ရာသီပြောင်းချိန်ဖြစ်တဲ့အတွက် မိုးများမကြာခဏရွာခြင်းကြောင့် လူများနေမကောင်းဖြစ်စေရုံမကပဲ ဘေးပါတ်ဝန်းကျင်အတွက်လည်းဘေးအန္တရာယ်ဖြစ်စေပါသည်။ဒီဘေးအန္တရာယ်များကိုသေးငယ်သောဘေးဥပဒ်ဖြစ်သည်ဟုမမှတ်ယူကြပဲ ကြိုတင်သတိပြုနိုင်မှသာလျှင် လျော့ချနိုင်ပါသည်။

၁။ကူးစက်ရောဂါ

ပထမဆုံးသတိထားမည့် ဘေးအန္တရာယ်မှာ ကူးစက်ရောဂါပင်ဖြစ်ပါသည်။ရာသီပြောင်းပြီး မိုးရွာသွန်းသောကြောင့်အအေးဓာတ်နှင့်စိုထိုင်းမှုများပြီးရောဂါပိုးများ အလွယ်တကူပေါက်ပွားများနိုင်ပါသည်။ ကိုယ်ခံအားနည်းချိန်တွင်ကူးစက်ပိုးများအလွယ်တကူကူးစက်နိုင်ပြီး ကျွန်ုပ်တို့ကိုအလွယ်တကူဒုက္ခပေးနိုင်သောအခွင့်အရေးပင်ဖြစ်ပါသည်။မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများမှာရာသီတုတ်ကွေးရောဂါ၊အသက်ရှူလမ်းကြောင်းရောင်ခြင်း၊အဆုတ်ရောင်ရောဂါတို့ဖြစ်ပါသည်။နွေးထွေးစွာနေထိုင်ခြင်း၊လေဝင်လေထွက်ကောင်းသော နေရာတွင်နေထိုင်ခြင်းနှင့် ရောဂါပိုးရှိသောလူများနှင့် ဝေးဝေးနေထိုင်ခြင်းဖြင့်ခုခံကာကွယ်ရန်မခက်ခဲပါ။ရောဂါပိုးသည်ချောင်းဆိုးနှာချေခြင်းတို့မှတဆင့် လွယ်ကူစွာ ကူးစက်နိုင်ပါသည်။ ကူးစက်နိုင်သောအခြားရောဂါတစ်ခုမှာ  အစာမှတစ်ဆင့်ကူးစက်သော အစာလမ်းကြောင်း ရောဂါကူးစက်မှုပင်ဖြစ်ပါသည်။  ဖြစ်ရခြင်းအကြောင်းရင်းမှာ ကူးစက်ပိုးများကပ်ပါလာသော အစာများကိုစားသုံးမိခြင်းပင်ဖြစ်သည်။ လက္ခဏများမှာ ပင်ပန်းစွာဝမ်းသွားခြင်း၊ အစာအစိပ်သင့်ခြင်း၊ဝမ်းဗိုက်ရစ်ခြင်း၊ဝမ်းလျှောခြင်း၊ ဝမ်းအရည်များသွားခြင်းနှင့်အဖျားတက်ခြင်းများဖြစ်ပါသည်။ ဒါကြောင့်မိုးရာသီရောက်သည်နှင့် ပူနွေးလတ်ဆတ်သောအစာများကို ရွေးချယ်စားသုံးရန်လိုပါသည်။
 
၂။မတော်တဆဖြစ်ပွားမှုအန္တရာယ်များ

မိုးရာသီသည် မတော်တဆမှုအလွယ်တကူဖြစ်နိုင်သောရာသီပင်ဖြစ်ပါသည်။မိုးများရွာသွန်းပြီး လမ်းများ စိုစွတ်သောကြောင့် ယာဉ်မောင်းသူများသတိဝိရိယမရှိပါက ယာဉ်များမတော်တဆဖြစ်နိုင်ပြီး     ကြးီမားသောဆုံးရှုံးမှုများဖြစ်စေပါသည်။ မတော်တဆမှုဖြစ်လျှင် မိမိကိုယ်တိုင်ဆုံးရှုံးမှုများရှိရုံသာမက ဘေးပါတ်ဝန်းကျင်လဲကြီးမားသောအန္တရာယ်ဖြစ်စေနိုင်ပါသည်။အထူးသတိထားရမည့်အချက်မှာ မိုးရာသီတွင် ယာဉ်များမောင်းနှင်ခြင်းပြုလျှင် နှစ်ဆအထူးဂရုစိုက်သင့်ပါသည်။မမောင်းခင် ယာဉ်ကိုလည်း သေချာစွာစစ်ဆေးသင့်ပါသည်။ဥပမာ- ကားပလိတ်၊ဘီး၊ကားအောက်ပိုင်းနှင့် မီးစနစ် များဖြစ်ပါသည်။လူတိုင်းယာဉ်စဉ်းကမ်း၊လမ်းစဉ်းကမ်းနှင့် အထူးဂရုစိုက်သင့်သောအရာများကို လိုက်နာလျှင် မိမိကိုယ်တိုင်သာမက ဘေးပါတ်ဝန်းကျင်အတွက်လည်း ဘေးအန္တရာယ်လျော့နည်းမည်ဖြစ်ပါသည်။
 


၃။လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်

မိုးရာသီတွင်ဖြစ်ပွါးနိုင်သောအန္တရာယ်နောက်တစ်မျိုးမှာ ဓာတ်လိုက်ခြင်းအန္တရာယ်ပင်ဖြစ်ပါသည်။ ဓာတ်လိုက်ခြင်းအန္တရာယ်ဖြစ်ရခြင်းအကြောင်းရင်းမှာ လျှပ်စစ်ပစ္စည်းများ လျှပ်စစ်ယိုစိမ့်မှုဖြစ်ခြင်း၊ မိုးစိုရေစိုနေသောအချိန်တွင် မီးခလုတ်ဖွင့်ခြင်းနှင့် မိုးရွာချိန်တွင် လျှပ်စစ်ပစ္စည်းများသုံးစွဲခြင်းကြောင့် မိုးကြိုးပစ်လျှပ်စီးခြင်းတို့ဖြစ်စေနိုင်သည်။ လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်းနှင့်လျှပ်စစ်ယိုစိမ့်မှုမရှိစေရန် လျှပ်စစ်ကြိုးများအသစ်လှဲပေးခြင်းဖြင့်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ပါသည်။ပျက်စီးမှုတစ်စုံတစ်ခုတွေ့ပါက အမြန်ဆုံးပြုပြင်သင့်ပါသည်။ အိမ်တိုင်းတွင ်power breaker တပ်ဆင်ထားသင့်ပါသည်။ လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်များကာကွယ်ရန်အတွက်  ရေနွေးအိုးများ၊ အဝတ်လျှော်စက်များနှင့်လျှပ်စစ်ပစ္စည်းများစသည်တို့သည် power breakerနှင့်တွဲပြီးအသုံးပြုသင့်ပါသည်။
 
၄။အဆိပ်ရှိသောအန္တရာယ်ရှိတိရိစ္ဆာန်များ

အဆိပ်ရှိသောတိရိစ္ဆာန်များသည် ထူထပ်သောမြက်ပင်များနှင့် စိုထိုင်းမှုရှိသောအိမ်တွင်းနေရာများတွင် ပုန်းအောင်းနေတတ်ပါသည်။အဆိပ်ရှိသောကင်းခြေ၊ကင်းမြီးကောက်နှင့်မြွေများသည ်မိုးရာသီနှင့်အတူရောက်ရှိလာတတ်ပါသည်။ကာကွယ်နည်းမှာ မြက်သို့မဟုတ်ထူထပ်သောခြုံပုတ်များကို ဖြတ်လျောက်မှုပြုလျှင် တုတ်ချောင်းစောင်ခြင်း၊တူးထိဖုံးသော ဘွတ်ဖိနပ်အရှည်များ ဝတ်ဆင်ခြင်းများပြုလုပ်သင့်ပါသည်။အိမ်တွင်း အိမ်ပြင်တွင်အန္တရာယ်ရှိသောတိရိစ္ဆာန်များပုန်းအောင်းမနေနိုင်ရန်အတွက်မလိုအပ်သော ပစ္စည်းများကိုရှင်းလင်းခြင်း သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။
 
၅။မိုးကြိုးပစ်ခြင်းအန္တရာယ်

မိုးရာသီသည် မကြာခဏမိုးရွာသွန်းပြီး လျှပ်စီးမုန်တိုင်းတိုက်ခြင်းများဖြစ်ပေါ်လေ့ရှိသည်။ လျှပ်စီးမုန်တိုင်းတိုက်ခြင်းကြောင့်မကြာခဏမိုးကြိုးပစ်ခြင်းများဖြစ်ပေါ်စေပြီး လယ်ကွင်းပြင်တွင်နေထိုင်သောသူများအတွက ်အန္တရာယ်ဖြစ်စေနိုင်ပါသည်။မိုးကြိုးလျှပ်စီးပစ်ချိန်တွင်လေဟာပြင်သို့မဟုတ်လယ်ကွင်းပြင်များတွင်နေထိုင်ပါက အမြန်ဆုံးခိုလှုံနိုင်သောနေရာကိုရှာဖွေသင့်ပါသည်။ဥပမာ-အမိုးအကာထူသော အဆောက်အအုံများတွင်ခိုလှုံခြင်း၊သစ်ပင်အောက်ကိုမိုးခိုရန်မသင့်ပါ။အကယ်လို့ အမိုးအကာမရှိသောလေဟာပြင်တွင်ရှိနေပါက တတ်နိုင်သလောက် ခန္ဓာကိုယ်ကိုပြားဝပ်စွာနေခြင်းနှင့် လျှပ်စီးမှုဖြစ်စေသာ ရွှေ၊ငွေ လက်ဝက်လက်စားများကို အမြန်ဆုံးချွတ်ပစ်ရန်လိုအပ်ပါသည်။ လက်ကိုင်ဖုန်းများကိုလဲ သုံးစွဲခြင်းမပြုသင့်ပါ။သည်အချက်များကို သတိပြုလုပ်ဆောင်ခြင်းဖြင့် မိုးကြိုးပစ်အန္တရာယ်ကို လျှော့ချနိုင်ပါမည်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

အိမ်မှာ ဆေးဝါးတွေဆောင်ထားမယ်ဆိုရင် ဒီအချက်တွေကို အရင်လေ့လာပါ

ဈေးကြီးတန်ဖိနပ်တွေကို အိမ်မှာ ဘယ်လိုပိုးသတ်သန့်စင်မလဲ

ယောကျာ်းများအတွက် အိမ်ထဲမှာ ဖိနပ်မစီးသင့်တဲ့အကြောင်းအရင်းများ

နာမည်ကျော်အားကစားသမားတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး စံအိမ်ကြီးတွေ

Credit By : Phyathai 2 International Hospital
Posted By : Ra Wai (ShweProperty.com)