ကိုကာလိုလာတစ်ဗူးရှိရုံနဲ့တင် သင့်အိမ်မှာဖြစ်နေတဲ့ သန့်ရှင်းရေးပြဿနာတွေကို လွယ်ကူသက်သာစွာနဲ့ဖြေရှင်းနိုင်ပြီဆိုတာ သင်သိပါသလား။ နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်.....
 
သံချေးတက်ခြင်း
 
သံချေးတက်တဲ့အရာတွေကို ကိုကာကိုလာထဲစိမ်လိုက်ရင် ဓာတ်ပြုပြီးတော့ သံချေးတွေကိုကျွတ်စေကာ အသစ်အတိုင်း ပြန်တောက်ပြောင်စေပါတယ်။ ဒါကတော့ တော်တော်များများသိပြီးတဲ့နည်းလမ်းလေးပါ။
 
လက်ဝတ်ရတနာတွေအတွက်
 
Fancy လက်ဝတ်ရတနာနဲ့ ငွေထည်ပစ္စည်းတွေ၊ 925 တွေ ချေးတက်ပြီး အရောငင်တွေမှိန်နေတာမျိုးဆိုရင်လည်း ကိုကာကိုလာအရည်ထဲ တစ်ညလောက်စိမ်ပေးထားရင် ပြန်တောက်ပြောင်လာစေမှာပါ။
 
 

 
အဝတ်တွေဆီပေတဲ့အခါ
 
စားပွဲခင်းတွေ၊ အဝတ်တွေမှာဆီတွေပေတ့အခါ ကိုကာကိုလာနဲ့ စိမ်ထားလိုက်ပါ။ အစအနတောင်ကျန်မှာမဟုတ်ပါဘူးတဲ့။
 
သွေးတွေစွန်းသွားတဲ့အခါ
 
ထိခိုက်ဒဏ်ရာရလို့ သွေးစွန်းသွားတဲ့ အဝတ်တွေဆိုရင်လည်း ကိုကာကိုကာနဲ့ စိမ်ပြီး အနည်းငယ် ပွတ်ပေးခြင်းဟာ ပြောင်စင်စေမှာပါ။
 

အိမ်သာကမုတ်တွေ
 
အိမ်သာကမုတ်ထဲက ချေးတွေနဲ့ အနံ့ဆိုးတွေကိုလည်း ကိုကာကိုလာက ဖျေဖျောက်ပေးနိုင်ပါသေးတယ်။ အိမ်သာထဲကို ကိုကာကိုလာလောင်းထည့်ပြီး ၁ နာရီလောက် အဖုံးပိတ်ထားလိုက်ပါ။ နောက် ရေဆွဲချပြီးတော့ သာမန်အိမ်သာတိုက်သလို တိုက်ပေးပါ။ ဖြူစင်တောက်ပြောင်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။
 
အိုးကပ်တာတွေကို
 
အိုးတူးတဲ့အခါ ဖြစ်လာတဲ့ အမည်းတွေကိုလည်း ကိုကာကိုလာစိမ်ထား၊ ပြီးရင် ပုံမှန်အတိုင်း ဆပ်ပြာနဲ့ပဲ တိုက်ချွတ်လိုက်တာနဲ့ ပြောင်စင်စေမှာပါ။
 
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
 
စီးကရက်အငွေ့ထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်တဲ့ အိမ်တွင်း လူသတ်သမား
 
အိမ်တိုင်းစိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ်ပင်တွေက ရရှိနိုင်တဲ့ဆန်းပြားတဲ့ အကျိုးကျေးဇူးများ
 
သင်မသိသေးတဲ့ အိမ်သုံးဆားရဲ့အခြားအသုံးဝင်မှုများ
 
သက်တမ်းကုန်ရက်ရှိကြောင်း သင်သတိမထားမိသည့် အိမ်သုံးပစ္စည်းများ
 
Credit  : Aunty May
Posted By : Sint Sint (ShweProperty.com)