အိမ်တွင်းစိုက်အပင်တွေကို  အလှဆင်ဖို့ သာ အဓိက အသုံးပြုကြပေမယ့် တစ်နည်းတစ်ဖုံ အိမ်တွင်း လန်းဆန်းသာယာမှုဖြစ်စေတဲ့ တခြားအသုံးဝင်မှုများလည်း ရှိနေပါတယ်။ ည ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်အောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုက တစ်နေ့တာလုံး လှုပ်ရှားမှုအပြီး ကိုယ့်ကို သက်သောင့်သက်သာရှိစေကာ အလွယ်တကူ အိပ်မောကျစေတဲ့ အပင်တွေ စိုက်ထားခြင်းပဲဖြစ်ပါတယ်။
 
ဒီအပင်တွေဟာ အပူရှိန်ဖယ်ရှားဖို့ အိပ်ခန်းထဲ ထားဖို့ အကောင်းဆုံးဖြစ်ပါတယ်။



၁။ Areca Palm
 
ဒီအပင်က လေထုကို သန့်စင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ လေထုထဲ အစိုဓာတ်လည်း ထုတ်လွှတ်ပေးပါတယ်။
 
၂။  Aloe vera
 
Formaldehyde လို အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါတဲ့ လေထုတွေ သန့်စင်ရာမှာ အထိရောက်ဆုံးအပင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောက်ဆီဂျင်တွေ တစ်ညလုံး ထုတ်လုပ်ပေးပါတယ်။ ကိုယ်ခံအား ကောင်းကျိုးပြုတဲ့ အစိုဓာတ်လည်း ထုတ်လွှတ်ပါတယ်။
 
၃။ Benjamin
 
ဘင်ဂျမင်က ထိပ်သီးလေထုသန့်စင်ပေးတဲ့ အပင် ဖြစ်ပါတယ်။ သူ့မှာ benezene, ammonia, toluene နဲ့ ကြမ်းခင်းဖယောင်းပုဆိုး linoleum လို အရည်အသွေးနိမ့် ပစ္စည်းများမှ ထုတ်လွတ်တဲ့ တခြားအန္တရာယ်ဖြစ်စေတဲ့ လေထုညစ်ညမ်းမှု ၇၀% ထက်မနည်း ဖယ်ရှားပေးပါတယ်။ မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ နှိမ်နင်းပေးတာကြောင့် ပိုမိုကောင်းစွာ အိပ်ပျော်စေပါတယ်။

၄။ Sanseveria
 


ဒီအပင်က အသက်ရှူစနစ်နဲ့ ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်ပါတယ်။ ခေါင်းကိုက်ဝေဒနာနဲ့ သွေးပေါင်ကို အထူး လျော့နည်းသက်သာစေပါတယ်။ Aloe vera နည်းတူ အောက်ဆီဂျင်ထုတ်လွတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူပေးပါတယ်။
 
၅။ Nefrolepsis Fern
 
ဒီအပင်လေးမှာ ရနံ့သင်းအဆီပေါကြွယ်ဝပါတယ်။ ဒါ့ကြောင့် အပွင့်ဟာ အာရုံကြောစနစ် ထိန်းချုပ်ကွပ်ကဲပြီး စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။ 

 
 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ဘာကြောင့်သစ်ပင်စိုက်ပျိုးပြီး အိမ်တွင်းအလှဆင်သင့်တာလဲ
 
မိမိအိမ် ပတ်ဝန်းကျင်တွင် မစိုက်အပ်သော အပင်များ
 
အာနိသင်ကောင်းပြီး အင်းဆက်တွေကို ဝေးဝေးပြေးစေတဲ့ အိမ်စိုက်အပင်များ
 
ခြင်တွေကို ဝေးဝေး ပြေးစေနိုင်တဲ့ အိမ်တွင်းစိုက် အပင်များ

 
Credit By: Trend Myanmar
Posted By: Ra Wai, ShweProperty.com