အိမ်ခန်း (သို့မဟုတ်) အိမ်ဝယ်သူအများစုဟာ အခန်းဖွဲ့စည်းပုံး decoration ကိုကြည့်ပြီးရွေးချယ်ဝယ်ယူ တတ်ကြပါတယ်။ အိမ်ခန်း(သို့) အိမ်ကိုဝယ်ယူသူ အကြိုက်တွေ့မှာသာ အရောင်းအဝယ်ဖြစ်မှာဖြစ်ပါတယ်။

 သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်သာ ပြင်ဆင်ထားရင်တော့ အိမ်လာကြည့်တဲ့သူကို ဝယ်ချင်အောင် ဆွဲဆောင်နိုင်မှာပါ။ဒါ့ကြောင့် အိမ်ခန်းထဲမှာ မြင်ကွင်းရှုပ်နေစေမယ့် ပရိဘောဂအပိုတွေရှိခဲ့ရင် သေချာရှင်းလင်းပြီး ထုတ်ပိုးထားတာပဲဖြစ်ဖြစ် မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာပဲ ဖြစ်ဖြစ် ထားဖို့ အကြံပြုပါတယ်။

နံရံတွေကို သစ်လွင်နေစေဖို့ ဆေးသုတ်ပါ။

 သင့်အိမ်ကို လင်းနေစေပြီး ပိုကျယ်တယ်လို့ ထင်ရစေမယ့် မနုလွန်း မရင့်လွန်းတဲ့ အရောင်ကို ရွေးပြီး ဆေးသုတ်စေချင်ပါတယ်။ အခုလို ဆေးသုတ်ပေးခြင်းအားဖြင့် အိမ်ဝယ်ယူမယ့်သူတွေကို အခန်း ကျယ်သယောင်ထင်ရစေပြီး ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

နံရံတွေကို သစ်လွင်နေစေဖို့ ဆေးသုတ်ပါ။

သင့်အိမ်ကို လင်းနေစေပြီး ပိုကျယ်တယ်လို့ ထင်ရစေမယ့် မနုလွန်း မရင့်လွန်းတဲ့ အရောင်ကို ရွေးပြီး ဆေးသုတ်စေချင်ပါတယ်။ အခုလို ဆေးသုတ်ပေးခြင်းအားဖြင့် အိမ်ဝယ်ယူမယ့်သူတွေကို အခန်း ကျယ်သယောင်ထင်ရစေပြီး ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။



ပျက်စီးနေတာတွေကို ပြုပြင်ပြီး သန့်ရှင်းစရာရှိတာ သန့်ရှင်းပါ။သေးသေးမွှားမွှား အရာလေးတွေကအစ ပျက်စီးနေတယ်ဆိုရင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ဥပမာ တံခါးလော့ ပျက်နေတာပဲဖြစ်ဖြစ်၊ ရေပိုက်ခေါင်းစုတ်နေတာပဲဖြစ်ဖြစ် ပြုပြင်ဖို့ အကြံပေးပါရစေ။ဒီလို ပြုပြင်ပေးမယ်ဆိုရင် ဝယ်ယူမယ့်သူက အိမ်ဝယ်ပြီးတဲ့အခါ ထပ်ပြီး ပြုပြင်စရာမလိုတော့ဘူးလို့ ယူဆပြီး သင့်အိမ်ကို ဝယ်ယူချင်စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါ့အပြင် အိမ်ရဲ့ ကြမ်းပြင်တွေ၊မှန်တွေမှာ ဖုန်တွေရှိမနေအောင် သန့်ရှင်းထားပါ။

အလင်းနဲ့ လေ
 
နံရံကပ်မှန်တွေက အိမ်ခန်းကို ကျယ်စေပြီး ပိုပြီး လင်းသယောင် ပြုလုပ်ပေးနိုင်ပါတယ်။ဒါ့ကြောင့် နံရံကပ်မှန်တွေရှိတယ်ဆိုရင် သိမ်းမထားဘဲ အိမ်ခန်းနံရံမှာ အလှဆင်ထားပေးပါ။ ပြတင်းပေါက်တွေကို အပြင်ဘက်ရော အတွင်းဘက်ရော သေချာသန့်ရှင်းပေးပါ။ မီးသီးတွေ ကျွမ်းနေရင် မီးသီးအသစ်နဲ့ လဲလှယ်ပေးပါ။အိမ်ခန်းကို လေဝင်လေထွက် ကောင်းမွန်အောင်နဲ့ အလင်းရောင်ရအောင် ပြုလုပ်ထားပါ။လျှောက်လမ်းနဲ့ အခန်းအတွင်းရှိပစ္စည်းများကိုပြင်ဆင်ပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Written By : Mahar, ShweProperty.com
Posted By : Ra Wai, ShweProperty.com