လူသားတိုင်းရဲ့ အရေးကြီးတဲ့ ဘဝနေထိုင်မှုတွေထဲမှာ တကိုယ်ရည်သန့်ရှင်းရေး၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးစတာတွေက မဖြစ်မနေ လုပ်ဆောင်နေကြရတာပါ။ အဲဒီလို ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးလို့ဆိုရာမှာ တခြားဝေးဝေးကြည့်နေဖို့မလို ကိုယ် လက်ရှိနေထိုင်နေတဲ့ အိမ်ရဲ့သန့်ရှင်းရေးဟာ အဓိက ကျပါတယ်။ အဲဒီလို အိမ်သန့်ရှင်းရေးလုပ်ရတဲ့နေရာမှာ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် သန့်ရှင်းရေးလုပ်နိုင်မယ့် လျို့ဝှက်ချက်တွေက နေ့စဉ်သန့်ရှင်းရေးလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ အဲဒီလျှို့ဝှက်ချက်တွေက အင်မတန်လွယ်ကူပြီး လုပ်ရတာလည်း အံ့အားသင့်စရာ စိတ်ချမ်းသာစရာဖြစ်စေမှာပါ။

အဲဒါကတော့ မုန့်ဖုတ်ဆိုဒါမှုန့်ရဲ့ အစွမ်းပါပဲ။ အိမ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာတင်မက တခြားဘယ်လိုနေရာတွေမှာပါ မုန့်ဖုတ်ဆိုဒါမှုန့်ရဲ့ အစွမ်းက ဘယ်လောက်ထိအောင် အသုံးဝင်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။



ပထမအချက်ကတော့ မုန့်ဖုတ်တဲ့ဆိုဒါမှုန့်ကို အိမ်သာသန့်ရှင်းရေးနဲ့ ပိုးသတ်တဲ့နေရာမှာ သုံးလို့ရပါတယ်။

ဒုတိယတချက်အနေနဲ့ ဆိုဒါမှုန့်ကို လက်ဆေးဇလုံ(ဘေစင်)ရဲ့ရေထွက်ပေါက်မှာ ဖြူးပေးရင် ရေဆင်းကောင်းမွန်စေပါတယ်။

တတိယအချက်အနေနဲ့ မုန့်ဖုန့်ဆိုဒါမှုန့်ဟာ သန့်ရှင်းရေးအတွက်တင်သာမက မိမိရဲ့ အရေပြားကျန်းမာရေးအတွက်ပါ အသုံးဝင်နေတာကို တွေ့ရပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ပျားရည်ရောစပ်ပြီး မျက်နှာမှာ ကပ်ပေးခြင်းဖြင့် အသားအရည်လျော့တွဲတာကို တင်းရင်းစိုပြေလှပစေပါတယ်။

စတုတ္ထတချက်ကတော့ ကော်ဇောအဟောင်းတွေ အရောင်မှိန်ပြီးအနံ့စွဲနေတယ်ဆိုရင် မုန့်ဖုတ်ဆိုဒါဖြူးပေးပြီး ဖုန်စုပ်စက်နဲ့သန့်ရှင်းပေးရင် ကောဇောအသစ်ကဲ့သို့ ပြောင်စင်သန့်ရှင်းသွားပါလိမ့်မယ်။

ပဉ္စမအချက်အနေနဲ့ မုန့်ဖုတ်ဆိုဒါကို ရှောက်ရည်၊ အုန်းဆီတို့နဲ့ရောစပ်ဖျော်ကာ အဆိုပါအရည်ဖြင့် အရောင်ကျပြီး အိုဟောင်းနေတဲ့ ငွေနဲ့ပြုလုပ်ထားတဲ့လက်ဝတ်ရတနာများကို တိုက်ပေးခြင်းဖြင့် ပိုမိုတောက်ပြောင်သန့်စင်လာစေနိုင် ပါတယ်။

ကြွေပြားခင်းကြမ်းပြင်တွေကိုလည်း မုန့်ဖုတ်ဆိုဒါနဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒြပ်နှောအရည်ဖြင့် ရောစပ်ပြီး သန့်ရှင်းပေးရင် အရောင်ပိုလက်လာစေမှာပါ။



ကြွေပြားကပ်နံရံတွေကို မုန့်ဖုတ်ဆိုဒါမှုန့်အား ဗီနီကာ(ရှာလကာရည်)ရောစပ်ပြီး ပွတ်တိုက်ပေးရင်လည်း သန့်ရှင်းတောက်ပြောင်လာစေနိုင်ပါတယ်။

ဆိုဒါမှုန့်အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ရောစပ်ကာ ခြေထောက်ကို အဆိုပါ ရေစိမ်ပေးခြင်းဖြင့်လည်း အကောင်းဆုံး ကျန်းမာလန်းဆန်းမှုကို ရရှိစေနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါကို ရှောက်ရည်နဲ့ရောပြီး သွားသန့်ရှင်းရေးမှာ အသုံးပြုခြင်းဖြင့် သွားများ ဖြူဖွေးတောက်ပြောင်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးတချက်အနေနဲ့ကတော့ မုန့်ဖုတ်ဆိုဒါနဲ့သံလွင်ဆီရောစပ်ပြီး အရေပြားပေါ်လိမ်းပေးခြင်းဖြင့်လည်း စိုပြေဝင်းလက်စေပြီး ဆဲလ်အသေတွေ ဖယ်ရှားပေးနိုင်ပါတယ်။

ဒီလျှို့ဝှက်နည်းလမ်းတွေကတော့ သင့်ရဲ့နေ့စဉ်ဘဝကို အထောက်အကူပြုစေနိုင်မှာ မလွဲပါဘူး။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ

သင့်အိမ်မှာ လျှပ်စစ်အန္တရာယ်မဖြစ်အောင် မီးပလပ်ပေါက်နဲ့ မီးခလုတ်တွေကို ဘယ်လိုထားမလဲ?

အိမ်ကပိုးတွေကို တာ့တာလုပ်လိုက်ပါ

မီးဖိုချောင်ထဲက အန္တရာယ်ရှိသောပစ္စည်းများ

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

Credit By:  burma.irrawaddy
Posted By : Ra Wai, ShweProperty.com