ညဘက်မှာကောင်းစွာအိပ်ပျော်ရခက်ခဲနေသူတွေရှိလား။ အိပ်စက်ခြင်းကလူတစ်ယောက်အတွက်အရမ်းကိုအရေးကြီးပါတယ်။ ညဘက်မှာကောင်းစွာအိပ်စက်အနား ယူမှလည်း နောက်တနေ့ကို အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွစွာနိုးထနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ သင့်ရဲ့အိပ်ခန်းကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတဲ့အချက်လေးတွေမျှဝေပေးချင်ပါတယ်။

(၁) တိတ်ဆိတ်ငြိမ်သက်မှုရှိပါစေ


ဆူညံသံတွေက သင့်ရဲ့အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ တီဗီအသံတွေ စမတ်ဖုန်းအသံတွေစတဲ့ ဆူညံသံတွေက သင့်ရဲ့အိပ်စက်ခြင်းကိုကောင်းကောင်းအနှောက်ယှက်ဖြစ်စေပါတယ်။ 

ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ဆိုရင် သင့်ရဲ့အိပ်ခန်းအတွင်းမှာ ဆူညံ့သံတွေဖြစ်စေမယ့်အရာတွေကို ရှင်းထုတ်ထားသင့်ပါတယ်။

(၂) အမွေးရနံ့ပါတဲ့ဖယောင်းတိုင်းထွန်းပါ

အပြည်ပြည်ဆိုင်ရာ အာရုံကြောသိပ္ပံဂျာနယ်ရဲ့ အဆိုအရ လာဗင်ဒါအနံ့ က နှလုံးခုန်နှုန်း အရေပြားအပူချိန်နှင့် သွေးပေါင်ချိန်ကိုလျှော့ချနိုင်ပြီး သင့်အားပိုမိုသက်တောင့်သက်သာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါရနံ့က လူတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုတိုးတက်စေပြီး အိပ်ချင်တဲ့ခံစားမှုမျိုးကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်အိပ်ခန်းအတွင်းမှာ လာဗင်ဒါအနံ့ ပါတဲ့ အမွေးရနံ့ပါတဲ့ဖယောင်းတိုင်းထွန်းပေးခြင်းက အိပ်စက်ခြင်းကိုပိုပြီးအထောက်အကူဖြစ်စေနိုင်ပါတယ်။

(၃) အိပ်ခန်းကိုသန့်ရှင်းသပ်ရပ်အောင်ထားပါ


အိပ်ခန်းလေးက သန့်ရှင်းသပ်ရပ်နေပြီး အနံ့အသက်တွေကင်းစင်နေခြင်းက စိတ်ခံစားမှုကောင်းစေသလို အိပ်စက်ခြင်းအတွက်လည်းအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ အိပ်ခန်းကိုအမြဲသန့်ရှင်းသပ်ရပ်နေအောင်ပြင်ဆင်ပါ။ မလိုအပ်တဲ့ပစ္စည်းတွေထုတ်လိုက်ပါ။ အိပ်ခန်းကိုအပြာရောင်ဆေးသုတ်ထားခြင်းက ကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါတယ်။ အကယ်၍ဆေးမသုတ်ဖြစ်ဘူးဆိုရင်လည်း အိပ်ခန်းနံရံမှာ လှပတဲ့ ပန်းချီကား သို့ ဓာတ်ပုံတချို့ ကိုချိတ်ထားလိုက်ပါ။


(၄) အိပ်ရာကိုအမြဲသန့်ရှင်းရေးလုပ်ပါ

အိပ်ယာခင်း ခေါင်းအုံး မွေ့ယာ စောင်စတဲ့အရာတွေကလည်း အိပ်စက်ခြင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။ အဓိကအားဖြင့် ကိုယ်ရဲ့ အိပ်ရာပေါ်မှာထားရှိမယ့် အိပ်ယာခင်း ခေါင်းအုံး မွေ့ယာ စောင်ကဲ့သို့ အသုံးဆောင်ပစ္စည်းတွေက သက်တောင့်သက်သာရှိနေဖို့လိုအပ်ပြီး အနံ့သက်ကင်းစင်နေဖို့လည်းအရေးကြီးပါတယ်။ဒါကြောင့် မိမိရဲ့အိပ်ရာကိုအမြဲသန့်ရှင်းရေးလုပ်ပါ။ ခေါင်းအုံးစွပ် အိပ်ယာခင်းတွေကိုတပတ်တခါသန့်ရှင်ရေးလုပ်ပေးပါ။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Credit By: Kwee
Posted By : Ra Wai, ShweProperty.com