘယ်လို အကျိုးကျေးဇူးတွေ ပိုရစေမလဲ။ သင့်အခန်းထဲ ပန်းပင်တွေက လေသန့်စင်စက်ထက် ပိုသန့်စင်အောင် စွမ်းဆောင်ပေးနိုင်တာ သိပါသလား။
 
အခန်းထဲမှာ အပင် တပင်ရှိတာက အခန်းတွင်းလေကို သန့်စင်ပေးနိုင်ပါတယ်။ လေသန့်စက်သီးသန့်ထပ်ဖွင့် စရာမလိုပဲ သဘာဝအတိုင်း လူကိုအဆိပ်တောက်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို အောက်စီဂျင် အဖြစ် ပြန်လည် သန့်စင်ပေးနိုင်လို့ပါပဲ။
 


အိမ်မှာ ပန်းပင်တွေ ထားမယ်ဆိုရင် အိပ်ခန်း၊ ရေချိုးခန်းနဲ့ ဧည့်ခန်းတွေမှာ ထားလို့ အသင့်တော်ဆုံးပါ။ အထူးသဖြင့် အစိမ်းရောင် အရွက်ဖားဖားနဲ့ တပတ်ကို ရေနည်းနည်းပဲ လောင်းရတဲ့ အာဖရိကမျိုးရင်းဝင် အပင်တွေ စိုက်တာ အကောင်းဆုံးလို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

အခုနောက်ပိုင်း အဆောက်အဦတွေက လူဦးရေလိုအပ်ချက်အရ ဆောက်ကြတာမို့ ပြတင်းပေါက်များများ ပါလေ့ မရှိပါဘူး။ ဒီလို ပုံမှန်လေဝင်လေထွက် ရဖို့တောင် ခက်တဲ့နေအိမ်တွေမှာဆို အပင်စိုက်ဖို့ ပိုသင့်တော်ပါတယ်။ ရုံးခန်း အများစု ဆိုလည်း ရှိတဲ့ပြတင်းပေါက်တွေတောင် လိုက်ကာကာပြီး အလုံပိတ် အဲကွန်းခန်းတွေမို့ အခန်းထဲမှာ လေသန့်စင်စေမယ့် အပင်စိမ်းလေးတွေစိုက်ထားသင့်ပါတယ်။
 
အလှဆင်ပြီးသားလည်း ဖြစ်သလို နေ့စဉ်အခန်းထဲမှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအတွက်လည်း ကျန်းမာရေးအရ သင့်တော်ပါတယ်။တချို့သူတွေကလည်း အပင်တွေကို “လာဘ်ဝင်စေတဲ့ အပင်”၊ “ကျန်းမာရေး ကောင်းစေတဲ့အပင်” ၊ “အောင်မြင်မှုကို ယူဆောင်ပေးတဲ့အပင်” စသဖြင့် ကိုယ်လိုချင်တဲ့ပေါ် မူတည်ပြီး ရွေးစိုက်လေ့ရှိကြသလို အပင် သေးလေး တွေကို အလုပ်စားပွဲပေါ်မှာ၊ အပင်ကြီးတွေကို အခန်းထောင့် (သို့မဟုတ်) အဝင်အထွက်နေရာတွေမှာ အလှဆင်ထားလေ့ရှိ ကြပါတယ်။



အပင်ထည့်တဲ့ အိုးတွေကိုလည်း တန်ဖိုးအနည်းအများပေါ်မူတည်ပြီး အလှဆင်တတ်သလို ကိုယ့် စားပွဲပေါ်က အပင် တွေကို တယောက်ချင်းစီ စိတ်ကြိုက် အလှဆင်ကြတာကိုလည်း မြင်တွေ့ရပါတယ်။ အခန်းတွင်းမှာ စိုက်တဲ့ အပင်တွေဖြစ်လို့ မြေကြီးထည့်စိုက်ရတဲ့ အပင်မျိုးနဲ့ မသင့်တော်ပါဘူး။
 
လေရူ အမြစ်တွေပါတဲ့ အပင်မျိုးပဲ စိုက်သင့်ပါတယ်။ ဖြစ်နိုင်ရင် အပင်အရင်းမှာ အုန်းဆံခြောက်လေးတွေ ထည့်ပြီး အမြစ်တွယ်မယ့် အပင်မျိုးရွေးပါ။ နေရာကျဉ်းကျဉ်းမှာ ကြီးထွားမှုနှေးပြီး အလုပ်ရှုပ်သက်သောစေမယ့် အပင်မျိုး ဖြစ်ရပါမယ်။
 
အခန်းတွင်းစိုက်ကြတဲ့ တချို့အပင်တွေဆို ရေမလောင်းဘဲ ရက်သတ္တပတ် တော်တော်ကြာတဲ့ထိအောင် ခံနိုင်ရည် ရှိတာမို့ သင့်အိမ်ခန်း၊ ရုံးခန်းအတွင်း ကျန်းမာရေးနဲ့အညီ လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေစိုက်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

ညအိပ်စက်မှု ပိုမိုကောင်းမွန်စေမယ့် အိမ်တွင်းစိုက်အပင် (၅) မျိုး
 
အိမ်တိုင်းစိုက်ထားသင့်သည့် ထောလပတ်ပင်
 
အပင်စိုက်ခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးအဖြာဖြာ
 
အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့

Credit By: Burma irrawaddy
Posted By: Ra Wai, ShweProperty.com