မြေကွက် ပိုင်ဆိုင်မှုအမျိုးမျိုး ရှိတဲ့ အထဲမှာမှ ဂရမ်မြေဟာလည်း ခိုင်မာတဲ့ မြေကွက်ပိုင်ဆိုင်မှု အထောက်အထားတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဂရန်မြေအကြောင်းကို သေချာ ခွဲခွဲခြားခြား မသိတဲ့အခါ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်စို့နော်။

ဂရမ်မြေဆိုတာ ဘာလဲ?
 
 မြို့မြေများမှာ လူနေထိုင်ရန်အတွက် ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ တစ်နည်းနည်းနဲ့ အသုံး ပြုလိုရင် အစိုးရ ထံကနေ မြေငှား စာချုပ် နဲ့ မြေငှါးရမ်း သုံးစွဲခွင့် လျှောက်ထားရပါတယ်။ အဲဒီ့နေရာမှာ မြေငှား စာချုပ် ကို ဂရန် (Lease) နဲ့ အပိုင် သဘောမျိုး ချထားပေးတဲ့ ဂရန်မြေ ( Grant )ဆိုပြီးစ ၂ မျိုးရှိပါတယ်။ ပုံစံ ၂ မျိုးလုံးဟာ ဂရမ်ဆိုတဲ့ အမည်အောက်မှာ ရှိပေမယ့် လူပြောများနေတဲ့ ဂရမ်မြေဆိုတာကတော့ အစိုးရ စည်ပင်သာယာရေးကော်မတီမှ တရားဝင် နှစ်(၃၀)၊ နှစ်(၆၀)၊ နှစ်(၉၀)စသဖြင့် အဌားချထားတဲ့ ( Lease ) ဂရန် မြေကွက်များကို ဆိုလိုပါတယ်။ 

အငှားချထားတဲ့ မြေကွက်များ ဆိုတာဟာ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိက များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းများအတွက်ဖြစ်ပြီး ငှားရမ်းဖို့အတွက် သက်ဆိုင်ရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီ့အခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင ်ရွက်ခြင်း၊ အမှုတွဲကို ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ် -မဟုတ် နဲ့ မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်ပါတယ်။ 

အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက  မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နဲ့ အစိုးရမှ ချထားပေးနိုင်တဲ့ မြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ၊ မရှိ နဲ့ အစိုးရ အဆောက်အဦးနဲ့ အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။ 



ဂရန် ထုတ်ပေးတာကတော့ ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်တာကြောင့် ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ 

ဒါပေမယ့် မြေစရင်းက စနစ်တကျ မစိစစ်ဘဲ အလွယ်တကူ အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ စတာတွေကို ဂရန်ချထားပေးဖို့ ထောက်ခံခဲ့မယ်ဆိုရင် အရှုပ်အရှင်းတွေ များစွာ ပေါ်ပေါက်လာနိုင်ပြီး အရေးယူခံရခြင်း ဖြစ်စဉ်တွေ ဖြစ်လာနိုင်ပါတယ်။ 

နောက်ပြီး တစ်ချက်သတိထားရမှာက အထက်မှာ ပြောခဲ့သလို ဂရမ်မြေတွေဟာ သူ့သက်တမ်းနဲ့သူ ရှိတာကြောင့် သက်တမ်းကုန်မှသာ နောက်ထပ်အသုံးပြုလိုသူကို ငှားရမ်းမှု ပြုလုပ်နိုင်ပြီး လက်ကျန်သက်တမ်း မကုန်ခင်မှာ ငှားရမ်းမှု ပြုလုပ်မယ်ဆိုရင်တော့ ဥပဒေနဲ့ ငြိသွားပြီး အရေးယူ ခံရနိုင်ပါတယ်။ 

ထပ်ဆောင်းသတိထားစရာ

အပိုင်ချထားတဲ့ ဂရမ်မြေရဲ့ ပိုင်ရှင်တစ်ဦး အနေနဲ့ မြေကွက်ကိုရောင်းချခြင်း၊ ဌားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အမွေပေးခြင်းတို့ ပြုလုပ်နိုင်ပေမယ့် ဒါဟာ ပိုင်ရှင် သက်ရှိထင်ရှားနေသရွေ့သာ အကျိုး တက်ရောက်မှုရှိပြီး ပိုင်ရှင်ကွယ်လွန်သွားရင်တော့ အကျိုးပျက်ပြယ်သွားမှာကို အထူးသတိ ပြုသင့်ပါတယ်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်၊မြေမှာ ငွေကြေးမြှုပ်နှံထားမယ်ဆိုရင် ရမယ့် အကျိုးကျေးဇူးများ

အိမ်၊ခြံ၊မြေ အမြန်ရောင်းထွက်စေဖို့ အစီအရင်များ

မသိသူကျော်သွား၊ သိသူဖော်စား အိမ်တန်ဖိုး ပိုမြင့်စေမယ့် လျို့ဝှက်ချက်များ

ရွာမြေနဲ့ ဥယျာဉ်ခြံမြေရဲ့ ကွာခြားချက်ကို သိပြီးပြီလား

Posted By : Ra Wai (ShweProperty.com)