“အိမ်ဆိုတာ ဝိညာဉ်မရှိတဲ့ အဆောက်အဦးတစ်ခု သီးသန့်မဟုတ်ပါဘူး၊ အိမ်ဆိုတာ လူတစ်ယောက်ရဲ့နားခိုရာ နွေးထွေးရာ စိတ်လုံခြုံတဲ့ ကိုယ်ပိုင်သီးသန့်နယ်မြေတစ်ခုပါ” တဲ့။ 

ဒီနေ့တော့ Shwe Property ပရိသတ်တွေအတွက် ကမ္ဘာကျော် ကြယ်ပွင့်တွေဖြစ်ပြီး မီဒီယာတွေထက်မှာ အမြဲတမ်း နှိုင်းယှဉ်ဖော်ပြခံရနေတဲ့ Selena Gomez နဲ့ Haliey Bieber တို့ရဲ့ Luxury စံအိမ်ကြီးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ 

အိမ်အကြောင်းမပြောခင် Selena နဲ့ Hailey ရဲ့ ရာဇဝင်ကို ပြောရရင်တော့ Selena Gomez ဟာ Justin Bieber နဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကြာအောင် ချစ်ကြိုက်ခဲ့သူဖြစ်ပြီး Haliey ကတော့ Justin Bieber နဲ့ Selena နဲ့လမ်းခွဲပြီးမှ နှစ်လအတွင်း Justin Bieber နဲ့ ချစ်သူဖြစ်ပြီး လက်ထပ်သွားတဲ့ မော်ဒယ်တစ်ဦးပါ။ 

 Selena နဲ့ Haliey ဟာ ဝင်ငွေကောင်းတဲ့ ကြယ်ပွင့်တွေပီပီ သူတို့နေထိုင်တဲ့ စံအိမ်ကြီးတွေကလည်း ခမ်းနားကြီးကျယ်လှပါတယ်။ 

Selena Gomez နဲ့ Hailey Bieber ဘယ်သူက ပိုကြီးကျယ်ခမ်းနားတဲ့အိမ်ကို ပိုင်ဆိုင်ထားလဲဆိုတာ ကြည့်လိုက်ရအောင်
 
အရင်ဆုံး Hailey ရဲ့ ကယ်လီဖိုးနီးယား Beverly Hills က စံအိမ်ကြီးကိုသွားလည်ကြည့်ရအောင်နော်။ 



Hailey ရဲ့စံအိမ်ကြီးကို Justin Bieber က ဒေါ်လာ (၈.၅) သန်းနဲ့ ဝယ်ယူပေးခဲ့တာဖြစ်ပြီး စတုရန်းပေ ၁၁၅၀၀ အကျယ်အဝန်းရှိတဲ့ အိမ်ကြီးအတွင်းမှာဆိုရင် ခမ်းနားကြီးကျယ်လှတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဒီဇိုင်းအလှဆင်ဖန်တီးထားတာပဲဖြစ်ပါတယ်။



အပြင်ဘက်က ကြည့်လိုက်တာနဲ့ အေးချမ်းဆိတ်ငြိမ်ပြီး Luxury ဆန်တဲ့ အတွင်းပိုင်း Decoration တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိသာနေတဲ့ Hailey ရဲ့အိမ်ကြီးမှာ လှပခမ်းနားပြီးခေတ်ဆန်တဲ့လှေကားကြီးနဲ့အတူ အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၀ ခန်း ၊ စာကြည့်ခန်း၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်တစ်ခုအလား ခမ်းနားပြည့်စုံတဲ့ထမင်းစားခန်း၊ ကျယ်ဝန်းလှတဲ့နေရာလွတ်တွေများစွာနဲ့ အားကစားခန်းမတစ်ခု ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေချိုးခန်းတွေမှာဆိုရင်လည်း ကြမ်းပြင်ကို အပူခံကျောက်ပြားတွေနဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

ဒါကတော့ ကြီးကျယ်ခမ်းနားလှတဲ့ Hailey Bieber ရဲ့ ဇိမ်ခံအိမ်ကြီး အကြောင်းပါ။

နောက်ထပ်နန်းတော်ကြီးသဖွယ် ခမ်းနားတဲ့စံအိမ်ကြီးကတော့ Selena Gomez ရဲ့အိမ်ကြီးပဲဖြစ်ပါတယ်။



Los Angeles ရဲ့ San Fernando Valley မှာရှိတဲ့ Selena Gomez  ကိုယ်တိုင်ဝယ်ယူထားတဲ့ အိမ်ကြီးဟာဆိုရင် စတုရန်းပေ (၁၁၅၀၀) အကျယ်အဝန်းရှိပြီး ဒေါ်လာ (၄.၉) သန်းတန်ဖိုးရှိပါတယ်။

အိမ်နံရံတွေဟာ ထူးခြားလှပတဲ့ကျောက်သားတွေနဲ့တည်ဆောက်ထားပြီး အိမ်ကြီးရဲ့အတွင်းမှာဆိုရင် အိပ်ခန်း (၆) ခန်း၊ ရေချိုးခန်း (၁၀) ခန်း ဖွဲ့စည်းထားပါတယ်။ အနောက်ဘက်မှာဆိုရင်တော့ သစ်ပင်ပန်းပင်လေးတွေနဲ့ အပန်းဖြေအနားယူနိုင်မယ့် ခြံဝန်းလေးကိုမြင်တွေ့ရမှာဖြစ်ပြီး သစ်တောအုပ်လေးသဖွယ် စမ်းချောင်းလေးတွေလည်း ဖန်တီးထားတာမျိုးလည်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကျယ်ဝန်းတဲ့ရေကူးကန်ကြီးမှာလည်း အပန်းဖြေအနားယူနိုင်ပါသေးတယ်။

နားနေဆောင်ဧည့်ခန်းဟာဆိုရင်လည်း ကျယ်ဝန်းပြီး ရေချိုးခန်းဟာလည်း အခန်းတစ်ခန်းအလား တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတာကိုမြင်တွေ့ရပါတယ်။



Selena Gomez ရဲ့အိမ်ကြီးကို (၁၉၈၉) ခုနှစ်တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး မူလပိုင်ရှင်ဟာ အဆိုတော် Tom Petty ဖြစ်တယ်လို့လည်းသိရပါတယ်။ Selena Gomez  က  ပြန်လည်ဝယ်ယူခဲ့တာဖြစ်ပြီး အိမ်ကြီးထဲမှာ အလင်းရောင်ကောင်းကောင်းရပြီး သီးသန့်အနားယူနိုင်မယ့် ဆိတ်ငြိမ်တဲ့နေရာလေးတွေလည်း များစွာရှိပါတယ်။ အပြင်ဘက်ခြံဝန်းကလည်း ကျယ်ဝန်းပြီး  သာယာလှပတဲ့ရှုခင်းတွေကို ခံစားကြည့်ရှုနိုင်ဖို့ ဒန်းလေးလည်းအလှဆင်ထားတာမြင်တွေ့ရမှာပါ။

ဒါကတော့ အေးချမ်းပြီး ခမ်းနားလှတဲ့ Selena Gomez  ရဲ့စံအိမ်ကြီးပဲဖြစ်ပါတယ်။

စာဖတ်သူတွေရော Selena Gomez နဲ့ Hailey Bieber ဘယ်သူကပိုပြီး ကြီးကျယ်ခမ်းနားလှပတဲ့ ဇိမ်ခံအိမ်ကြီးကို ပိုင်ဆိုင်ထားတယ်လို့ ထင်မိလဲ။ 

နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ

ဗိုလ်ကြီးတို့စုံတွဲ HYUN BIN နဲ့ SON YE JIN ရဲ့ မင်္ဂလာဦးအိမ်ကြီးကို အလည်သွားကြမယ်

လီမင်ဟိုပိုင်ဆိုင်တဲ့ US $4 သန်းကျော်တန်အိမ်ကြီးကို အလည်တစ်ခေါက်

စော်ကြည်ဘဲ LEONARDO ပိုင်ဆိုင်တဲ့ဒေါ်လာသန်းကျော်တန် အိမ်ကြီးတွေအကြောင်း

ကမ္ဘာ့အဝယ်လိုက်ဆုံး အိမ်ကြီးတွေအကြောင်း

Posted By : Ra Wai (ShweProperty.com)