မြန်မာနိုင်ငံရဲ့ တစ်ခတ်တစ်ခါက နာမည်ကြီး မော်ဒယ်မင်းသမီး ဖြစ်ခဲ့တဲ့ စမိုင်းလ် တို့ စုံတွဲဟာ မကြာသေးမီက အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒေါ်လာ ၁၆ သန်းတန် အိမ်ကြီးကို ဝယ်ယူလိုက်တဲ့ သတင်းဟာ မြန်မာနိုင်ငံတစ်ဝန်း ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး ဆိုရှယ်မီဒီယာ Search box တွေမှာ နေရာယူခဲ့ပါတယ်။ 





စမိုင်းလ် ဝယ်ယူခဲ့တဲ့ ဒေါ်လာ ၁၆ သန်းတန် စံအိမ်ကြီးဟာ စုစုပေါင်း ဧရိယာ ၂.၈၂  ဧက ကျယ်ဝန်းပြီး  ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဒိတ်ဒိတ်ကျဲ လူကုံထံ အိမ်ယာများ တည်ရှိရာ Hidden Hills မှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ လှပတဲ့ ရှုခင်းများနဲ့ ဖမ်းစားနိုင်တဲ့ တည်နေရာကြောင့် Hidden Hills ဟာ ဟောလီးဝုဒ်ကြယ်ပွင့်များနဲ့ သန်းကြွယ်သူဌေးများစွာရဲ့ နေထိုင်ဖို့ ရွေးချယ်လေ့ရှိကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ တည်ဆောက်မှု ဧရိယာကတော့ ၁၉၅၄၉  စတုရန်းပေ ရှိပြီး အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့ တန်ကြေးကတော့ ဒေါ်လာ ၁၆.၇ သန်း ဖြစ်ပါတယ်။ 







စမိုင်းလ်တို့ ဝယ်ယူလိုက်တဲ့ ဒီစံအိမ်ကြီးဟာ အလွန်ကိုပဲ ကြီးမားပါပြီး ဒီစံအိမ်ကြီးထဲမှာဆိုရင် လူချမ်းသာတို့ရဲ့ နေအိမ်ဆိုတဲ့အတိုင်း ဧည့်ခန်း၊ ဇိမ်ခံရုပ်ရှင်ရုံ၊ ဖက်ရှင်ခန်း၊ ရေကူးကန် ပါဝင်ပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၃ ခန်းထိ ထည့်သွင်းဆောက်လုပ်ထားပါတယ်။ နောက်ထပ်ဇိမ်ခံပစ္စည်း ပရိဘောဂများဖြစ်တဲ့ နှစ်ထပ် အားကစားရုံ၊ မှန်ဓာတ်လှေကား၊ ကား ၁၀ စီးစာ နေရာရှိတဲ့ မြေအောက်ကားဂိုဒေါင်၊ ပုံမှန်တိုက်ခန်း တစ်ခုစာထက် ပိုကြီးတဲ့ Master Bed room  များ၊ အဆင့်မြင့် လျှပ်စစ်ဓာတ်အားလိုင်း၊ အိမ်တွင်းအပူအအေးစနစ် နဲ့ လုံခြုံရေးစနစ်များ ပါဝင်ပြီး အဖြူနဲ့ ရွှေရောင် ရောစပ်ထားတဲ့ နံရံဆေးရောင်တွေကြောင့် အိမ်ရဲ့လှပမှုကို ပိုမိုခမ်းနားစေပါတယ်။ 







ဒီ Hidden Hills စံအိမ်ကြီးကို စမိုင်းလ်တို့ ဇနီးမောင်နှံထံ ရောင်းချခဲ့သူကတော့ နာမည်ကျော် youtuber နဲ့ မိတ်ကပ်ပညာရှင်ဖြစ်တဲ့ Jeffree Star ပဲ ဖြစ်ပါတယ်။ Jeffree Star ဟာ ဒီစံအိမ်ကြီးကို လွန်ခဲ့တဲ့ ၃ နှစ်က ဒေါ်လာ ၁၄.၆ သန်းနဲ့ ဝယ်ယူခဲ့ပြီး ဈေးကွက်ပေါက်ဈေး တက်လာပြီးနောက် ဒေါ်လာ ၁၆.၇ သန်းနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်တို့ စုံတွဲဟာ သန်းဆယ်ချီ တန်တဲ့ Hidden Hills အိမ်ကြီးကို မဝယ်ခင်က ဟောလီးဝုဒ်အနီး Beverly Hills မှာရှိတဲ့ ခေတ်မီဗီလာတစ်လုံးကိုလည်း ငှားရမ်းခဲ့ဖူးသလို  ၂၀၁၅ ခုနှစ် အစောပိုင်းကလည်း  အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Rancho Cucamonga မှာရှိတဲ့ အကြီးစားအိမ်ခြံမြေကို ဝယ်ယူခဲ့သေးတယ်လို့ သိရပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အလွန်ခေါင်းမာတဲ့ အိမ်ပိုင်ရှင်များ

ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး ဈေးအကြီးဆုံး အိမ်ကြီးများအကြောင်း

JOHNNY DEPP နဲ့ AMBER HEARD ရဲ့ အခင်းဖြစ်ပွားစဉ်က အိမ်ကြီးအကြောင်း

BILL GATES ရဲ့ နည်းပညာမြင့် အိမ်ကြီးအကြောင်း

Posted By : Ra Wai (ShweProperty.com)