များသောအားဖြင့် အစားအစာတွေနဲ့ဆေးဝါးတွေမှာသာ ဘယ်လောက်ကြာရင် သက်တမ်းကုန်တယ်ဆိုတဲ့ (expiration dates)ပါလေ့ရှိပါတယ်။ဒါပေမယ့် တစ်ချို့ပစ္စည်းတွေမှာ အဲ့ဒီလိုမပါပေမယ့် အချိန်ဘယ်လောက်အတိုင်းအတာ အထိသာအသုံးပြုသင့်ပြီး အချိန်အတိုင်းအတာတစ်ခုထိရောက်ရင် အသစ် လဲပေးသင့်တဲ့ ပစ္စည်းတစ်ချို့ရှိပါတယ်။အဲ့ဒါတွေကတော့..
 
(၁)ခေါင်းအုံး
 
နေ့စဉ်ညအိပ်ယာဝင်တိုင်း အသုံးပြုနေတဲ့ ခေါင်းအုံးတွေကို လူတော်တော် များ များက မပျက်စီးသေးသရွေ့ ထာဝရအသုံးပြုနိုင်တဲ့ ပစ္စည်းလို့ ထင်နေကြ ပြီး နှ စ်တော်တော်ကြာတဲ့ အထိအသုံးပြုနေကြတာတွေရှိပါတယ်။ ဒါဟာ တကယ်ေ တာ့မှားပါတယ်။ ခေါင်းအုံးတစ်လုံးကို (၂)နှစ်(ဒါမှမဟုတ်)(၃)နှစ်ထက် ပိုအ သုံးမပြုသင့်ပါဘူး။
 
(၂)အိမ်တွင်းစီးကွင်းထိုးဖိနပ်
 
ဒီလိုဖိနပ်တွေကိုလည်း မပြတ်မချင်းအသုံးပြုနေတာမျိုးမဖြစ်သင့်ပါဘူး။အိမ်တွင်း စီးကွင်း ထိုးဖိနပ်တွေမှာ မှိုတွေပေါက်ဖွား ပျံ့နှံ့တတ်ပါတယ်။ဒါကြောင့် သူတို့ကို (၆)လထက်ပိုအသုံးမပြုသင့်ပါဘူး။ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့လည်း လိုပါတယ်။
 
(၃)ရေမြှုပ်နဲ့ရေချိုးရာမှာ သုံးတဲ့အဖတ်(ပိုက်)
 
ရေချိုးရာမှာ အသုံးပြုတဲ့ ရေမြှုပ်နဲ့အဖတ်တွေဟာ မှိုနဲ့ဗက်တီးရီးယားတွေ ပေါက် ဖွားနေနိုင် တာေ ကြာင့် အကြာကြီးအသုံးမပြုသင့်ပါဘူး။ရေမြှုပ်ဆိုရင် (၂)ပတ်၊ ရိုးရိုးအဖတ် (ပိုက်)ဆိုရင်တော့ (၆)လကြာရင် တစ်ခါအသစ်လဲပေးရပါမယ်။ ကြားထဲမှာလည်း ပုံမှန်သန့်ရှင်းပေးသင့်ပြီး ရေနွေးပူပူထဲမှာ ဆူပွတ်အောင် တည်ပြီး သန့်ရှင်းပေးသင့်ပါတယ်။



(၄)တဘက်
 
ရေချိုးပြီးတိုင်း တဘက်ကို ပုံမှန်အခြောက်ခံလေ့ရှိတယ်ဆိုရင်တောင်မှ ဒီအချက် ကိုတော့ သိထားသင့်ပါတယ်။စိုထိုင်းထိုင်းဖြစ်နေတဲ့ တဘက်ဟာ ဗက်တီးရီး ယားတွေပေါက်ဖွားရန် အကြိုက်တွေ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် တဘက်ကိုပုံမှန်လျှော်ဖွပ်ပေးသင့်ပါတယ်။အသုံးပြုသင့်တဲ့ အချိန်အကန့်အ သတ်ကတော့ (၁)နှစ်မှ(၃)နှစ်ဖြစ်ပါတယ်။
 
(၅)သွားတိုက်တံ
 
သွားတိုက်တံဟာလည်း ပုံမှန်လဲပေးသင့်တဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသစ်ဝယ်ထားတဲ့ သွားတိုက်တံဟာ ပိုးသတ်ထားပြီးဖြစ်တာကြောင့် ပိုးမွှား ရန်က ကာကွယ်ပြီးဖြစ်ပေမယ့် အသုံးပြုတာများလာရင်တော့ ဒီအာနိသင် ဟာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒါကြောင့် (၃)လတစ်ခါလဲပေး သင့်ပါတယ်။
 
(၅)ဘီး
 
ဘီးကိုတစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ပုံမှန်သန့်ရှင်းပေးသင့်ပါ တယ်။အနည်းဆုံးတော့ (၇)လ(ဒါမှမဟုတ်)(၁၀)လကြာရင် အသစ်လဲပေးသင့် ပါတယ်။တစ်နှစ်ထက်ပိုပြီးတော့ အသုံးမပြုသင့်ပါဘူး။

(၆)ကလေးပစ္စည်း(ချိုလိမ်၊ကားထိုင်ခုံ)
 
ကလေးချိုလိမ်ပစ္စည်းမှာပါတဲ့ ရာဘာစေးဟာ အလွန်အန္တရာယ်များပါတယ်။ ပျက် စီးသွားခဲ့မယ်၊အက်ကွဲသွားခဲ့မယ်ဆိုရင် အထဲမှာ ပိုးမွှားတွေနေလို့ ကောင်းမ ယ့် နေရာတစ်ခုဖြစ်သွားမှာပါ။(၂)ပတ်(၅)ပတ်ထက် ပိုအသုံးမပြုသင့်ပါဘူး။ ကလေးထိုင်ခုံမှာဆိုရင်လည်း ပလတ်စတစ်နဲ့ရာဘာရေမြှုပ်ဟာ ကြာကြာအ သုံးပြုရင် ကလေးရဲ့ လုံခြုံရေးကို Save ဖြစ်နိုင်မှာမဟုတ်တာကြောင့် (၆)နှစ်ေ လာက်ကြာရင် အသစ်လဲပေးသင့်ပါတယ်။
 



(၇)ဘရာနဲ့ပြေးတဲ့ဖိနပ်
 
အမျိုးသမီးတွေဝတ်ဆင်နေကြဖြစ်တဲ့ ဘရာဟာလည်း ကြာကြာဝတ်ဆင်ရင်ဆန့်နိုင်ကျုံ့နိုင်တဲ့ ( elasticity)တွေလျော့ကုန်ကာ ချောင်ကုန်(သို့)ကြပ်ကုန် တာေ တွရှိတတ်ပါတယ်။ဒါကြောင့် (၁)နှစ်၊(၂)နှစ်ထက် ပိုမဝတ်သင့်ပါဘူး။ပြေးတဲ့ ဖိနပ်မှာပါတဲ့ အောက်ခံကူရှင်ဟာ ကြာလာရင် ပျက်စီးသွားနိုင်တာကြောင့် အဆစ်မှာ အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တာကြောင့် တစ်နှစ်ထက် ပိုမသုံး သင့်ပါဘူး။
 
(၈)ပိုးသတ်ဆေးဗူး၊ခြင်ဖြန်းဆေး
 
ပိုးသတ်ဆေးဗူးတွေရဲ့ အာနိသင်ဟာ ဖွင့်ပြီး သုံးလလောက်ကြာရင် ပျက်ပြယ် သွားနိုင်ပါတယ်။ဒါကြောင့် (၃)လထက်ပိုထားတာမျိုးမလုပ်သင့်ပဲ စနစ်တကျေ သချာလွှင့်ပစ်သင့်ပါတယ်။ခြင်ဖြန်းဆေးဗူးတွေစလည်း (၂)နှစ်ထက်ပိုအသုံးမပြု သင့်ပါဘူး။
 
 လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
သင်မထင်မှတ်ထားတဲ့ သက်တမ်းလွန်ပစ္စည်းများ အိမ်မှာရှိနေသလား
 
သင့်အိပ်ရာက ရောဂါတို့စုဝေးရာဘူမိနက်သန်နယ်မြေဖြစ်နေသည်ကို သင်သိပါသလား
 
အစွန်းဟူသမျှ ချွတ်ပေးနိုင်မည့် အိမ်တွင်းနည်းလမ်းများ
 
ကျန်းမာရေးကို ထင်မထားလောက်အောင်ထိခိုက်စေနိုင်တဲ့ အိမ်တိုင်းမှာရှိတတ်တဲ့အရာများ
 
Credit By: ShweMon
Posted By : Sint Sint (ShweProperty.com)