ကမ္ဘာကျော်အဆိုတော် မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု များစွာရထားတဲ့ Selena Gomez ဟာ America တစ်ဝိုက်မှာ တန်ဖိုး​ကြီးဇိမ်ခံအိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူပါ။  ဒီနေ့တော့ Shwe Property ရဲ့ စာဖတ်သူတွေအတွက် Selena ပိုင်ဆိုင်ထားတဲ့ တန်ဖိုးကြီးအိမ်တွေအများကြီးထဲကမှ Los Angeles မှာ တည်ရှိတဲ့ Encino ဇိမ်ခံအိမ်ကြီးအကြောင်း ပြောပြပေးလိုက်ပါတယ်နော်။  

အိမ်ကြီးရဲ့တည်နေရာအကျယ်အဝန်း



Selena Gomez ရဲ့ နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ကြီးဟာ Los Angeles မှာ တည်ရှိပြီး တန်ဖိုးငွေ ဒေါ်လာ ၄.၉ သန်းနဲ့ ဝယ်ယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။အိမ်ကြီးရဲ့ စတုရန်းပေဟာ ၁၁၅၀၀ အကျယ်အဝန်းရှိပါတယ်။

အိမ်ကြီးရဲ့ဖွဲ့စည်းပုံ



အိမ်ကြီးထဲမှာ အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၁၀ ခန်းနဲ့ အိမ်အနောက်ဘက်မှာ အနားယူအပန်းဖြေနိုင်မယ့် ခြံဝန်းလေးလည်း ပါရှိပါသေးတယ်။ အိမ်ကြီးထဲမှာ အနုပညာပစ္စည်းတွေ၊ လျှပ်စစ်ဂီတာမျိုးစုံထားရှိတဲ့ အခန်းလေးလည်းရှိပြီး Selena ဟာ ထိုအခန်းလေးကို သူမရဲ့ အနုပညာရှင်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုဆွေးနွေးနိုင်အောင် ပြင်ဆင်ထားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။

သူမရဲ့အိမ်တစ်အိမ်လုံးကို တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေနဲ့ ဖန်တီးထားပြီး အဖြူရောင်အုတ်တွေနဲ့ မီးလင်းဖို၊ သစ်သားနဲ့အလှဆင်ထားတဲ့မျက်နှာကြက်၊ ခေတ်မီမီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့မီးဖိုချောင်လှလှလေးကိုလည်း မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ 

အိမ်ကြီးရဲ့ ခေတ်မီ Facilities များ



သူမရဲ့ဇိမ်ခံအိမ်ကြီးထဲမှာဆိုရင် ကိုယ်ပိုင် recording studio ၊ အားကစားရုံ ၊ နှိပ်နယ်ခန်း ၊ ယောဂလေ့ကျင့်ခန်း ၊ ဝိုင်သိုလှောင်ခန်းတွေလည်းပါရှိပြီး အိမ်အနောက်ဘက်မှာတော့ တိတ်ဆိတ်စွာအနားယူနိုင်ဖို့ ပြင်ဆင်ထားတဲ့ ခြံဝန်းနဲ့ လှပတဲ့ရေကူးကန်ကျယ်ကြီးကို မြင်တွေ့ရမှာပါ။ 

ရေကူးကန်ကနေ လှမ်းမျှော်ကြည့်လိုက်ရင်လည်း သစ်ပင်ပန်းပင်တွေနဲ့ စိမ်းစိုလှပနေတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကို မြင်တွေ့ခံစားရဦးမှာပါ။ရေကူးကန်အသေးလေးလည်း တွဲလျက်ရှိပြီး နေပူစာလှုံရင်း အပန်းဖြေနိုင်ဖို့ ခုံလှလှလေးတွေလည်းပြင်ဆင်ထားပါသေးတယ်။



အနောက်ဘက်ခြံဝန်းကျယ်ကြီးထဲမှာ ချက်ပြုတ်စားသောက်နိုင်ဖို့ မီးဖိုချောင်တစ်ခုလည်း ထပ်ပြီးပါရှိပါသေးတယ်။ဒါ့အပြင် သူငယ်ချင်းတွေနဲ့စုပြီး စားသောက်နိုင်တဲ့ သီးသန့်နေရာလေးလည်းရှိပါတယ်။

Selena Gomaz အိမ်ကြီးရဲ့ထူးခြားချက်များ



Selena ရဲ့အိမ်ကြီးက မီးဖိုချောင်လေးဟာ HBO Max show က Selena + Chef အစီအစဉ်မှာ ပါဝင်လေ့ရှိပြီး ပရိသတ်တွေ အမြဲမြင်တွေ့နေရတဲ့ မီးဖိုချောင်လေးပဲဖြစ်ပါတယ်။
Selena Gomez နေထိုင်တဲ့အိမ်ကြီးကို ၁၉၈၉ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ကနဦးပိုင်ရှင်က အဆိုတော် Tom Petty ဖြစ်ပါတယ်။

Tom Petty နဲ့ သူ့ရဲ့မိသားစုနေထိုင်စဉ်က အိမ်ကြီး မီးအကြီးအကျယ်လောင်တော့မလို ဖြစ်ခဲ့သေးတယ်လို့သိရပြီး ၅နှစ်အရွယ် သမီးဖြစ်သူရဲ့ အသိစောမှုကြောင့် မြန်မြန်လေး မီးငြိမ်းသတ်နိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။တကယ်လို့ မီးလောင်ကျွမ်းခဲ့ရင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ဒေါ်လာ ၄၀၀၀၀၀ ကုန်ကျမှာဖြစ်ပါတယ်။

အိမ်ကြီးရဲ့လှပကြွားဝါမှု



Selena Gomez ရဲ့အိမ်ကြီးဟာ တစ်အိမ်လုံးအပြည့်နီးပါး အဖြူရောင်ဆေးခြယ်ထားပြီး ခမ်းခမ်းနားနားကြွရွလှပနေတာကိုမြင်ရမှာပါ။  နံရံအလှဆင်ထားတဲ့ ကျောက်တုံးတွေ၊ ပြတင်းပေါက်တွေလည်း များစွာပါဝင်ပြီး ပတ်ဝန်းကျင်က အလင်းရောင်နဲ့ အလှအပရှုခင်းတွေက အချိန်တိုင်းလိုလို ထင်ဟပ်တောက်ပနေတာကလည်း မြင်ရသူတိုင်းအတွက် နတ်ဘုံနတ်နန်းကြီးတစ်ခုလို့တောင် ထင်မှတ်မှားစေပါတယ်။ 

အခုပြောပြပေးခဲ့တာကတော့ နန်းတော်ကြီးတမျှခမ်းနားလှပပြီး တောက်ပနေတဲ့ Selena Gomez ရဲ့  Los Angeles  က အိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော ဒီလိုခမ်းနားလှပတဲ့အိမ်ကြီးကိုသာ ပိုင်ဆိုင်ရရင် ဘယ်လိုတန်ဖိုးကြီးဇိမ်ခံအသုံးအဆောင် ပစ္စည်းတွေထည့်ချင်လဲ? ဘယ်လိုပြောင်းလဲဖန်တီးမှုတွေ လုပ်ချင်ကြမလဲ။ ငွေကုန်ကြေးကျမများတဲ့ စိတ်ကူးယဉ်ကမ္ဘာလေးတွေတည်ဆောက်ကြည့်ကြပါဦး။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ကစားသမားဘဝမှအနားယူချိန်တွင် နေထိုင်ရန် ရည်ရွယ်တည်ဆောက်နေတဲ့ ရော်နယ်ဒိုရဲ့နေအိမ် တည်ဆောက်စရိတ် ပေါင် ၁၇ သန်းအထိကုန်ကျနေ

နာမည်ကျော် CELEBRITYတွေရဲ့ အမိုက်စား အိမ်ကြီးများ

ကမ္ဘာကျော်ဘောလုံးသမားတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး အိမ် ၅ လုံး

အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ

Posted By : Ra Wai (ShweProperty.com)