အိမ်ခြံမြေဈေးကွက်ဆိုတာ ကျွမ်းကျင်ပြီး စိတ်ချရတဲ့သူတွေနဲ့အလုပ်လုပ်မှ အဆင်ပြေချောမွေ့ပြီးကိုယ်လိုချင်တဲ့အိမ်၊ ကိုယ်လိုချင်တဲ့ဈေးအတိုင်းရမှာပဲဖြစ်ပါတယ် ။တစ်ချို့သူတွေက အိမ်ရောင်းချင်တာ၊ဝယ်ချင်တာပဲသိပြီး အရေးကြီးတဲ့အချက်အလက်တွေကို မေ့နေတတ်ပါတယ်။ ဒါကြောင့် အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

အိမ်ရောင်း၊အိမ်ဝယ်လုပ်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ?

(၁) အိမ်အရှုပ်အရှုင်းကင်းရဲ့လားလေ့လာပါ

ကိုယ်ဝယ်မယ့်အိမ်ဖြစ်ဖြစ် ရောင်းမယ့်အိမ်ဖြစ်ဖြစ် နောက်ကြောင်းရှင်းလင်းဖို့ လိုပါတယ်။နောက်ကြောင်းမရှင်း၊ အိမ်ပိုင်ရှင်အရှုပ်အထွေးတွေဖြစ်နေတဲ့အိမ်ကို ဝယ်မိရောင်းမိရင် နောင်တစ်ချိန် ပြဿနာတွေ၊အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဝယ်ခင်၊မရောင်းခင်ကတည်းက အိမ်ရဲ့နောက်ကြောင်းရှင်းလင်းရဲ့လား လေ့လာစုံစမ်းထားပါ။

(၂) ရောင်းမည့်၊ဝယ်မည့်သူကိုလေ့လာပါ

ကိုယ်ကဝယ်တဲ့အခါမှာလည်း ကိုယ့်ကိုအိမ်ရောင်းတဲ့သူဟာ ပိုင်ရှင်စစ်မှန်ရဲ့လား၊အထောက်အထားခိုင်လုံရဲ့လားစစ်ဆေးဖို့လိုသလို ကိုယ်ကရောင်းလိုက်တဲ့အခါမှာလည်း ပိုင်ရှင်အပြောင်းအလဲတွေရှိမရှိ၊ ဝယ်မယ့်သူရဲ့အချက်အလက်ခိုင်မာမှုရှိမရှိ လေ့လာပါ။ အဲ့ဒါမှ ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက် အဆင်ပြေမှာဖြစ်ပါတယ်။

(၃) နှစ်ဦးနှစ်ဖက်ကတိစာချုပ်ချုပ်ဆိုပါ

စကားနဲ့တင် စရန်သတ်လို့မရပါဘူး။ငွေအကြေမဟုတ်ပဲ စရန်ပေးချေတဲ့အခါမျိုးမှာလည်း ကတိစာချုပ်ချုပ်ဆိုဖို့လိုအပ်ပါတယ်။စာချုပ်ချုပ်ဆိုတဲ့အခါမှာလည်း နှစ်ဦးနှစ်ဖက်အချက်အလက်၊ အထောက်အထားမှန်ကန်မှုရှိမရှိစစ်ဆေးပါ။ အသိသက်သေများရှေ့မှာ လက်မှတ်ထိုးဆောင်ရွက်ပါ။



(၄) လိုအပ်တဲ့စာရွက်စာတမ်းများအကုန်တောင်းယူပါ

အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် အရေးကြီးဆုံးက စာရွက်စာတမ်းပါပဲ။ စာရွက်စာတမ်းစုံစုံလင်လင်ပိုင်ဆိုင်ထားမှ ဒီအိမ်ကိုကိုယ်ပိုင်တယ်ဆိုတာမျိုး သက်သေရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်း၊ ပိုင်ဆိုင်သင့်တဲ့စာရွက်စာတမ်းများအကုန်တောင်းယူပါ။

(၅)ကျွမ်းကျင်တဲ့အိမ်ခြံမြေအကျိုးဆောင်များနဲ့ဆောင်ရွက်ပါ

အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ကိုယ်က အိမ်ခြံမြေအကြောင်းဘယ်လောက်ပဲသိသိ အိမ်အရောင်းအဝယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အကျိုးဆောင်များနဲ့ အလုပ်တွဲလုပ်ပြီး ဝယ်ယူတာမျိုးက ပိုပြီးစိတ်ချယုံကြည်ရပါတယ်။ ဒါကြောင့် အိမ်အရောင်းအဝယ် လုပ်တော့မယ်ဆိုရင် ကိုယ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေထဲကဖြစ်စေ ၊ ပြင်ပကဖြစ်စေ အရည်အချင်းရှိပြီး စိတ်ချရတဲ့ ရှေ့နေ၊အကျိုးဆောင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ဒီအချက်လေးတွေကတော့ အိမ်အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ မိတ်ဆွေတို့ရော အိမ်အရောင်းအဝယ်လုပ်တာနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ဗဟုသုတလေးတွေ၊အ ရေးကြီးတာလေးတွေကို မျှဝေပေးခဲ့ပါဦးနော်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ထဲကိုလာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဘဏ်ချိတ်၊ အရစ်ကျစနစ်နဲ့ အိမ်ဝယ်မယ်ဆိုရင် ဒါတွေသိထားဖို့လို

အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေဖို့ အစီအရင်များ

Posted By : Ra Wai (ShweProperty.com)