အိမ်အကျယ်အဝန်းနဲ့ အိမ်တွင်းရှိပရိဘောဂအသုံးအဆောင်များက ပဓာနမကျဘဲ မိမိရဲ့ နေအိမ်လေးကို အပြင်လူများ အထင်ကြီးသွားစေမယ့် ခေတ်မှီဆန်းသစ်လှပတဲ့ အခန်းတွင်းအထားအသို နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ပါရစေ။

၁။ အလှချိတ်ဆွဲမီးလုံးများ တပ်ဆင်ခြင်း

အိပ်ခန်းပဲဖြစ်ဖြစ်၊ ဧည့်ခန်းပဲဖြစ်ဖြစ် အလှဆင်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ မှန်ကန်တဲ့ Lighting အ‌ရောင် ရွေးချယ်တတ်ဖို့လိုပါတယ်။ အလှဆင်မီးရောင်များသည်လည်း မိမိအိမ်ကို လှပအောင် ပံ့ပိုးပေးနိုင်သလို ဧည်သည့်များရဲ့ အာရုံစိုက်မှုကိုလည်း ပိုခံရစေနိုင်ပါသည်။ မီး‌ရောင်ကိုလည်း အခန်းအခြေအနေပေါ်မူတည်ပြီး တပ်ဆင်သင့်ပါတယ်။ 
အိပ်ခန်းနေရာမျိုးတွင်တော့ မီးရောင်ဖျော့ဖျော့ မျက်စိအေးစေမယ့် အ‌ရောင်ကိုသာ ရွေးချယ်ပြီး ဧည့်ခန်းလိုနေရာမျိုးတွင်တော့ မီးဆိုင်းများနဲ့ အလှဆင်ရင် ပိုပြီးသင့်လျော်ပါတယ်။

၂။ အပင်များနှင့် အလှဆင်ပါ

အိမ်တွင်းပိုင်းကို အပင်ငယ်လေးတွေနဲ့ အလှဆင်ခြင်းဟာ အသုံးစရိတ်ဘတ်ဂျက်လည်း ချွေတာရာရောက်သလို သဘာဝအလှတရားကို အပြည့်အဝခံစားပေးနိုင်ဖို့ အကောင်းဆုံးနည်းလည်းဖြစ်ပါသည်။ ခုဆိုရင် အိမ်တွင်း အပင်စိုက်ပျိုး အလှဆင်သူများလည်း များပြားလာပြီး တစ်ချို့အပင်တွေက ထိန်းသိမ်းရလည်းလွယ်ကူ၊ အခန်းတွင်းလေသန့်စင် စေနိုင်လို့ အပင်စိုက်ရမှာ ပျင်းကြတဲ့သူများပါ စိုက်လာကြတာကိုတွေ့ရမှာပါ။ မိမိရဲ့အိမ်လေးကို နေချင်စဖွယ်နဲ့ ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်ဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ အပင်လေးတွေနဲ့ အလှဆင်ခြင်းပင်ဖြစ်ပါသည်။

၃။ လိုက်ဖက်တဲ့ Wallpaper ရွေးချယ်တတ်ပါစေ
 
သင့်အိမ်ရဲ့ နံရံများကို သမာရိုးကျ ဆေးသုတ်အလှဆင်နေတာထက် နံရံကပ်အလှစက္ကူများနဲ့လည်း ဆွဲဆောင်မှုရှိအောင် ပြောင်းလဲပြင်ဆင်သင့်ပါတယ်။ ပုံမှန်မဟုတ်သောပုံစံများနဲ့ သဘာဝဆန်ဆန် Wallpaper များကြောင့် အိမ်ရဲ့ အလှကိုလည်း ပိုပေါ်လွင်သွားစေပါတယ်။

၄။ အနုပညာဆန်ဆန် အလှဆင်ပါ
 
ဉပမာ - ပန်းချီကားချပ်များဖြစ်ဖြစ်၊ အလှဓာတ်ပုံများချိတ်ဆွဲခြင်းဖြစ်ဖြစ် သင့်ရဲ့ အိမ်ခန်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အလှဆင်နိုင်ပါတယ်။ နံရံပေါ် ချိတ်ဆွဲထားတဲ့ ရုပ်ပုံကားချပ်များက သင့်ရဲ့ စိတ်နေစိတ်ထားကိုလည်း ဖော်ပြပေးနိုင်တဲ့အတွက်ကြောင့် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး အထင်ကြီးစေမယ့် ပုံစံမျိုးကို သေချာရွေးချယ်ဖို့တော့ လိုပါမယ်။

၅။ အိမ်သုတ်ဆေး ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်

လူတော်တော်များများက အိမ်အပြင်အဆင် အသစ်မွမ်းမံတဲ့အခါ ပရိဘောဂအထားအသို ပြောင်းလဲတတ်ကြပြီး ဆေးအသစ် သုတ်တတ်ကြပါတယ်။  ဒီလို ကာလာပြန်သုတ်တဲ့ခါမှာလည်း အ‌ရောင်‌ရွေးချယ်ရာတွင် မျက်စိပဒေသ ဖြစ်စေမယ့် ကာလာမျိုးကိုသာ ရွေးချယ်သုံးသင့်ပါတယ်။ အိမ်ထဲဝင်လိုက်သည်နှင့် အပန်းဖြေစေမယ့် ကာလာမျိုးကိုသာ သုံးသင့်ပါသည်။

၆။ ပရိဘောဂများ စနစ်တကျ ထည့်သွင်းပါ

အိမ်ခန်းတစ်ခန်းတွင် မလိုအပ်သော ပစ္စည်းကိရိယာများ ပြည့်နှံ့နေခြင်းကလည်း လူအထင်ကြီးရာ မရောက်ဘဲ အိမ်ခန်း ဒီဇိုင်းကိုပါ ဖျက်ဆီးပစ်ရာ ရောက်ပါတယ်။ ပရိဘောဂများကို အိမ်ခန်းအကျယ်အဝန်း‌ပေါ်မူတည်ပြီး customized မှာယူခြင်းကလည်း နေရာပိုထွက်စေပြီး သပ်သပ်ရပ်ရပ်လည်း ဖြစ်စေပါတယ်။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
အခန်းကိုကျယ်သယောင်ဖြစ်သွားစေမဲ့ပြင်ဆင်မှုများ
 
သင့်အိပ်ခန်းထဲက အပင်လေးတွေ
 
အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း
 
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Written By: Aye Sandar
Posted By : Ra Wai, ShweProperty.com