အာနိုးကြီးလို့ဆိုလိုက်ရင် ငယ်ငယ်ကတည်းက ရပ်ကွက်ထဲက ဗီဒီယိုရုံရှေ့သွားမော့​ပြီး အာနိုးကြီးရဲ့ အကြမ်းအရမ်း အက်ရှင်ဇာတ်ကားတွေကို စောင့်ကြည့်ခဲ့ရဖူးချိန်တွေကစလို့ Netflix မှာ အာနိုးရဲ့ ရုပ်ရှင်တွေပြန်ရှာကြည့်ဖူးတဲ့အထိအချိန်တွေက မျက်စိရှေ့တဖျပ်ဖျပ်ပြန်ပေါ်လာဆဲပါပဲ။ ကြွက်သားအဖုအထစ်တွေ၊ အကြမ်းအရမ်း ဖိုက်တင်ပလေးခန်းတွေနဲ့ ကမ္ဘာ့ထိပ်တန်းမင်းသားကြီးတစ်ဦးဖြစ်တဲ့ အာနိုးကြီးဟာ အပြင်ဘဝမှာ​တော့ တိလေးတွေကို ချစ်မြတ်နိုးတတ်တဲ့သူ၊ ကြင်နာတတ်ပြီး သဘောကောင်းတဲ့အပြင် ရိုးသားကြိုးစားတဲ့ မင်းသားကြီးဖြစ်ပါတယ်။ ဒီနေ့တော့ အာနိုးကြိီးရဲ့ LA က အမေရိကန်ဒေါ်လာ (၁၁) သန်းကျော်တန် ဇိမ်ခံအိမ်ကြီးအကြောင်းဖော်ပြပေးချင်ပါတယ်။

အိမ်တည်နေရာ

အာနိုးကြီးရဲ့LA အိမ်ဟာ  Los Angeles, California က Sunset Boulevard လို့ခေါ်တဲ့ ရပ်ကွက်မှာ တည်ရှိပြီး Arnold Schwarzenegger နဲ့ သူ့ဇနီးဟောင်း Maria Shriver အတူတူပိုင်ဆိုင်တဲ့အိမ်ဖြစ်ပါတယ်။ Sunset Boulv​ard ဟာ ဒိတ်ဒိတ်ကြဲ အမတ်တွေ၊ မင်းသား၊မင်းသမီးတွေ ပိုင်ဆိုင်တဲ့ အိမ်တွေချည်းပဲ ရှိတဲ့ ရပ်ကွက်ငယ်လေးဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံအိမ် (၁၆) အိမ်စုထားတဲ့ ရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ 



အိမ်တည်ဆောက်ပုံ 

အာနိုးရဲ့ခြံနဲ့အိမ်ကြီးဟာ Will Rogers Historic Park နဲ့ Canyon Creekကြားမှာ တည်ရှိပြီး အိမ်ချည်းပဲ (၄၁၁၇) စတုရန်းပေကျယ်ဝန်းပါတယ်။ ဒီအိမ်ကြီးကို New England နဲ့ Californai ဟန် ရောစပ်တည်ဆောက်ထားပြီး အနားမှာ စိမ်းစိုနေတဲ့ ပန်းခြံတွေ၊ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ တောင်တက်လမ်းတွေ၊ လူသွားလမ်းတံတားလေးတွေနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင် မြေနေရာတွေ ဝန်းရံထားတာတွေ့ရမှာပါ။



အိမ်အတွင်းပိုင်း 

အာနိုးကြီးရဲ့အိမ်အတွင်းပိုင်းကတော့ အိပ်ခန် (၅) ခန်း၊ ရေချိုးခန်း (၆) ခန်း ပါရှိတဲ့အပြင် ချွေးထုတ်ခန်း၊ spa၊ ရေကူးကန်၊ တင်းနစ်ကွင်း တွေ လည်း ပါရှိပါသေးတယ်။ ရေကူးကန်ကြီးဆိုရင် သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်ရေကန်လို အငွေ့အသက်မျိုးရအောင် ဖန်တီးထား​ပြီး ရေကူးကန်ရဲ့ ဘေးနှုတ်ခမ်းကိုကျောက်စရစ်ခဲတွေနဲ့ အလှဆင်ထားတာကို ရင်သပ်ရှု့မောဖွယ် မြင်ရမှာဖြစ်ပါတယ်။ အာနိုးဟာ အိမ်အတွင်းပိုင်းကိုတော့ ဥရောပအိမ်တွေရဲ့အငွေ့အသက်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ အလင်းရောင်များများဝင်အောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ 



ဒီအိမ်ကြီးရှိတဲ့ ရပ်ကွက်ဟာ ဟောလိဝုဒ် အနုပညာရှင်တွေနေထိုင်ရာ ရပ်ကွက်ဖြစ်ခဲ့ပြီး ဒီရပ်ကွက်မှာ Steven Spielberg၊ Tom Hanks၊ Rita Wilson၊ Matt Damon၊ Ben Affleck စတဲ့ ဟောလိဝုဒ်စတားတွေလည်း အိမ်တွေအသီးသီးဝယ်ယူနေထိုင်ဖူးတယ်လို့ သိရပါတယ်။ 

အခုပြောပြသွားတာကတော့ အာနိုးကြီးရဲ့ ပရိသတ်တွေအတွက် အာနိုးရဲ့ LA က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံအိမ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

LIONEL MESSI ရဲ့ ယူရို (5) သန်းခွဲတန် အိပ်မက်ဆန်သော ကမ်းခြေအိမ်ကြီးသို့ အလည်တစ်ခေါက်

BRAD PITT ရဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒေါ်လာ သန်း (၄၀) တန် ရှေးဟောင်းအိမ်ကြီးအကြောင်း

ALIA လေးရဲ့ အမိုက်စားအပြင်အဆင်နဲ့ အိမ်ကြီးကို အလည်တစ်ခေါက်

SELENA GOMEZ နဲ့ HAILEY BIEBER ဘယ်သူက ပိုကြီးကျယ်ခမ်းနားတဲ့အိမ်ကို ပိုင်ဆိုင်ထားလဲ

Posted By : Ra Wai (ShweProperty.com)