အဆောက်အုံတွေကို‌‌ ဆေးသုတ်တယ်ဆိုတာ မိတ်ကပ်လိမ်း သနပ်ခါးလိမ်းသလို အလှအပကြောင့်သော်လည်းကောင်း
ပတ်ဝန်းကျင်ထိခိုက်မှုများမှ ကာကွယ်နိုင်ရန်လည်းဖြစ်ပါတယ်။

မိမိ တည်ဆောက်တဲ့ အဆောက်အအုံများကို ဆွေးမြေ့ခြင်းမှ လည်းကောင်း သံဓာတ်ကြောင့်ဖြစ်တော့ သံချေးတက်ခြင်းခိုက်ခြင်း စတဲ့ပတ်ဝန်းကျင် ထိခိုက်မှုများမှ ကာကွယ်ပေးနိုင်ရန်အတွက် ဆေးသုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရပါတယ်။
ထို့အပြင် အဆောက်အအုံ ရုပ်လုံးကြွလာစေရန် ဆေးသုတ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရပြီး စည်းသုတ်ခြင်း စနစ်ကျမှုမရှိအားနည်းပါကလည်း အလွန်ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့်မို့ဆေးသုတ်ခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး
စနစ်တကျ လှလှပပနဲ့ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် သိသင့်တာလေးတွေ အနည်းငယ်မျှဝေချင်ပါတယ်။
ဘယ်အဆောက်အအုံပဲဖြစ်ဖြစ် ဆေးသုတ်ခြင်းကို ထိခိုက်ဖျက်ဆီး‌စေနိုင်တဲ့ အကြောင်းတရား 14 ခုရှိပါတယ်

1. Blistering and Peeling

Blistering and Peeling ဆိုတာကတော့ ဆေးအလွှာတွေကို ဖောင်းကြွစေတဲ့ ပြဿနာကိုဖြစ်စေပါတယ်။ ကျနော်တို့အသားအရည်မှာ အပူနဲ့ထိလို့ အရည်ကြည်ဖုများ ဖြစ်လာသလိုပါပဲ။ အဲလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ဆေးထဲမှာသော်လည်းကောင်း ဆေးကိုရောစပ်တဲ့ခါမှာလည်းကောင်း အစိုဓာတ်များ ဓာတ်ငွေ့များ အမဲဆီချောဆီ စသည်များပါဝင်ခြင်းကြောင့် ဆေးသားအလွှာအောက်မှာ လေပူပေါင်းကဲ့သို့ ဖြစ်ပေါ်လာပြီး
ဆေးအလွှာများကို ဖောင်းကြွစေခြင်းဖြစ်ပါတယ်။
ဒါကြောင့်မို့ အစိုဓာတ်‌ကြောင့်ဖြစ်တာဆိုရင် Blisteringဟုခေါ်ပြီး အမဲဆီချောဆီ စသည်တို့ ပါဝင်မှုကြောင့် ဖြစ်တာဆိုရင် Peeling ဟုခေါ်ပါတယ်။

Blistering and Peeling  ဖြစ်ခြင်းတို့ကို အများအားဖြင့် တွေ့ရတတ်တာကတော့ ရာသီဒဏ်မခံနိုင်တဲ့ သစ်များ၊ နောက်ဆုံးအလွှာမှာ သုတ်တဲ့ final coat ဆေးတွေမှာ ဆီကိုအလွန်အကျွံ ရောစပ်အသုံးပြုတာ၊ ဆေးတလွှာနဲ့တလွှာအကြားမှာ ဓာတ်ငွေ့များပါရှိနေမှု စတာတွေကြောင့်ဖြစ်ပါတယ်။

အဲဒီလိုဖြစ်နေတဲ့ ရုပ်ဆိုးပျက်စီးနေတဲ့ ဆေးသားတွေကို ပြုပြင်တဲ့အနေနဲ့ ရေ‌ဆေးအသုံးပြုမယ့်အစား ဆီဆေးကို အသုံးပြုသင့်ပါတယ်။




2.Fading

Fading ဆိုတာကတော့ ဆေးသားအရောင်များ ပြောင်းလဲသွားခြင်း မှေးမှိန်သွားခြင်းကို ဆိုလိုပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ atmospheric agencies များဖြစ်တဲ့ နေရောင်ခြည်နှင့်အဆိုဓါတ်တို့ကြောင့်ပင်ဖြစ်ပါတယ်။ အဲဒီလို fading ဖြစ်ခြင်း၊ အရောင်မှေးမှိန်ပြောင်းလဲသွားခြင်း၊ ရာသီဥတုဒဏ်များကိုကာကွယ်ရန်အတွက်
ဆေးကို ရောစပ်ရာတွင် resistance pigment ဟုခေါ်တော ဆိုးဆေးများကို ထည့်သွင်း ရောစပ်အသုံးပြုသင့်ပါတယ်။

3. Grinding

ဆေးသုတ်တဲ့နေရာမှာ အပေါ်ဆုံးဆေးလွှာဟာ အောက်ခံဆေးလွှာများကို ဖုံးအုပ်ကာကွယ်နိုင်ဖို့ လောက်တဲ့အလင်းရောင်ရရှိဖို့လိုပါတယ်။
ထိုသို့အလင်းရောင်လုံလောက်စွာရရှိပဲ အပေါ်ယံလွှာမှ အောက်ခံဆေးလွှာကို ဖုံးအုပ်ကာကွယ်နိုင်ခြင်းမရှိသော နောက်ဆုံး‌ ဆေးအလွှာကို Grinding ဟုခေါ်ပါသည်။

4.Chalking

Chalking ဆိုတာကတော့ ဆေးသုတ်ထားတဲ့ မျက်နှာပြင်ပေါ် powder အမှုန့်များ ဖြစ်ပေါ်လာခြင်းဟုဆိုပါတယ်။ အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အောက်ခံ ဆေးအလွှာမှာ လုံလောက်တဲ့ ဆီပါဝင်မှု အားနည်းလို့ပဲဖြစ်ပါတယ်။

5. Running

အလွန်ချောမွေ့ပြောင်လက်နေတဲ့မျက်နှာပြင်တွေကိုဆေးသုတ်တဲ့အခါမှာ ဆေးသားများသည် တင်ကျန်မနေပဲ ဆေးများပြန့်နှံ့မှုမရှိ မျက်နှာပြင်ကို ဖုံးအုပ်နိုင်ခြင်းမရှိခြင်းတို့ကို ဆိုလိုပါတယ်။

6.Sagging

တချို့နေရာ ဆေးပါးပါးလေးသာ သုတ်ရမယ့်နေရာတွေမှာဆိုရင် ဆေးသားများဟာ အောက်ဘက်ကို ယိုပြီး စီးကျတတ်ပြီး sagging ပုံစံဖြစ်သွားပါတယ်။ ဒါက running ပုံသဏ္ဍာန်နဲ့ဆင်တူပေမယ့် စီးကျယိုစီးတဲ့ ဆေးသား sag တွေက ပိုပြီးပါးလွှာပါတယ်။

7.Flaking

ဆေးသားအလွှာများ ဆေးသုတ်တဲ့ မျက်နှာပြင်မှ ကွာကျသွားခြင်းကို flaking ဟုခေါ်ပါတယ်။ အဲ့သလိုဖြစ်ရတာကတော့ မျက်နှာပြင်နဲ့ ဆေးသား အလွှာတို့ရဲ့ စေးကပ်မှုအားနည်းလို့ဖြစ်ပါတယ်။အဲဒီလိုမဖြစ်ဖို့အတွက် ဆေးမသုတ်ခင်မှာ အောက်ခံမျက်နှာပြင်ကို ကြမ်းတမ်းအောင် abrasive paper များနှင့် တိုက်ချွတ်ပေးရပါမယ်။

8.Blomming

Blomming ဖြစ်ရခြင်းကတော့ လေဝင်လေထွက်ကောင်းမွန်စွာ ရရှိခြင်းမရှိသောကြောင့်နှင့် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။
ဒါမျိုးဖြစ်စဉ်ဟာ ခေါင်မိုးမလုံ အစိုဓာတ်ကြောင့် မျက်နှာကျက်တွေမှာ အကွက်အကွက် ဖြစ်ပေါ်တတ်ပါတယ်။




9.Wrinkling

Wrinkling ဖြစ်ခြင်းကို ပါးလွှာတဲ့ဆေးသုတ်တဲ့လုပ်ငန်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ဆေးသားမျက်နှာပြင်တွေဟာ တွန့်လိမ်သွားခြင်း အက်ကြောင်းအရာကဲ့သို့ဖြစ်ပေါ်ခြင်းများ သိရှိရပါတယ်။ ဒီလိုမျိုးဆိုးကျိုးတွေကိုကာကွယ်ရှောင်ရှားရန်အတွက် အောက်ခံ‌ ဆေးအလွှာများ လုံးဝ ခြောက်သွေ့သွားပြီဆိုပါ အပေါ်ယံဆေးများကို သုတ်သင့်ပါတယ်။

10. Flushing

မျက်နှာပြင်ပေါ်မှာ ချောမွေ့လုံးကျစ်နေတဲ့အကွက်များ ဖြစ်ပေါ်ခြင်းကိုဆိုလိုပါတယ်။ အဲလိုဖြစ်ရခြင်းကတော့ ဆေးအရည်အသွေး ညံ့ဖျင်းမှု၊ ရာသီဥတုဒဏ်ထိတွေ့မှုနဲ့ ဆေးသုတ်တဲ့သူရဲ့ အားနည်းညံ့ဖျင်းမှုတို့ကြောင့်ဖြစ်ပါတယ်။

11. Saponification

Saponification ဆိုတာကတော့ ဆေးသုတ်ထားတဲ့မျက်နှာပြင်တွေဟာ အယ်လ်ကာလီကဲ့သို့သော ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုကြောင့် ဆေးသားမျက်နှာပြင်များပျက်စီးသွားခြင်းကိုဆိုလိုပါတယ်။
ဒီဖြစ်စဉ်တွေမှာ soap patch လို့ခေါ်တဲ့ အကွက်အကွက်များဖြစ်ပေါ်ပြီး ဆေးသားအလွှာများ မျက်နှာပြင်မှ ကွာကျသွားပါတယ်။

12. Alligatoring

ဒီဖြစ်စဉ်ဟာ ဘာနဲ့တူလဲဆိုရင် alligatorများတွင် အက်ကြောင်း လှိုင်းတွန့်များကဲ့သို့ ဖြစ်ပေါ်ခြင်းနဲ့ ဆင်တူပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို အောက်ခံဆေးသားအပျော့တွေမှာ ဆေးသားပြင်းတဲ့ ဆေးတွေကို အပေါ်ယံမှာ ထပ်သုတ်ခြင်းကြောင့် တွေ့ရှိရတတ်ပါတယ်။ အဓိကအားဖြင့် ဆေးသား တလွှာနဲ့တလွှာ ဖျော်စပ်ပုံ ဆေးအပျော့အမာ မတူညီသော‌ ကြောင့်ဖြစ်ပါတယ်။ ဒါမျိုးဖြစ်စဥ် မဖြစ်ဖို့အတွက်ဆီဆေးများကို အောက်ခံအလွှာတွင် အသုံးပြုသင့်ပါတယ်။

13. Checking

ဒီဖြစ်စဉ်ဟာ alligatoring နဲ့ဆင်တူပြီး အက်ကြောင်းအရာများဟာ ဧရိယာတစ်ခုအတွင်းမှာပဲဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို အေးတဲ့ဒေသတွေမှာ တွေ့ရှိရတတ်ပါတယ်။ အောက်ခံ ဆေးသားများ လုံလောက်တဲ့ခြောက်‌ သွေ့မှုမရှိလို့ ဖြစ်ပါတယ်။

14. Mildew

Mildew ဆိုတာကတော့ အလင်းရောင်မရှိတဲ့အခန်းတွေ အစိုဓါတ်များတဲ့နေရာတွေမှာ ဖားဥစွဲပြီး မှိုတက်နေသကဲ့သို့ ပုံစံရှိပါတယ်။ အဲသလိုဖြစ်လာပြီဆိုရင် မီးခိုး ရောင်အကွက်အကွက်များဖြစ်ပေါ်လာပါတယ်။ ယင်းမှတစ်ဆင့် မျက်နှာပြင်နဲ့ ဆေးသားအလွှာ စေးကပ်ကုတ်တွဲမှုကို အားနည်းစေပါတယ်။ ထိုသို့ ဆိုးကျိုးများ မဖြစ်စေရန်အတွက်
ဆေးသုတ်မည့် မျက်နှာပြင်ကို ဆေးမသုတ်ခင်မှာ သန့်ရှင်း ခြောက်သွေ့အောင် လုပ်ဖို့အရေးကြီးပါတယ်။ အဲ့ဒီလို ဖားဥစွဲမှိုတက်နေတဲ့ အကွက်များဖြစ်ပေါ်လာပါက ကောင်းမွန်တဲ့ ဓာတုဆေးရည်နဲ့ တိုက်ချွတ်သင့်ပါတယ်။

ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ခန်းတွေကို လှပဆန်းပြားစေမည့် အရောင်များ

အုတ်နံရံတွေကို အက်ကြောင်းမထအောင် ဘယ်လိုမျိုးလုပ်သင့်သလဲ

နေချင်စဖွယ် ခေတ်မှီတိုက်ခန်းလေး ဖန်တီးဖို့ ဒီဇိုင်းအကြံပြုချက်များ

ဘက်ဂျက်နည်းနည်းနဲ့ သင့်အိမ်ခန်းကို ခါတိုင်းထက် သစ်လွင်သွားစေရန်

Credit: Byထန်ပီး(Civil Engineer)
Posted By : Ra Wai, ShweProperty.com