မြေကွက်ပုံစံကိုအရင်ဆုံးပြောပြပါမယ်။ဖုန်းရွှေပညာမှာ အိမ် ဆောက်ဖို့ အကောင်းဆုံး မြေကွက်ပုံစံနှစ်ခုရှိတယ်။ စတုရန်းပုံမြေကွက်နဲ့ ထောင့်မှန်စတုဂံပုံမြေကွက်နှစ်ခုကိုပဲအိမ်ဆောက်ဖို့ အသင့်တော်ဆုံးလို့ဖုန်းရွှေပညာကညွှန်းပါတယ်။

စတုရန်းပုံမြေကွက်က ဟန်ချက်ညီတယ်။ကောင်းတဲ့ကောင်းကင်ချီတွေကိုစုတ်ယူအားကောင်းတဲ့အတွက် ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေနဲ့ ပြည့်ဝနေတယ်။ယင်းနဲ့ယန် ညီညွတ်မျှတမှုရှိတယ်။ ဖုန်းရွှေ အားကောင်းတယ်လို့သာမန်အားဖြင့်ပြောလို့ရတယ်။ ယင်နဲ့ယန်ညီညွတ်မျှတအောင်ပြုပြင်စရာမလိုတော့ဘူး။ စတု ရန်းပုံမြေကွက်ပေါ်မှာ စတုရန်းပုံ ဒါမှမဟုတ် ထောင့်မှန်စတုဂံပုံကျတဲ့အိမ်ပုံစံမျိုးကိုဆောက်သင့်တယ်။ဒါမှ ဖုန်းရွှေအားတွေကို တိုးပွားစေမယ်။

ကမ္ဘာကျော်အဆောက်အဦကြီးတွေ၊တိဗက်ဘုန်းတော်ကြီးကျောင်းတွေ၊ ရှောင်လင်ကျောင်းတော်ကြီးတွေဟာ စတုရန်းပုံမြေကွက်ပေါ်မှာပဲတည်ဆောက်တယ်။စတုရန်းပုံမြေကွက်ပေါ်မှာ တည် ဆောက်တဲ့အိမ်တွေ၊အဆောက်အဦးတွေဟာ မြေငလျင်ဒဏ်၊ မြေသားပြတ်ရွေ့တဲ့ဒဏ်တွေကို ခံနိုင်စွမ်းရည်ရှိတယ်။

ဖုန်းရွှေအားကောင်းတဲ့ စတုရန်းပုံမြေကွက်ပေါ်မှာ ဆောက်တဲ့ အိမ်တွေဟာကျက်သရေမင်္ဂလာရှိတယ်။နေထိုင်ကြတဲ့ အိမ်သူ အိမ်သားတွေဟာကျန်းမာသန်စွမ်းပြီး အဆင်းရှုပကာလှပလိမ့်မယ်။ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနေသင့်တဲ့ မြေကွက်ပေါ့ကွာ။စတုရန်းပုံမြေကွက်ပေါ်မှာ အိမ်ဆောက်ပြီးနေနေသမျှ ကာလပတ်လုံးအမှုအခင်း အချုပ်အနှောင်နဲ့ ကင်းဝေးတယ်လို့ ဖုန်းရွှေပညာမှာ အဆိုရှိတယ်။

စတုရန်းပုံအကြောင်းလေး ပြောရဦးမယ်။ လက္ခဏာ ပညာမှာလဲညာဘက်အသက်လမ်းကြောင်းရဲ့အသက်လမ်း ကြောင်းပေါ်မှာ စတုရန်းကွက်လေးပါရင်ဥပစ္ဆေဒကကံနဲ့ မသေဘူး။ အမှုအချုပ်၊ထောင်ကျတဲ့ဘေးမျိုးမကျရောက်ဘူး လို့အဆိုရှိတယ်။ တို့မြန်မာတွေရဲ့ဂမ္ဘီရပညာ၊ဂန္ဓာရပညာရပ်တစ်ရပ်ဖြစ်တဲ့ အင်းပညာမှာအင်းဘောင်၊အင်းကွက်တွေဟာစတုရန်းပုံတွေပဲများတယ်။ပိုလည်းအစွမ်းထက်တယ်။

စတုရန်းပုံမြေကွက်ပြီးရင်ထောင့်မှန်စတုဂံပုံမြေကွက် အကြောင်းပြောပြမယ်။ထောင့်မှန်စတုဂံပုံမြေကွက်ကလည်းဖုန်းရွှေအား ကောင်းတယ်။ထောင့်မှန်စတုဂံပုံမြေကွက်မှာလည်းနောက်ဘက်သို့ရှည်တဲ့မြေကွက်ကဘေးဘက်ကိုရှည်ထွက်တဲ့မြေကွက်ထက် ဖုန်းရွှေအားကောင်းတယ်။အဲ့ဒီလိုမြေကွက်ပေါ်မှာအိမ်ဆောက်မိရင် စီးပွားတိုးတတ်မယ်။မိသားစုဘဝပျော်ရွှင်ချမ်းမြေ့မှုရမယ်။ စိတ်ချမ်းသာစွာ၊ကျန်းမာစွာနေထိုင်နိုင်ကြလိမ့်မယ်။

အယ်လ်(L)ပုံစံဖြစ်နေတဲ့မြေကွက်ပေါ်မှာအိမ်မဆောက်သင့်ဘူး။ သားခုတ်ဓါးနဲတူတယ်ဆိုတဲ့အယူမျိုးနဲ့ အယ်လ် (L) ပုံစံမြေကွက်ပေါ်မှာအိမ်မဆောက်သင့်ဘူးလို့ဆိုတာထက်ဖုန်းရွှေညံ့လို့ဆိုတာကပိုမှန်ပါတယ်။အယ်လ်(L)ပုံစံမြေကွက်မှာ ယင်၊ ယန်တွေညီညွတ်မှုမရှိပါဘူး။ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ မရဘူး။ အယ်လ်(L)ပုံစံမြေကွက်ပေါ်မှာအိမ်ဆောက်မိရင်အိမ်သူ အိမ် သားတွေဟာကောင်းမွန်တဲ့အခွင့်အလမ်းတွေနဲ့ လွဲလိမ့်မယ်။ စီးပွားရေးမှာပိတ်ဆို့ နားစီးမှုခံရလိမ့်မယ်။ဒုက္ခမျိုးစုံကြုံရမယ့် သဘောပေါ့။

အယ်လ် (L) ပုံစံမြေကွက်ပေါ်မှာအယ်လ် (L) ပုံစံအိမ်မဆောက်မိဖို့အရေးကြီးပါတယ်။ အယ်လ် (L) ပုံစံမြေကွက်ကို နှစ်ပိုင်းပိုင်းပြီးထောင့်မှန်စတုဂံမြေကွက်နှစ်ခု ဖြစ်အောင်လုပ်ပါ။ ထောင့်မှန်စတုဂံမြေကွက်တစ်ကွက်မှာစတုရန်းပုံစံကျတဲ့ အိမ်ကိုဆောက်ရလိမ့်မယ်။

အိမ်နောက်ဖက်မှာရေစင်ကြီးကြီး ဒါမှမဟုတ်ရင်မီးတိုင်မြင့်မြင့်စိုက်ပေးရမယ်။သစ်ပင်ကြီးစိုက်ပေးရင်လည်းရပါတယ်။မြေပိုတွေမှာပန်းလှလှလေးတွေပွင့်တဲ့ပန်းပင်စိုက်ပါ။တတ်နိုင်ရင်တော့အင်ကြင်းကျောက်တုံးကြီးတွေနဲ့ ကျောက်တုံးဥယျာဉ် (Stone qarden)လေးလုပ်ထားပါ။အဲ့ဒီအင်ကြင်းကျောက်တွေဟာ ကောက်းတဲ့ကမ္ဘာမြေပြင်ချီတွေကိုပွားများစေတဲ့အစွမ်းသတ္တိရှိတယ်။

မြန်မာပြည်အလယ်ပိုင်းကအင်ကြင်းကျောက်တွေတရုတ်ပြည် ယူနန်ပြည်နယ်မှာတော်တော်များများတွေ့ရတယ်။ဟို တယ်ကြီးတွေ၊စားသောက်ဆိုင်ကြီးတွေရဲ့ရှေ့မှာအင်ကြင်းကျောက်တုံးကြီးတွေကိုချထားတယ်။အလှပြတာမဟုတ်ပါဘူး။ ကောင်းတဲ့ကမ္ဘာမြေပြင်ချီတွေ ရောက်လာအောင်လုပ်တာပါ။

မြို့ပြတွေမှာတော့စတုရန်းပုံမြေကွက်နဲ့ စတုဂံပုံမြေကွက်တွေပဲ အတွေ့များပါတယ်။အယ်လ် (L) ပုံစံမြေကွက်တွေက တွေ့ခဲ့ပါတယ်။

နောက်အိမ်မဆောက်သင့်တဲ့မြေကွက်မျိုးက တြိဂံမြေကွက်ပဲ။မကောင်းတဲ့ကောင်းကင်ချီတွေအများဆုံး ကျရောက်တယ်။ ဖုန်းရွှေညံ့တဲ့ မြေကွက်ပဲ။ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ စဉ်စားမယ်ဆိုရင်လည်းတြိဂံပုံမြေကွက်မှာ အိမ်ဆောက်ရတာ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ဒီလိုပဲ အယ်လ် (L) ပုံစံမြေကွက်တွေပေါ်မှာ အိမ်ဆောက်ရတာလဲအချိုး မပြေ၊ အဆင်မလှဖြစ်မှာပဲ။ စတုရန်းပုံ၊ထောင့်မှန်စတုဂံပုံ မြေကွက်တွေအတွက် အိမ်ပုံစံဆွဲရတာ သိပ်အဆင်ပြေပါတယ်။

ဖုန်းရွှေပညာအရပြောရင် တြိဂံပုံမြေကွက်ပေါ်မှာဘယ်လိုအိမ်ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်အိမ်ဆောက်နေမယ်ဆိုရင် အိမ်သူအိမ်သားတွေဟာစိတ်ဖိစီးမှုကိုခံရမယ်။အိမ်သူအိမ်သားတွေ စည်းလုံးမှုမရှိပဲ မသက့်မြတ်မှုတွေသာဖြစ်မယ်။စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရင်ဆုံးရှုံးမယ်။အိမ်ထောင်ရှင်တွေ ရှိရင်လည်း အိမ်ထောင်ဖက် တစ်ဦးဦး သစ္စာဖောက်လိမ့်မယ်။

တြိဂံမြေကွက်ပေါ်မှာအိမ်ဆောက်ရင်အိမ်ရှေ့ဘက်ကျတဲ့ထောင့် စွန်းမှာ ဓါတ်မီးတိုင်ထားရမယ်။ဒါမှမဟုတ်ရင် အလံတိုင်တစ်ခုထားရမယ်။အလံတိုင်ကို အလံလွှင့်ထားရင် ပိုကောင်းမယ်။ သက်ဆိုင်ရာမိမိနိုင်ငံရဲ့နိုင်ငံတော်အလံကို လွှင့်ထူထားလည်း ရပါတယ်။

တြိဂံပုံမြေကွက်ထဲမှာပဲကြက်လျှာစွန်းလိုမြေကွက်မျိုးမှာ ချွန်မြတဲ့ထောင့်စွန်းတစ်ခုပါစမြဲပဲ။အဲ့ဒီထောင့်စွန်းကိုစည်းရိုးပင်တွေထူထူစိုက်ပြီး ဖြတ်ပစ်လိုက်ပါ။မြန်မာပြည်မှာ အများဆုံးအစိုက်များတာကပုဏ္ဏရိပ်ပင်တွေများတယ်။ပုဏ္ဏရိပ်ပင်ဟာ အကောင်းဆုံး ခြံစည်းရိုးပင်ပဲ။ထောင့်ချိုးမညီတဲ့မြေကွက်တွေ၊ထြာပီဇယံပုံမြေကွက်တွေ၊ ဇလားပုံမြေကွက်တွေကို အထူးရှောင်ရမယ်။ ဖုန်းရွှေကောင်းလာအောင် ယင်၊ ယန်ညှိပေးဖို့ သိပ်ခက်တယ်။



ထောင့်မှန်မကျတဲ့ဘက်မှာပုဏ္ဏရိပ်ပင်တွေစိုက်ပြီး ယင်၊ ယန်ကို ညှိပေးရတယ်။အုတ်တံတိုင်းကာထားရင်လဲအုတ်တံတိုင်းတစ် လျှောက်မှာပန်းအိုးလေးတွေစီပြီးအလှစိုက်ထားပါ။ အနားမညီ၊ ပုံစံမမှန်တဲ့မြေကွက်တွေကတော့ မြို့ပြအိမ်ယာကွက်တွေမှာ တွေ့ခဲပါတယ်။အလျား ၆၀ပေ၊ အနံ၄၀ပေ။အလျား၆၀ပေ အနံ ၂၀ပေရှိတဲ့ထောင့်မှန်စတုဂံပုံမြေကွက်တွေပဲများပါတယ်။အလျား နဲ့အနံပေတူတဲ့ စတုရန်းပုံမြေကွက်တောင် ခပ်ရှားရှားပါ။

အနားမညီ၊ထောင့်မညီ၊ ပုံစံမမှန်တဲ့မြေကွက်တွေထဲမှာဆိုရင် ရှေ့ကားပြီး နောက်ရှူးသွားတဲ့ မြေကွက်ရယ်ရှေ့ရှူပြီး နောက်ကိုကားသွားတဲ့ဇလားပုံလို့ခေါ်တဲ့ တြိဗီဇီယံ ပုံစံမြေကွက်တွေ အတွေ့များတတ်ပါတယ်။အထူးသဖြင့်အဲ့ဒီမြေကွက်မျိုးတွေက လမ်း ထောင့်တွေမှာရှိတာများတယ်။အဲ့ဒီလိုဇလားပုံအမှောက်မြေကွက်၊ ဇလားပုံအလှန်မြေကွက်တွေ မှာဆိုရင် လမ်းကျဉ်ထောင့်လို့ခေါ်တဲ့ အနံသေးငွားတဲ့ဘက်မှာ မီးတိုင်စိုက်ပေးရတယ်။

လျှပ်စစ်ဓါတ်တိုင်တွေစိုက်ပေးရတယ်။အုန်းပင်၊ ကွမ်းသီးပင်တွေ စိုက်ရင်လည်းရပါတယ်။အလံတိုင်စိုက်ရင်လည်းရပါတယ်။ ဒါပေမယ့်လျှပ်စစ်မီးတိုင်ကတော့အကောင်းဆုံးပါပဲ။ဒီလောက်ဆိုရင်ဝယ်သင့်တဲ့ မြေကွက်။အိမ်ဆောက်သင့်တဲ့မြေကွက်တွေ အကြောင်းသဘောပေါက်လောက်ပြီ ထင်ပါတယ်။

စတုရန်းပုံမြေကွက်တွေ၊ ထောင့်မှန်စတုဂံပုံမြေကွက်တွေပေါ်မှာ စတုရန်းပုံစံအိမ်၊ထောင့်မှန်စတုဂံအိမ်တွေပဲ ဆောက်သင့်တယ်လို့ ပြောခဲ့ပြီးပြီး။မြေကွက်ကကြီးပြီးဆောက်မဲ့အိမ်ကသေးသေးလေးဆိုရင်မြေပိုချိန်ရမယ်။အိမ်ရဲ့ရှေ့နောက် ဘေးနှစ်ဘက်မှာမြေကျန် အကျယ် အဝန်း ညီညွတ်ရမယ်။

ဖုန်းရွှေပညာမှာကတော့တောင်ဘက်ကိုမင်္ဂလာရှိတဲ့အရပ်လို့ သတ်မှတ်ပြီး၊မြောက်ဘက်အရပ်ကိုအမင်္ဂလာအရပ်လို့ သတ်မှတ်တယ်။ အရှေ့မြောက်အရပ်ကို အဆိုးရွားဆုံး အရပ်လို့သတ်မှတ်တယ်။ဖုန်းရွှေပညာမှာရောမြန်မာ့ရိုးရာထုံးတမ်းစဉ်လာနည်းနာမှာရော အပြောများတဲ့ “လှည်းဦးတိုင်၊ လှေဦးတိုက်” မှာ မနေကောင်းဘူး။

လှည်းလမ်း၊ကားလမ်း၊ လူသွားလမ်းကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူးဆိုတာကို ဆက်ပြောမယ်။ ဖုန်းရွှေပညာ စာအုပ်တွေမှာတော့ တီ (T) ပုံလမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလို မြေအနေထားမျိုးလည်းမြို့ပြအိမ်နေယာကွက်တွေမှာ အတွေ့များပါတယ်။

လှည်းဦးတိုက်၊လှေဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာအများကြီးရှိပါတယ်။”လှည်းဦးတိုက်၊ လေဦးတိုက်” အိမ်ကတော့ခိုက်တယ်။အဲ့ဒီအိမ်မှာ နေတဲ့သုတွေဟာ စီးပွားတိုးတတ်မှုမရှိဘူး။အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေလည်းအဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာအရမှာတော့မြန်မာ့ရိုးရာ ရှေ့ထုံးစဉ်လာ နည်းနာမှာရောမနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေထားမျိုးဖြစ်နေတယ်။ဒါပေမယ့်မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ နည်းနာမှာတော့”လှည်းဦးတိုပ်၊ လှေဦးတိုက်”နေရာမျိုး၊ အိမ်မျိုး၊ အ ဆောက်အဦးမျိုးမှာစတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ပွဲရုံတွေဖွင့်ရင်တော့ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောကပြောခဲ့တဲ့ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊အရက်ဆိုင်၊ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်ဆုံးပေါ့။ အမှန်တော့”ဈေးကွက်မြင်ကွင်း”အကောင်းဆုံး ဖြစ်နေလို့ပဲ။ တို့ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်စားကြည့်မယ်။

မျက်နှာချင်းဆိုင်၊ရှေ့တူရှုလမ်းရဲ့ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ကိုယ်ရဲ့ပွဲရုံကိုမြင်နေရတယ်။သုံးဘက်မြင်ကွင်း (3D) ဖြစ်နေတယ်။”ဈေးကွက်မြင်ကွင်း”အားသာမှုရှိလို့ ပြောရင်ပိုမှန်တယ်။လူနေရင်ခိုက်တယ်ဆိုတာကိုပြန်ပြီးစဉ်စားကြည့်ပါ။

” လှည်းဦးတိုက်။ လှေဦးတိုက်”အိမ်ကို ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်တိုက်ခိုက့်ခင်တဲ့လူတွေပအဝေးကကြည့်ပြီး ထောက် လှမ်းလို့လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ…ရှေ့တူရှုလမ်းကတည့်တည့် မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်၊ ညာ ကွေ့သွားရင် ဖုန်မှုန့်တွေဟာ အိမ်တဲတန်းဝင်လာမှာပဲ။

ရှေ့တူရှုလမ်းကအသုဘ ချလာပြီဆိုပါတော့အဲ့ဒိ အနိဋ္ဌာရုံမြင်ကွင်းကြီးကိုအချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင်”လှည်းဦးတိုက်၊ လှေဦးတိုက်” တဲတွေထဲကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခဏခဏ ခံရတယ်။ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ “လှည်းဦးတိုက်၊ လှေဦးတိုက်”မှာမနေကောင်းဘူး။အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်ဒီလို “လှည်းဦးတိုက်၊ လှေဦးတိုက်” နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုရင် ဘယ်လိုကာကွယ်မလဲ။ဒါကလွယ်ပါတယ်။တံခါးမကြီးကိုလမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ဒီနည်းထက် ပိုကောင်းတာကတော့တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အဝ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကပ်ထား၊ ချိတ်ဆွဲထားရမယ်။

“လှည်းဦးတိုက်၊ လှေဦးတိုက်” အိမ်တွေမှာမှန်ထောက်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။တစ်ချို့မှန်ချပ်တွေက သေးလွန်းတယ်။တစ်ချို့မှန်ချပ်တွေကကြီးလွန်းတယ်။ခြောက်လက်မပတ် လည်စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။မှန်ချပ်ရဲ့အလယ် အနီရောင်နဲ စတုရန်းပုံအကွက်လေးရေးထားရမယ်။

အိမ်ဝမှာအသောကပင်တွေစိုက်ထားတာမျိုး။အုတ်တံတိုင်း မြင့်မြင့်ကာထားတာမျိုး၊ရေပန်းတစ်ခုတပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့်မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ချိတ်တာပဲကောင်းပါတယ်။

နောက်အရေးကြီးတာ ပုံလမ်းဆုံမှာဆောက်ထားတဲ့ အိမ်ကအခိုက်ဆုံးပဲ။အမှန်တော့တြိဂံပုံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ပါပဲ။ “ကြက် လျှာစွန်း” ပုံအိမ်၊”ကြက်လျှာစွန်း” မြေနေရာမှာဆောက်ထားတဲ့အိမ်လို့ ပြောလို့ရတယ်။အဲ့ဒီလိုအိမ်အနေအထားမျိုးကတော့အိမ်ရှေ့တည့်တည့် မြေအစွန်းမှာ လျှပ်စစ်ဓါတ်မီးတိုင်၊ဒါမှမဟုတ်ရင် အလံတိုင်စိုက်ပေးရမယ်။ လမ်းဆုံကြက်လျှာစွန်းထိပ်နဲ့ အိမ်အဝင်တံခါးမကြီးနဲ တည့်တည့်ကြီးဖြစ်နေရင် လုံးဝမကောင်းဘူး။

တရုတ်လူမျိုးတွေရဲ့ရှေးဟောင်းအယူအဆကတော့အဲ့ဒီတံခါးကို “မသာခြေကန်နေရာ”လို့တောင်ခေါ်တယ်။ထောင့်ကျဉ်း ပုံစံ မြေကွက်မှာ မြေအပြည့်ဆောက်ထားတဲ့အိမ်ပေါ့။ လမ်းမနှစ်ဘက်ကို အိမ်အဝင်တံခါးမကြီးထားတယ်။ မြို့ပြအိမ်နေရာတွေမှာဒီလိုအိမ်မျိုးတွေ ရှိတတ်ပါတယ်။

ကြက်လျှာစွန်းမြေကွက်ပေါ်မှာ ကြက်လျှာစွန်းအိမ်ဆောက်ထားတဲ့ ပုံစံပဲ။ရှေ့မြန်မာအဖိုးအဖွားတွေကတော့ ဒီလိုအိမ်မျိုးမှာ မနေကောင်းဘူး။အသက်တိုတယ်။ အန္တာရာယ်များတယ်လို့မှာကြားခဲ့တယ်။ဒါပေမယ့်ဆိုင်ဖွင့်ရင်တော့ ကောင်းတယ်။ ပွဲရုံဖွင့်ရင်ကောင်းတယ်။အကျိုးပေးမယ်။ ရောင်းအားကောင်းမယ်လို့လဲ ဆိုပြန်တယ်။

ဖုန်းရွှေပညာအရတော့လူနေရင်လည်း ဆိုးကျိုးနဲ့ကြုံရမယ်။ ဆိုင်ဖွင့်ဖွင့်၊ပွဲရုံဖွင့်ဖွင့်မကောင်းဘူး။လုံးဝမကောင်းဘူး။မကောင်းတဲ့ကောင်းကင်ချီတွေဆင်းသက်တယ်။ ယင်၊ ယန်မျှတမှု အားနည်းတယ်။လမ်းဘက်ကို မျက်နှာမူထားနဲ့တံခါးမကြီးနှစ်ခုရဲ့ အပေါ်မှာမှန်ကပ်ထားမှန်ချိတ်ထားရမယ်။ရိုးရိုးမှန်မရဘူး။ ပုံရိပ်ထင်တဲ့ မှန်ဖြစ်ရမယ်။

ခြောက်လက်မပတ်လည်စတုရန်းပုံ ဖြစ်ရမယ်။မှန်ရဲ့အလယ်မှာ အနီရောင်စတုရန်းပုံလေးရေးထားရမယ်။တံခါးဝတွေမှာ ပန်းအိုးထားရမယ်။အဖြူရောင် အနီရောင်ပန်းတွေ ပွင့်တဲ့ ပန်းပင်စ်ုက်ထားရမယ်။

ယင်နဲ့ ယန်မျှတအောင် လုပ်ပေးတာပေါ့။နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊လေးထပ်တိုက်ဖြစ်နေရင်လဲအပေါ်ထပ်တွေရဲ့ လမ်းမဘက်လှည့်တဲ့ပြူးတင်ပေါက်တစ်ပေါက်စီရဲ့ပေါ်မှာ မှန်ချပ်ကပ်ထား၊ ချိတ်ထားရမယ်။အပေါ်ဆုံးထပ်ရဲ့ အမိုးချွန်ပေါ်မှာ လျှပ်စစ်ဓါတ်မီးတိုင်အသေးတစ်တိုင် ဒါမှမဟုတ်ရင် အလံတိုင်ငယ်တစ်ခု စိုက်ထားရင် ပိုကောင်းတယ်။ အလံတိုင်မှာ အလံက တစ်လူလူလွင့်နေရမယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

Credit By : အိမ်တွင်းအလှဆင်ကျွန်းပရိဘောဂများ
Posted By : Ra Wai (ShweProperty.com)