အိုးအိမ်တိုက်ခန်းကို ဝယ်ယူမည်ဆိုပါက ပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုဝယ်ယူရလဲ ၊ ဘယ်လို စာရွက်စာတမ်း တွေလိုအပ်သလဲဆိုတာ သိလိုသူများအတွက် - 

မိမိဝယ်ယူမည့်တိုက်ခန်းနှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ/မရှိနဲ့ အမည်ပေါက်မှန်မမှန်ကို ဝယ်ယူမည့် တိုက်ခန်းရဲ့ သက်ဆိုင်ရာ တိုင်း/ပြည်နယ်ရဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှာ Owner book၊ နေထိုင်ခွင့်ပြုကြောင်းချပေးထားတဲ့စာရွက်၊ အိုးအိမ်ကိုငွေသွင်းထားတဲ့ချလံနဲ့ အခြားပိုင်ဆိုင်မှုစာရွက်စာတမ်းများယူသွားပြီးတိုက်ဆိုင်စစ်ဆေးပါ။ တစ်ချို့အခန်းတွေက အိုးအိမ်ဘက်က ပြည်သူပိုင်သိမ်းထားတဲ့အခန်းဖြစ်နေတတ်လို့ အိုးအိမ်မှာ တိုက်ခန်းနဲ့ပတ်သက်ပြီး ကန့်ကွက်ထားသူရှိ/မရှိ အရှုပ်အရှင်းရှိ/မရှိ အိုးအိမ်ဌာနမှာမေးပါ။ အကုန်ကင်းရှင်းရင်တော့ စရန်ချပြီး သတင်းစာ ကြေငြာထည့်ပါ။ ကြေငြာထည့်ဖို့ မနှမြောပါနဲ့။ အဲ့ဒါမှ အမွေဆိုင်အရှုပ်အရှင်းတွေရှိမရှိ သေချာသိရမှာပါ။ အရှုပ်အရှင်းမပေါ်လာရင်တော့ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ်အရပ်ကတိစာချုပ်နဲ့ဝယ်လို့ရပါတယ်။ ဝယ်ပြီးတာနဲ့ တိုက်ခန်းကို လက်ရောက်ယူပါ။



တစ်ခါတည်း အမည်ပြောင်းလျှောက်ချင်တယ်ဆိုရင်တော့ Owner Book မှာ အမည်ပေါက်သူကို ခေါ်ယူပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ လိုက်ပါဆောင်ရွက်ခိုင်းပါ။ နောက်မှ အမည်ပြောင်းမယ်ဆိုရင်တော့တိုက်ခန်းအမည် ပေါက်သူဆီကနေ အရောင်း အဝယ်စာချုပ်ချုပ်ပြီးတာနဲ့ Special Power(SP)ယူထားလိုက်ပါ။ တချို့တိုက်ခန်းတွေက (၅) နှစ်အတွင်း အမည်ပြောင်းမရတဲ့အခန်းတွေရှိပါတယ်။ အဆိုပါအခန်းမျိုးဆိုလျင်တော့ (၅) နှစ်ပြည့်ပြီးမှသာ အမည်ပြောင်းလို့ ရမှာဖြစ်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

ဂရန်မြေ၊ ပါမစ်မြေ၊ စလစ်မြေကွက်များအကြောင်းသိကောင်းစရာ

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချလှူဒါန်းခြင်းသည် အတည်မဖြစ်ပါ

ကစားသမားဘဝမှအနားယူချိန်တွင် နေထိုင်ရန် ရည်ရွယ်တည်ဆောက်နေတဲ့ ရော်နယ်ဒိုရဲ့နေအိမ် တည်ဆောက်စရိတ် ပေါင် ၁၇ သန်းအထိကုန်ကျနေ

GYM မှာ ဆော့ကစားတဲ့ လေ့ကျင့်ခန်းများကို မိမိအိမ်မှာပဲ ဆော့ကစားလို့ရအောင် ဘယ်လိုလုပ်ရမလဲ

Credit By : စာချုပ်ရှေ့နေ (ဦးအောင်ဇေယျ)
Posted By : Ra Wai (ShweProperty.com)