ဘယ်လိုနည်းနဲ့ ဒါတွေကိုချထားသလဲဆိုတာ ပထမအချက်အနေနဲ့ အရေးကြီးပါတယ်။ တချို့ကျတာ့ ဗဟို မြေလွတ်၊ မြေရိုင်းကော်မတီကနေ သူကို နှစ်သုံးဆယ် ဂရန်နဲ့ ချပေးတာလား (ဒါမှမဟုတ်) ပုံစံ (၇)ဆိုတဲ့ လယ်ယာမြေ လုပ်ကိုင်စားသောက်ဖို့ချပေးတာလား (ဒါမှမဟုတ်) ဒေသဆိုင်ရာအာဏာပိုင်တွေမှာ စီမံကိန်းတွေ ရှိပါတယ်။ ဥပမာ- ပဲခူးတိုင်းမှာဆိုရင် ရိုးမကို ရွှေဖြူလုပ်ရမယ်ဆိုတဲ့ စီမံချက် (တဝတ) အစီအစဉ်နဲ့ပေ့ါ ။ မြေရိုင်းတွေမှာ ရော်ဘာစိုက်ဖို့ချပေးတာတွေရှိတယ်။ ဒီလိုချပေးတဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီးသားပါ။

လယ်ယာမြေပုံစံ (၇) နဲ့ချပေးရင်လည်း ပုဒ်မ (၁၂)မှာ လယ်ယာမြေကို တခြားနည်း မသုံးရဘူးဆိုတာပါတယ်။ ဒါကြောင့် ပုံစံ(၇)ရသူက တခြားလုပ်ငန်းလုပ်ဖို့ ခွင့်ပြုချက်မရဘဲ ဆောင်ရွက်နေ တယ်ဆိုရင် သူ့ကိုအရေးယူ လို့ရတယ်။ ဒီလိုပဲ မြေလွတ်၊ မြေရိုင်းဥပဒေမှာလည်း ခွဲစိတ်ခြင်းမပြုရ၊ ရောင်းချ ခြင်းမပြုရ ဆိုတဲ့အတွက် အဲလိုလုပ်မယ်ဆိုရင် ဥပဒေနဲ့ငြိစွန်းတယ်။ သ့ူကို အရေးယူလို့ရတယ်။ တိုင်းဒေသကြီးစီမံကိန်းနဲ့ လုပ်တဲ့ ကိစ္စတွေကျတော့ သူ့စီမံကိန်းမှာ တားမြစ်ထားတဲ့ စည်းကမ်းချက်တွေပါ ပါတယ်။ အဲဒီစည်းကမ်းချက် တွေနဲ့ပဲ ဖြေရှင်းရပါတယ်။



သစ်တောမြေမှာ ချထားတဲ့ နည်းလမ်းတွေကအများကြီးရှိပါတယ်။ ပထမ Community Forest မှာဆိုရင် သူ့စည်းကမ်းချက်တွေရှိမယ်။ ဒါမှမဟုတ် သစ်တောထဲမှာ နှစ်သုံးဆယ်လုပ်ပိုင်ခွင့် ပုဂ္ဂလိကစိုက်ခင်းတွေ ပေး တာရှိမယ်။ သီးနှံ၊သစ်တော၊ ရောနှောစိုက်ခင်းတွေ လုပ်ခိုင်းတာတွေရှိတယ်။ ဒီမှာလည်း သူ့စည်းကမ်းချက် တွေပါပြီးသားပါ။ မြေလွတ်မြေရိုင်းပဲဖြစ်ဖြစ်၊ သစ်တောထဲမှာပဲဖြစ်ဖြစ် ၊လယ်ယာမြေပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်ကို သူ့ရဲ့ ဌာနအလိုက်၊ လုပ်ထုံး၊လုပ်နည်းတွေပေးထားတာ ရှိကောင်းရှိနိုင်တယ်။ သူရဲ့စည်းမျဉ်း၊စည်းကမ်းကို မလိုက်နာဘူးဆိုရင် အရေးယူလို့ရတယ်။ သူတ့ိုကို စိုက်ပျိုးဖို့ပဲပေးထားတာ အကွက်ရိုက် ရောင်းစားဖို့ ပေး ထားတာမဟုတ်တဲ့အတွက်ကြောင့်ပါ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း

စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ

Credit By: Myo Min Htun (DVB Lawlab)
Posted By: Ra Wai (ShweProperty.com)